backup og meta

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများက အဖြစ်များတဲ့ ကလေး ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ သတိထားမိနိုင်စေဖို့ သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

အသက်ရှူလမ်းကြောင်း ဆိုတာ

အသက်ရှူလမ်းကြောင်း ဆိုတာက ပြင်ပကလေတွေကို ရှူသွင်းပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။  ဒါကြောင့်ပဲ ရောဂါပိုးတွေက အသက်ရှူလမ်းကြောင်းကနေ အလွယ်တကူ ဝင်ရောက်ကူးစက်တာပါ။ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်တဲ့ ရောဂါတွေက နှာခေါင်း၊ အဆုတ် နဲ့ လည်ချောင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းကတဆင့် ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း အတူတူ လေ့လာကြည့်လိုက်ရအောင်လေ။

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကတော့

တုပ်ကွေး 

တုပ်ကွေးက အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်တဲ့ ဖျားနာမှုတစ်ရပ်ပါ။ ရောဂါပိုး ရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်တွေကနေတဆင့် ကူးစက်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အိမ်တွင်း ကုထုံးတွေ ဖြစ်ကြတဲ့ အနားယူတာ၊ အရည်များများ သောက်တာ၊ ဆေးသောက်တာတွေ လုပ်ဆောင်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းက နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးနှံတာပါ။ တုပ်ကွေးကာကွယ်ဆေးက မျိုးစိတ်မတူလို့ မကာကွယ်ပေးနိုင်ရင်အောင် လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ထောက်ကူပေးပါတယ်

အအေးမိဖျားနာ

အအေးမိဖျားနာတာကတော့ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ အအေးမိဖျားနာတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အနီးကပ်ထိတွေ့နေတဲ့သူတွေဆီကနေ ကူးစက်ပါတယ်။ အအေးမိတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပေးတာက ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အသက်ရှူလမ်းကြောင်း ဆိုတာက ပြင်ပကလေတွေကို ရှူသွင်းပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ရောဂါကလည်း ကလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ပန်းနာရင်ကျပ် ရောဂါက အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာပါ။ လက္ခဏာတွေ အနေနဲ့

  • ချောင်းဆိုးတာ
  • ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ် ဖြစ်တာ
  • အသက်ရှူရ ခက်တာ
  • အသက်ရှူ ပြတ်တောင်းတောင်း ဖြစ်တာ
  • အသက်ရှူရင် တရွှီရွှီမြည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ထိပ်ကပ်နာ

ထိပ်ကပ်နာဆိုတာက နှာခေါင်းအတွင်းပိုင်းနဲ့ မျက်နှာလေအိတ်တွေထဲကို ပိုးဝင်ကူးစက်တာပါ။ ဆိုင်းနပ်စ် (မျက်နှာလေအိတ်) ထဲမှာ အရည်တွေဖြစ်ပြီး ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေကို ရှင်သန်ဖို့ အားပေးလိုက်ပါတယ်။ ထိပ်ကပ်နာ အများစုကတော့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။

ထိပ်ကပ်နာ ဖြစ်တဲ့အခါ နှာစေးတာ၊ နှာခေါင်းပိတ်တာ၊ ခေါင်းကိုက်တာ၊ မျက်နှာမှာ ဖိအားသက်ရောက်သလို ဖြစ်ပြီး နာကျင်တာ၊ လည်ချောင်းထဲမှာ ချွဲတွေ ဖြစ်တာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခံတွင်းနံ့ဆိုးတာတွေကို ခံစားရနိုင်ပါတယ်။

လည်ချောင်း နာတာ

လည်ချောင်းနာတာက Streptococcus pyogenes လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဒီဘက်တီးရီးယားက နှာခေါင်း နဲ့ လည်ချောင်းကနေတဆင့် ဝင်ရောက်ပါတယ်။ ဒါက သေချာ မကုသရင် လေးဖက်နာ နှလုံးရောဂါ၊ ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်တတ်ပါတယ်။

လေပြွန်ရောင်တာ

လေပြွန်ရောင်တယ်ဆိုတာက အဆုတ်ထဲက လေပြွန်တွေ ရောင်နေပြီး အဆုတ်ထဲမှာ ချွဲတွေဖြစ်ပေါ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ လေပြွန်ရောင်ပြဿနာ အများစုက အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ဗိုင်းရပ်စ် ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်တာပါ။

ဒီလိုမျိုး လေပြွန်ရောင်တာက ချောင်းဆိုးတာ၊ ရင်ဘတ်ထဲက အောင့်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ ကိုက်ခဲတာ၊ လည်ချောင်းနာတာတွေကို ခံစားရနိုင်ပါတယ်။

အဆုတ်ရောင်တာ

အဆုတ်ရောင်တာက အဆုတ်ထဲမှာ ရောဂါပိုး ဝင်ရောက်ကူးစက်တာကြောင့်ပါ။ ဒီကျန်မာရေးပြဿနာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့ အသက်ရှူ မြန်တာ၊ အဖျားတက်တာ၊ ချမ်းတုန်တာ၊ ချောင်းဆိုးတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတဲ့အခါ ရင်ဘတ်ထဲက အောင့်တာမျိုး ခံစားရနိုင်ပါတယ်။

ဒီရောဂါတွေမဖြစ်အောင် ကလေးတွေကို ကာကွယ်ဆေး ထိုးတာနဲ့ အခြားသော ကာကွယ်နည်းတွေ လုပ်ဆောင်ပေးပြီး ကာကွယ်ပေးလို့ ရပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

RSV in Infants and Young Children https://www.cdc.gov/rsv/high-risk/infants-young-children.html Accessed Date 3 October 2022

Respiratory syncytial virus (RSV) https://www.rch.org.au/kidsinfo/fact_sheets/respiratory_syncytial_virus_rsv/ Accessed Date 3 October 2022

Acute Respiratory Infections in Children https://www.ncbi.nlm.nih.gov/books/NBK11786/#:~:text=They%20include%20rhinitis%20(common%20cold,acute%20rheumatic%20fever%2C%20respectively). Accessed Date 3 October 2022

7 common childhood respiratory diseases https://www.choc.org/news/7-common-respiratory-diseases/ Accessed Date 3 October 2022

Respiratory Syncytial Virus https://kidshealth.org/en/parents/rsv.html Accessed Date 3 October 2022

ယခုပုံစံ

05/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

သားသားမီးမီးတို့အတွက် ကာကွယ်ဆေးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement