backup og meta

23 လ အရွယ်ကလေးငယ်

23 လ အရွယ်ကလေးငယ်

23 လအရွယ်ကလေးငယ်

လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

သင့်ကလေးငယ်ဟာ တစ်နေ့မှာ စကားလုံးအသစ် ဆယ်လုံးလောက်ကို သင်ယူနေပြီ ဖြစ်ပါတယ်။ သင့်ကလေး အသက်နှစ်နှစ်ဝန်းကျင်ရောက်တဲ့အခါမှာ မျှော်လင့်ထားနိုင်တဲ့ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• စကားလုံး နှစ်လုံးကနေ လေးလုံးအထိ ပါတဲ့ စာကြောင်းများ

• ရိုးစင်းတဲ့ သီချင်းတွေ ဆိုခြင်း

• ရိုးစင်းတဲ့ ညွှန်ကြားချက်တွေ လိုက်နာခြင်း

• နာမ်စားတွေကို မှန်ကန်စွာ မဟုတ်ရင်တောင် အသုံးပြုနိုင်ခြင်း

• စကားပြောဆိုခြင်းတွေမှာ ကြားတဲ့ စကားတွေကို ပြန်ပြောနိုင်ခြင်း

• လူတွေ၊ အရာဝတ္ထုတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှတ်မိခြင်း။

တကယ်လို့ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုဟာ သူ့ရဲ့ ပထမနှစ်နဲ့ ယှဉ်ရင် ကျဆင်းလာနိုင်ပါတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ သူ့အသက်တစ်နှစ်မှာ ကိုယ်အလေးချိန် သုံးဆတိုးလာပေမယ့် အသက်နှစ်နှစ်အရွယ်မှာတော့ ၁.၄ ကီလိုကနေ ၂.၂ ကီလိုအထိသာ ရှိနိုင်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ သင့်ရဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ကလေးသေးသေးလေးနဲ့ မတူတော့ပဲ မတ်မတ်ရပ်ခြင်း၊ လျှောက်သွားခြင်း၊ လှုပ်ရှားခြင်း၊ ကလေးငယ်အဆီတွေ ပျော်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။

သူ့ကိုယ်ခန္ဓါ ထိန်းသိမ်းပုံနဲ့ လှုပ်ရှားပုံတွေဟာလည်း ကွာခြားမှု ရှိနိုင်ပါတယ်။ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေရဲ့ လှုပ်ရှားမှုတွေဟာ ပိုမို ပြေပြစ်လာပြီး ညှိနှိုင်းမှု ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ သင့်ကလေးငယ်ရဲ့ ၂ နှစ်မွေးနေ့မှာ ကလေးငယ်အများစုဟာ အရုပ်တွေကို နောက်မှာ ဝှက်ထားခြင်း၊ လမ်းလျှောက်စဉ်မှာ ပစ္စည်းတွေ သယ်ဆောင်ခြင်းနဲ့ ပြေးခြင်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သင်မထင်ထားတဲ့ နေရာတွေကိုလည်း ရောက်သွားနိုင်ပါတယ်။ သူဟာ ခွေးခြေခုံ၊ စားပွဲနဲ့ ကောင်တာတွေပေါ် တက်နေနိုင်ပြီး အရင်က စိတ်မဝင်စားခဲ့တဲ့ ဘူးတွေကို ဖွင့်ခြင်း၊ အန္တရာယ်ရှိတဲ့ နေရာတွေကို (ရေကူးကန်၊ ရေပုံး) သင်ထင်ထားတာထက် မြန်မြန်ရောက်သွားနိုင်ပါတယ်။

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

သင့်ကလေးငယ်ကို စကားပြောပြီး စကားလုံးအသစ်သုံးနှုန်းခြင်းတွေကို အားပေးဖို့အတွက် အောက်ပါအချက်တွေ လုပ်ပေးနိုင်ပါတယ်။

• စာအုပ်အစုံ ဖတ်ပြပါ။ စာအုပ်တွေဟာ သင့်ကလေးငယ်ကို စကားလုံး ရွေးချယ်မှု တိုးတက်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

• သင့်ကလေးငယ်ရဲ့ စကားလုံးတွေကို စာကြောင်းတွေအဖြစ် ပြောင်းပေးပါ။ ဒါဟာ သင့်ကလေးငယ်က နို့ ဆိုပြီး ပြောရင် သူဟာ သူ့ခွက်ထဲမှာ နို့ပိုလိုချင်တယ်ဆိုမျိုး ပြောပြသင့်ပါတယ်။

• စာအတူ ဖတ်ပြမယ်ဆိုရင် သင့်ကလေးငယ်ကို စာအုပ်အကြောင်း မေးမြန်းခြင်းအားဖြင့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ စာအုပ်ထဲမှာ ပါတဲ့ ပုံတွေကို ညွှန်ပြပြီး ဒါဘာအရာဝတ္ထုလဲဆိုတာကို မေးမြန်းနိုင်ပါတယ်။

• လမ်းလျှောက်ရင်း၊ ကားမောင်းရင်းနဲ့ တွေ့တဲ့ အရာဝတ္ထုတစ်ခုကို ညွှန်ပြပြီး သင့်ကလေးကို ဘယ်အရာဝတ္ထုလဲဆိုတာကို မေးမြန်းနိုင်ပါတယ်။

တစ်ယောက်တည်းပြောနေတဲ့ အခြေအနေမျိုး ဖြစ်နေရင်တောင် သင့်ကလေးငယ်နဲ့ အဆက်မပြတ် စကားပြောနေသင့်ပါတယ်။

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ မတူညီနိုင်ပါဘူး။ တကယ်လို့ သူတို့ရဲ့ အမူအရာ၊ အစားအသောက်နဲ့ အိပ်တဲ့ အကျင့်တွေမှာ ပြောင်းလဲမှုတွေရှိတယ်ဆိုရင် စိုးရိမ်သင့်ကာ တကယ်လို့ သေးငယ်တဲ့ အရာလို့ ယူဆရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

သင့်ကလေးမှာ separation anxiety ရှိခြင်းကို သတိထားမိနိုင်ပါတယ်။ ဒီအချိန်တွေဟာ ဖြစ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန်ပဲ ဆိုတာသိထားသင့်ပြီး ဖြစ်စေတဲ့ အကြောင်းတွေတော့ ရှိပါတယ်။ ဒီအကြောင်းရင်းတွေကတော့ ကလေးထိန်းအသစ်ဖြစ်ခြင်း၊ မိသားစုအတွင်း မောင်နှမ အသစ်ရခြင်း၊ သူမပါပဲ သင်တို့ဟာ ပျော်ရွှင်စရာ တစ်ခုခုကို လုပ်နေမယ်လို့ ထင်ခြင်း တွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကတော့ ညင်သာစွာ နှုတ်ဆက်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးကို နှုတ်မဆက်ပဲ မသွားသင့်ပါဘူး။ ဒါဟာ အခြေအနေကို ပိုဆိုးစေပြီး ကလေးက သူ့ကို ပစ်သွားတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင့်ကလေးဟာ ဒီ separation anxiety ကို ကျော်လွှားနိုင်ပါတယ်။ တိုးတက်မှုတွေ မရှိရင်တော့ သင့်ဆရာဝန်ကို သိစေသင့်ပါတယ်။ သင့်ဆရာဝန်က ဖြစ်စေတဲ့ အရာတွေကို သိရှိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

သင့်ကလေးဟာ အထူးသဖြင့် စူပါ မားကတ်၊ လေယာဉ်ပံျ၊ စားသောက်ဆိုင် အစရှိတဲ့ လူများတဲ့နေရာတွေမှာ ထူးဆန်းစွာ ပြုမူခြင်းကြောင့် သင်စိတ်ပူနိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသစိတ်ဟာ ခန့်မှန်းရခက်ပါတယ်။ တခါတရံမှာ သင်က ဒါကို ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ထင်နေပေမယ့် ဒါဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ကလေးကို သူတို့ရဲ့ အပြုအမူတွေဟာ မသင့်လျော်ဘူးလို့ ပြောပြရင် သူတို့ဟာ အစပိုင်းမှာ လက်မခံနိုင် ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နားလည်လာမှာ ဖြစ်ပါတယ်။

ပင်ပန်းခြင်း (သို့) ဗိုက်ဆာခြင်းတွေဟာလည်း ကလေးငယ်ကို စိတ်တိုစေပါတယ်။ သင့်ကလေးဟာ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် လူတွေကြားထဲမှာ ကလေးအော်ခြင်းကို ထိန်းချုပ်ဖို့ တစ်ခုခု ပြုလုပ်သင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ မုန့်ထည့်ထားနိုင်ပြီး သင့်ကလေးငယ်ကို နေ့လည်အိပ်ချိန်မှာ ပေးအိပ်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Doctor visit: The two-year checkup.http://www.babycenter.com/doctor-visit-worksheet-two-year-checkup. Accessed date 03/06/2015.

BabyCenter Medical Advisory Board. Teething.http://www.babycenter.com/0_teething_11403.bc. Accessed date 03/06/2015.

Your 23-month-old: Week 1.http://www.babycenter.com/6_your-23-month-old-week-1_5930.bc.Accessed date 03/06/2015.

Your 23-month-old: Week 2.http://www.babycenter.com/6_your-23-month-old-week-2_10329475.bc.Accessed date 03/06/2015.

Your 23-month-old: Week 3.http://www.babycenter.com/6_your-23-month-old-week-3_10329477.bc.Accessed date 03/06/2015.

Your 23-month-old: Week 4.http://www.babycenter.com/6_your-23-month-old-week-4_10329479.bc.Accessed date 03/06/2015.

23-Month-Old Child.http://www.whattoexpect.com/toddler/23-month-old.aspx.Accessed date 03/06/2015.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement