backup og meta

စာဖတ်ခြင်းက သင့်ကလေးကို ပိုမိုထူးချွန်လာစေပါတယ်

စာဖတ်ခြင်းက သင့်ကလေးကို ပိုမိုထူးချွန်လာစေပါတယ်

ကလေးတွေအတွက် စာဖတ်ခြင်းဆိုတာ အပန်းပြေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဆန္ဒအလျောက် စာဖတ်ခြင်းမျိုး ဖြစ်သင့်ပါတယ်။ ကလေးတွေမှာလည်း စာဖတ်ခြင်းက နေ ပျော်ရွှင်မှုကို ခံစားရယူနိုင်ပါတယ်။ ဒီအလေ့အထဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ နားလည်ပေးတတ်ခြင်းအလေ့အထတွေကို တိုးတက်လာစေပါတယ်။

OECD ရဲ့ လေ့လာမှုအရ စာဖတ်တဲ့အလေ့အထက ကလေးတွေရဲ့ မိသားစုနောက်ခံထက် ပိုပြီးအရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ ဦးနှောက်စွမ်းရည်အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်စေနိုင်ပါတယ်။

စာဖတ်ခြင်းက ကလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရစေသလဲ။

Research Evidence on Reading for Pleasure လို့ အမည်ရတဲ့ သုတေသန တစ်ခုကို Education Standards Research Team (ESARD)က ၂၀၁၂တုန်းက ပြုလုပ်ခဲ့ပြီး ဒီလေ့လာမှုက ပျော်ရွှင်ဖို့ စာဖတ်တဲ့ ကလေးတွေမှာရနိုင်တဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးခဲ့ပါတယ်။ ပညာရေးနဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုတွေသာမကဘဲ ဒီလိုနေရာတွေမှာပါ စာဖတ်ခြင်းကလွှမ်းမိုးနေပါတယ်။

  • စာဖတ်စွမ်းရည်နဲ့ စာရေးစွမ်းရည်
  • စာပိုဒ်နားလည်နိုင်စွမ်းနဲ့ သဒ္ဒါ
  • စာလုံးပေါင်းစွမ်းရည်
  • စာဖတ်ခြင်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်
  • စာဖတ်သူတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု
  • နောက်ပိုင်းတွေမှာလည်း စာဖတ်ရတာကို မွေ့လျော်လာခြင်း
  • အထွေထွေ ဗဟုသုတ ရှိလာခြင်း
  • အခြားသော ယဉ်ကျေးမှုတွေကို နာလည်ခြင်း
  • အဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်တတ်ခြင်း
  • လူတွေအပေါ် ပိုပြီး လေးလေးနက်နက် နားလည်ခြင်း
  • ဆုံးဖြတ်ချက်ချနိုင်စွမ်း

ဒီလေ့လာမှုကပဲ စာဖတ်ခြင်းဟာ ပညာရေးပေါ်လည်း သက်ရောက်မှုရှိနေတယ်လို့ ဆိုပြန်ပါတယ်။ စာဖတ်တဲ့ ကလေးတွေက လူမှုရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ မြင့်မားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ကြပါတယ်။ အံ့သြစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ စာဖတ်ခြင်းဟာ လက်တွေ့ကျကျ တွေးခေါ်မှုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ အရည်အသွေးတွေနဲ့လည်း ဆက်စပ်နေတာပါပဲ။

စာတတ်မြောက်မှုနဲ့ အတွက်အချက်စွမ်းရည်တို့ကြားက ဆက်သွယ်မှု

လူပေါင်း ၁၇၀၀၀ ယောက်ကို မွေးကတည်းက လေ့လာထားတဲ့ လေ့လာမှုတစ်ခုမှာ စာဖတ်ခြင်းက စာတတ်မြောက်နိုင်စွမ်းကို တိုးတက်စေရုံသာမက အတွက်အချက်တွေကိုပါ တိုးတက်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ ထူးချွန်တဲ့ ကလေးတွေဟာ သူတို့ရဲ့ စာဖတ်ခြင်းအလေ့အထကို ငယ်စဉ်တည်းက မွေးမြူလာကြတာပါ။ ဒါတွေကပဲ သူတို့ကို သက်တူရွယ်တူတွေကြားမှာ ပိုပြီးထက်မြက်နေစေတာပေါ့။

စာဖတ်ခြင်းဟာ လူတစ်ယောက်ရဲ့ စကားလုံးတစ်ခုကို ထက်ထက်မြက်မြက် အသုံးချနိုင်စွမ်းတွေ၊ စာလုံးပေါင်းတွေ၊ စာလုံးတွေနဲ့ သင်္ချာစွမ်းရည်တွေကိုပါ တိုးတက်စေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ စာဖတ်ခြင်းက ကလေးတွေအတွက် ကျောင်းမှာ လေ့လာစရာအသစ်တွေကို ပိုမိုလွယ်ကူစွာ လေ့လာနိုင်ဖို့နဲ့ ပိုပြီး ထိရောက်စေတဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။

စာဖတ်တာက သင့်ကလေးတွေအတွက် ကောင်းကျိုးတွေ ယူဆောင်လာပေးနိုင်ရုံသာမက ဒီအလေ့အကျင့်ဟာ သူတို့ အသက်ကြီးသွားသည့်တိုင်အောင် ကောင်းကျိုးတွေ ပေးနေဆဲပါ။ ကလေးတွေအတွက် ဒီအလေ့အထကို ဖန်တီးပေးတာက သူတို့ရဲ့ ဦးနှောက်စွမ်းရည်နဲ့ ဉာဏ်ကောင်းခြင်းတွေကို တိုးတက်စေနိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

ကလေးတွေ စာဖတ်တာကို အားပေးပါ

ထက်မြက်တဲ့ ကလေးတွေနဲ့ စာဖတ်ခြင်း အလေ့အထကြားထဲက ဆက်နွယ်မှုတွေ၊ ခိုင်မာတဲ့ အကြောင်းရင်းနဲ့ အကျိုးသက်ရောက်မှုတွေကို ပိုပြီး တိတိကျကျသက်သေပြနိုင်ဖို့ ဆက်ပြီးလေ့လာနေကြဆဲပါ။ ဒါပေမယ့် စာဖတ်ခြင်းက ကောင်းကျိုးတွေ အများကြီးယူလာပေးတာကြောင့် တတ်နိုင်သမျှ စောစောစာဖတ်နိုင်အောင်နဲ့ ဒီအလေ့အထကို ကြီးပျင်းတဲ့အထိ ယူဆောင်သွားနိုင်ဖို့ မိဘတွေကလည်း အကောင်းဆုံးကြိုးစားသင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reading for fun improves children’s brains, study confirms. https://www.theguardian.com/books/booksblog/2013/sep/16/reading-improves-childrens-brains. Accessed March 16, 2017.

ယခုပုံစံ

14/06/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရာမဝင်ခင် စာဖတ်ပါ

စာဖတ်တာက ကောင်းကျိုးများသလား ...........


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement