backup og meta

ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို အနုပညာတစ်ခုခု သင်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို အနုပညာတစ်ခုခု သင်ပေးပါ

    ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို စောစီးစွာ အနုပညာတစ်ခုခု သင်ကြားပေးခြင်းဟာဆိုရင် ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာ ဖြစ်စေတာကို တွေ့ရှိရပါတယ်။

    အနုပညာလို့ပြောတဲ့အခါမှာ ဂီတ၊ အက၊ ပန်းချီ တို့အပြင် လက်မှုပညာများ၊ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးမှုများလည်း ပါဝင်ပါတယ်။

    ဘယ်လိုအကျိုးကျေးဇူးတွေ သက်ရောက်စေနိုင်သလဲဆိုရင်…

    (၁) လှုပ်ရှားမှုအတွက် အထောက်အကူပြုပါတယ်

    ကလေးတွေအဖို့ တူရိယာတစ်ခုခု တီးခတ်မယ်၊ ရွှံစေးနဲ့ အရုပ်ကလေးတွေ ပုံဖော်မယ်၊ စုတ်တံကို အသုံးပြုကာ ပန်းချီဆွဲမယ်… အစရှိတဲ့ နည်းလမ်းများဟာ ကလေးတွေရဲ့ လက်လှုပ်ရှားမှုလေးများဖြင့် ပြုလုပ်ရတာကြောင့် ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို တိကျစေတယ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းကိုလည်း သန်မာစေပါတယ်။

    (၂) ဂဏန်းသင်္ချာသင်ကြားရာမှာ အထောက်အကူပြုတယ်

    ကလေးတွေဟာ ဖန်တီးမှုတစ်ခုခုလုပ်တယ်ဆိုကြပါစို့။ ဥပမာ – ဆွဲကြိုလေးတစ်ကုံးသီကြတယ်ဆိုရင်.. crystal လေးတွေတော့ ဘယ်နှလုံး သုံးရမယ် စသည်ဖြင့် ရွေးချယ်ရတာကြောင့် သူတို့လေးတွေရဲ့ ဂဏန်းသင်္ချာသင်ကြားမှုမှာ လွယ်ကူ ပျော်ရွှင်စွာနဲ့ သင်ယူနိုင်ပါတယ်။

    (၃) အရောင်ခွဲခြားမှုသင်ကြားရာမှာ အထောက်အကူပြုတယ်

    ပန်းချီဆွဲခြင်း၊ အရောင်ခြယ်ခြင်းများတွင် အရောင်နှင့် လုပ်ဆောင်ရသည့်အတွက် အရောင်များသင်ကြားရာတွင် လွယ်ကူစွာ သင်ကြားနိုင်ပြီး တစ်ဆက်တည်းတွင် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်လည်း ပိုတက်လာနိုင်ပါတယ်။

    (၄) ဉီးနှောက်ဖွံ့ဖြိုးမှုတွင် အကျိုးရှိစေတယ်

    တူရိယာတစ်ခုခု တီးခတ်ဖို့ သင်ယူရာမှာ notes များကို ဖတ်ရတဲ့အခါ၊ ပုံဆွဲတဲ့အခါ၊ ဖန်တီးမှုများကို ပြုလုပ်ရတဲ့အခါ သူတို့လေးတွေရဲ့ ဉီးနှောက်ဟာ ပုံမှန်ထက် ဖွံ့ဖြိုးမှု မြန်ဆန်ပါတယ်။ ဒီအရာဟာဆိုရင် ကျောင်းပညာရေး သင်ကြားတဲ့အခါမှာလည်း ပုံမှန်ထက်သာလွန်တဲ့ ရမှတ်တွေကို ရစေနိုင်ပါတယ်။

    (၅) ကလေးတွေမှာ ရှိတတ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။

    အနုပညာဟာ လူကြီးတွေ အတွက်ပဲမဟုတ်ပါဘူး။ ကလေးတွေအတွက်လည်း စိတ်ထွက်ပေါက်တစ်ခုလို့ တင်စားလို့ရပါတယ်။ သူတို့အရွယ်နဲ့ တွေ့ကြုံခံစားရနိုင်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။

    (၆) ငယ်ရွယ်စဉ်ကပင် မိမိကိုယ်ကို တန်ဖိုးထားတတ်အောင် သင်ကြားပေးရာလည်း ရောက်ပါတယ်။

    အထူးသဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုများမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မှတ်ချက်ပေးခြင်းများ ပြုလုပ်ကြတဲ့အခါ ငယ်စဉ်ကပင် ဝေဖန်မှု နှင့် ချီးမွမ်းမှုကို တစ်ပါးတည်းတွဲ၍ လက်ခံရတဲ့အတွက် စိတ်ထားတတ်လာတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတယ်။

    ဒီအရာတွေကြောင့် ကလေးတွေကို ငယ်စဉ်ကပင် အနုပညာ တစ်ခုခု သင်ကြားပေးခြင်းဟာ သူတို့လေးတွေရဲ့ စိတ်ခံစားမှုတွေ၊ ဆုံးဖြတ်ချက်ချမှုတွေ၊ သင်ကြားနိုင်မှုစွမ်းအားတွေ၊ ဖတ်တီးနိုင်မှုစွမ်းအားတွေနှင့် ဆက်စပ်နေတဲ့အပြင် အဖွဲ့လိုက် အက ကခြင်းမျိုးတွင်ဆိုလည်း ပေါင်းသင်းဆက်ဆံရေးနှင့်ပါ ချိတ်ဆက်နေတာကို လေ့လာတွေ့ရှိရပါတယ်။

    အခုလို ကလေးတွရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ အနုပညာသင်ကြားမှုကိုဆိုလျှင် နိုင်ငံတကာမှာ ကျောင်းတွေမှာပါ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနေတာကို တွေ့ရှိရပါတယ်။

    သင့်ကလေးကိုရော ဘယ်လို အနုပညာမျိုး သင်ကြားပေးမလဲ။

    ကျေးဇူးတင်ပါတယ်။

    ရေးသားသူ – May Kham Eain

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement