backup og meta

ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ကိုယ်ပူတိုင်းတဲ့ သာမိုမီတာဆိုတဲ့ ကိရိယာလေးကို အားလုံး မြင်ဖူး ကြားဖူးကြမှာပါ။ အိမ်တိုင်းရဲ့ ဆေးသေတ္တာလေးထဲမှာ မပါမဖြစ်ပစ္စည်းလေးလေ။ ကလေးလူကြီး ကျားမ မရွေးရဲ့ ကိုယ်အပူချိန်ကို ပြောပြပေးနိုင်တယ်ဆိုတော့ သူလောက်အသုံးဝင်တဲ့ပစ္စည်းလေးမရှိဘူးလေနော်။ ပစ္စည်းက အသုံးဝင်တယ်ဆိုပေမယ့် သုံးတဲ့ နည်းလမ်းမှန်ကန်မှလည်း အကျိုးရှိမှာပါ။ အရင်ကတော့ ပြဒါးထည့်ထားတဲ့ သာမိုမီတာသာရှိခဲ့တော့ တိုင်းတာနည်းတွေ သိပ်ဆန်းဆန်းပြားပြားမရှိပေမယ့် ခုနောက်ပိုင်း ကိုယ်ပေါ်က နေရာတော်တော်များများမှာ တိုင်းလိုက်ရုံနဲ့ ကိုယ်အပူချိန်ကို ပြောပြပေးတဲ့ ဒစ်ဂျစ်တယ်သာမိုမီတာ တွေ ပေါ်လာပြီဆိုတော့ ဘယ်လိုသုံးရမလဲ သိထားဖို့တော့ လိုတယ်နော်။ ဒစ်ဂျစ်တယ်သာမိုမီတာ က သုံးရတာလည်းလွယ်တယ်၊ မြန်လည်းမြန်တယ်၊ အလွယ်တကူလည်း ဖတ်လို့ရတယ်ဆိုတော့ ကိုယ်တွေလည်း ဒစ်ဂျစ်တယ်သာမိုမီတာ သုံးနည်းလေး သိထားဖို့လိုတယ်လေ။ ဒါဆို ဘယ်လိုတိုင်းကြမလဲ။

    ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ( ၁ ) ခံတွင်း အပူချိန် တိုင်းနည်း။

    ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။ သာမိုမီတာရဲ့ ထိပ်ဖျားကလေးကို ကလေးလျှာအောက်မှာ ထားပြီး ပါးစပ်စေ့ခိုင်းထားလိုက်ပါ။ တိုင်းတာလို့ ပြီးပြီဆို သာမိုမီတာက အချက်ပြပါလိမ့်မယ်။ အဲဒီ အချိန်ရောက်ရင် သာမိုမီတာကို ကလေးပါးစပ်ထဲက ထုတ်ပြီး အပူချိန်ကို ဖတ်ကြည့်လို့ရပါပြီ။ ဂဏန်းနဲ့ အတိအကျထွက်လာတော့ ဖတ်ရလွယ်တာပေ့ါ။ အပူမတိုင်းခင် ကလေးက အစာစားထားတယ်ဆိုရင် အစားစားပြီး ၁၅ မိနစ်လောက်စောင့်ပြီးမှ အပူတိုင်းပါ။

    ( ၂ ) ချိုင်း အပူချိန် တိုင်းနည်း။

    ဒစ်ဂျစ်တယ်သာမိုမီတာနဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ဒစ်ဂျစ်တယ်သာမိုမီတာကို ဖွင့်ပါ။ ကလေးချိုင်းအောက်မှာ သာမိုမီတာကို ထည့်တဲ့အခါ အရေပြားနဲ့ သာမိုမီတာ ထိတာသေချာပါစေ။ အဝတ်ပေါ်က မတိုင်းပါနဲ့။ ကလေးက အတိုင်းမခံဘူးဆိုရင် သာမိုမီတာကို ချိုင်းအောက် ထည့်ပြီးပြီးချင်း ကလေးကို ဖက်ထားလိုက်ပါ။ ပြီးတဲ့အချက်ပြသံ မလာမချင်း သာမိုမီတာ နေရာမရွေ့အောင်လို့ပါ။ ပြီးတာနဲ့ သာမိုမီတာက ပြောတဲ့ အဖြေကို တန်းဖတ်လိုက်ရုံပါပဲ။

    ( ၃ ) နားအတွင်းပိုင်း အပူချိန်တိုင်းနည်း။ 

    ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။ ကလေးနားအတွင်းပိုင်းကို သာမိုမီတာဖြေးညှင်းစွာ ထည့်ပါ။ နားအတွင်းပိုင်းထည့်ရတဲ့ သာမိုမီတာ အခြား အရာတွေနဲ့ မတူတာကြောင့် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်။ ပြီးတဲ့အချက်ပြသံ မပေးမချင်း လက်နဲ့ကိုင်ထားပါ။ ပြီးတာနဲ့ တန်းဖတ်လိုက်ရုံပါပဲ။

    ( ၄ ) နဖူးသွေးကြော အပူချိန်တိုင်း သာမိုမီတာ 

    ဒစ်ဂျစ်တယ်သာမိုမီတာနဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ဒစ်ဂျစ်တယ်သာမိုမီတာကို ဖွင့်ပါ။ ကလေးနဖူး လေးမှာ သာမိုမီတာလေးကို ပွတ်ပြီး အပူချိန်တိုင်းပါ။ ထွက်လာတဲ့ အဖြေကို ဖတ်လိုက်ရုံပါပဲ။

    ( ၅ ) စအိုတွင်း အပူချိန်တိုင်း သာမိုမီတာ 

    ဒစ်ဂျစ်တယ်သာမိုမီတာ နဲ့ ကလေးအပူချိန်ကို ဘယ်လိုတိုင်းကြမလဲ

    ဒစ်ဂျစ်တယ်သာမိုမီတာကို ဖွင့်ပါ။ သာမိုမီတာ ထိပ်ဖျားကို petroleum jelly လေးသုတ်ပါ။ ကလေးကို ပက်လက်လှန်အနေအထားနဲ့ ထားပြီး ခြေထောက်နှစ်ချောင်းကို မထားကာ သာမိုမီတာ လက်မဝက်လောက်ကို စအိုတွင်းထည့်ပါ။ ကလေးက မှောက်ထားမယ်ဆိုရင်လည်း ဒီအတိုင်းလုပ်ရမှာဖြစ်ပြီး သာမိုမီတာ ပြီးတဲ့ အချက်ပေးသံကြားတာနဲ့ ဆွဲထုတ်ပြီး ဖတ်လို့ရပါပြီ။ တစ်ခုမှတ်ထားရမှာက ကလေး သဘောမတူဘဲ စအိုတွင်း အပူချိန်ကို အတင်းအကြပ် မတိုင်းဖို့ပါ။

    ဆရာဝန်ဆီ ရောက်လို့ ကလေးအခြေအနေ ပြောပြတဲ့အခါမှာလည်း အပူချိန်ကို ဘယ်လိုတိုင်းထားတယ်ဆိုတာကိုပါ တစ်ခါတည်းထည့်ပြောပါ။

    သာမိုမီတာ သုံးပြီးနောက်ပိုင်းမှာလည်း သေချာသန့်ရှင်းလေးလုပ်ပြီးမှ သိမ်းပါ။ စအိုတွင်း အပူချိန်တိုင်းထားတဲ့သာမိုမီတာကို လျှာအောက်ထဲ မထည့်ပါနဲ့။ သာမိုမီတာ နှစ်ခုထားပြီး သပ်သပ်စီခွဲပြီး မှတ်ထားပါ။ နောက်တစ်ချက်အရေးကြီးတာက ကလေးတွေဆို မြင်မြင်သမျှ လိုက်စွဲပြီး ပါးစပ်ထဲ ထည့်တဲ့အတွက် သာမိုမီတာကို သူတို့လက်လှမ်းမမှီနိုင်တဲ့ နေရာမှာထားပါ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement