backup og meta

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ADHD( Attention deficit hyperactive disorder) ဆိုတဲ့ ပြဿနာအကြောင်း သိတဲ့သူရှိသလို မသိသေးတဲ့သူတွေလည်းအများကြီးရှိမယ်ထင်ပါတယ်။ ဒီပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ကျောင်းနေကလေးအရွယ်ေတွမှာ တွေ့ရများတတ်ပါတယ်။ ADHA ကို အလွယ်မှတ်မယ်ဆိုရင်တော့ အတက်ကြွလွန်တဲ့ ပြဿနာ၊ ဂနာမငြိမ်တဲ့ ပြဿနာ၊ တစ်ခုခုကို သေချာ အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာလို့ မှတ်လို့လည်းရပါတယ်။

ဒီပြဿနာရှိနေတဲ့ ကလေးက အတက်ကြွလွန်၊ တစ်ချိန်လုံးလှုပ်ရှားနေတဲ့အတွက် ဘေးကကြည့်နေတဲ့ မေမေတို့ကတော့ ငါတို့ ကလေးက တက်ကြွတယ်၊ ထိုင်းမှိုင်းနေတာမျိုးလည်း မရှိဘူးဆိုပြီး ဝမ်းသာနေတတ်ကြပါတယ်။ ADHD ဆိုတာ စိတ်ရောဂါ၊ကျန်းမာရေး ပြဿနာတစ်ခုပါ။ ကလေးက အတက်ကြွလွန်တဲ့ ပြဿနာ ADHD ဖြစ်နေတာကို စိုးရိမ်စရာမရှိဘူးလို့ထင်နေတဲ့ မိဘတွေ ရှိပါလိမ့်မယ်။ ဒီတော့ ADHD နဲ့ ပက်သက်ပြီး ဘယ်လိုတွေ မှားသိနေကြတာလဲ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပတ်သက်ပြီး မှားသိနေတာလေးတချို့ကတော့

( ၁ )ADHA ဆိုတဲ့ အတက်ကြွလွန်ပြဿနာဟာ ခေတ်သစ်နည်းပညာတွေကြောင့်ဖြစ်ရတာ။

တစ်ချို့မိဘတွေ ထင်နေတတ်ကြတာက အတက်ကြွလွန်တဲ့ ပြဿနာဟာ တိုးတက်လာတဲ့ ခေတ်ကြီးကြောင့်၊ လူနေမှုပုံစံ စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် ဖြစ်ရတာလို့ ထင်နေတတ်ကြပါတယ်။ ဒါပေမယ့် ၁၇၉၈ ခုနှစ်တည်းက ADHD ဆိုတဲ့ စိတ်ကျန်းမာရေးပြဿနာကို Dr. Alexander Crichton က တွေ့ရှိခဲ့ပြီး ၁၉၀၂ ခုနှစ်မှာတော့ Dr. George Still က သေချာလေ့လာပြီး နာမည်တွင်မှည့်ခေါ်ခဲ့တာပါ။ ဒီတော့ အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေ ၊ တီဗွီတွေ မပေါ်ခင်ဟိုးရှေးခတ်တည်းက ဒီ အတက်ကြွလွန်ဆိုင်ရာ ပြဿနာ ADHD ရောဂါက ရှိနေခဲ့တာပါ။

( ၂ ) လူတွေအကုန်လုံးမှာ အတက်ကြွလွန်နေတဲ့ အချိန်တွေ ရှိတတ်တာပဲ။ သူတို့တွေမှာရော ADHD ရှိနေတာလား။

မဟုတ်ပါဘူး။ ADHD ပြဿနာ ခံစားနေရတာဆိုရင် လက္ခဏာ ၆ ခုထက်မနည်းရှိသင့်ပြီး အဲဒီလက္ခဏာတွေက အနည်းဆုံး ၆လလောက်အထိ ဆက်တိုက်ရှိနေရပါမယ်။ အိပ်ရေးဝဝမအိပ်လို့ ကလေးကို တင်းကြပ်ထားလို့ သေချာမပြုစုလို့ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ဆင်သလိုလိုရှိပေမယ့် တကယ်တော့ မတူပါဘူး။ ADHD က ဦးနှောက်တွင်းက ဓါတုပစ္စည်းတွေ မူမမှန်တော့လို့ အာရုံသေချာ မစူးစိုက်နိုင်တဲ့ ပြဿနာကို ပြောတာပါ။

( ၃ ) ADHD အတက်ကြွလွန်တဲ့ဝေဒနာခံစားနေရတဲ့ ကလေးတွေက ဉာဏ်ပိုကောင်းကြတယ်။

ကလေးက တစ်ချိန်လုံးတက်ကြွနေတယ်ဆိုပြီး ဉာဏ်ကောင်းလိုက်တာလို့ ပြောလို့မရပါဘူး။ သူရဲ့ အဓိက ပြဿနာကိုတည်းက အတက်ကြွလွန် အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာဖြစ်တာကြောင့် ကလေးတွေက စာတွေမှာ သေချာအာရုံမစိုက်နိုင်တော့သလို စိတ်ဝင်စားတာ ဘာလဲဆိုတဲ့ အရာကိုလည်း သေသေချာချာ ကွဲကွဲပြားပြားမသိကြတော့ပါဘူး။ ဒီလိုနဲ့ လေ့လာသင်ယူနိုင်စွမ်း တွေ လျော့ကျလာတတ်ပါတယ်။ ဒါပေမယ့် အိုင်ကျူကတော့ ပုံမှန်အတွင်းမှာပဲ ရှိတာကြောင့် ဉာဏ်ရည်နိမ့်ကျတာမျိုးလည်း မဟုတ်ပါဘူး။

( ၄ ) ADHD ကိုကုသတဲ့ ဆေးတွေက စွဲတတ်တယ်။

ဒါကမှားနေတဲ့ အယူအဆတွေပါ။ အရင်က ဒီလိုမျိုး စွဲတတ်တယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ခုနောက်ပိုင်း ၂၀၁၇ မှာလေ့လာချက်တွေ အရတော့ ADHD ကိုကုသတဲ့ ဆေးတွေက လုံးဝကို မစွဲစေတတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://kidshealth.org/en/parents/adhd.html

Accessed Date 20.8.2019

https://offers.usatoday.com/specialoffer/?gps-source=CPNBAR&utm_medium=ONSITE&utm_campaign=2019SUMFUN&utm_content=CPNBAR&utm_source=CPNBAR

Accessed Date 20.8.2019

ယခုပုံစံ

07/03/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ)

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement