backup og meta

ကလေးများအတွက် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး ကို MMRလို့လည်း ခေါ်ကြပြီး အသက် တစ်နှစ်က ခြောက်နှစ်အတွင်း ကလေးတွေ အဆိုပါ ရောဂါတွေကို ကာကွယ်ဖို့ ထိုးနှံပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးပမာဏအနည်းငယ် ဒါမှမဟုတ် ဗိုင်းရပ်စ်ပရိုတင်း ပမာဏအနည်းငယ်ကို ခန္ဓာကိုယ်နဲ့ ထိတွေ့စေတာဖြစ်တဲ့အတွက် အဆိုပါရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ခုခံအားစနစ်ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

ကလေးများအတွက် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး

ဝက်သက်၊ ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး ကို ဘယ်လိုထိုးပေးသင့်သလဲ

  • အရေပြားအောက်ထိုးဆေးအဖြစ် ထိုးနှံပေးရမှာဖြစ်ပြီး ဆေးခန်း သို့မဟုတ် ဆေးရုံမှာ ထိုးရမှာ ဖြစ်ပါတယ်။
  • ကလေးအသက် ၁၂လကနေ ၁၅လအတွင်းမှာ ပထမအကြိမ် ထိုးရမှာဖြစ်ပြီး ဒုတိယအကြိမ်ကို အသက် ၄နှစ်နဲ့ ၆နှစ်ကြားမှာ ထပ်ထိုးရမှာ ဖြစ်ပါတယ်။

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး မထိုးခင် ဘာတွေသိသင့်သလဲ

ကာကွယ်ဆေးအကြိမ်ရေမပြည့်ဖူးဆိုရင် အာနိသင်ထိရောက်မှုရှိမှာ မဟုတ်တဲ့အတွက် သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးထိုးဖို့ မမေ့ပါနဲ့။ အနည်းငယ် အအေးမိတာမျိုးဖြစ်နေချိန်မှာလည်း ကာကွယ်ဆေးထိုးနိုင်တယ်ဆိုပေမယ့် အဖျားကြီးခြင်း ဒါမှမဟုတ် ကူးစက်ပိုးဝင်ခြင်း စတာတွေကို ခံစားနေရမယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေ ပျောက်သွားတဲ့အချိန်မှသာ ကာကွယ်ဆေးထိုးသင့်ပါတယ်။

ပထမတကြိမ်ကာကွယ်ဆေးထိုးပြီးချိန်မှာ ပြင်းထန်ဓာတ်မတည့်တဲ့ ပြဿနာမျိုး ဖြစ်ခဲ့မယ်ဆိုရင် ဒုတိယအကြိမ်ကို ထပ်မထိုးသင့်ပါဘူး။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ခံစားရတဲ့ ဘေးထွက်လက္ခဏာတွေ အကုန်လုံးကို မှတ်သားထားပြီး ဒုတိယအကြိမ် ထိုးရမယ့်အချိန်ရောက်ရင် အဆိုပါ လက္ခဏာတွေကို ဆရာဝန်အား ပြန်လည်ပြောပြပါ။

ဒါပေမယ့် ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးစတဲ့ ရောဂါတွေ ကူးစက်ခံရခြင်းဟာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထက် များစွာပိုမိုဆိုးရွားတယ်ဆိုတာ သိထားရပါမယ်။ အခြားသော ဆေးဝါးများနည်းတူ ဒီကာကွယ်ဆေးဟာလည်း ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် အင်မတန်ဖြစ်ခဲပါတယ်။ အောက်ဖော်ပြပါ အရာတွေနဲ့ ဓာတ်မတည့်ရင် MMR ကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

  • ကြက်ဥ၊ ဘဲဥ စသည်။
  • ဂျယ်လီ။
  • Neomycin ပါဝင်သော ပဋိဇီဝပိုးသတ်ဆေးများ။
  • ဝက်သက်၊ ပါးချိတ်ရောင် သို့မဟုတ် ဂျိုက်သိုးပါဝင်တဲ့ မည်သည့်ကာကွယ်ဆေးမဆို။

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေးကို အသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးစတဲ့ ရောဂါတွေ ကူးစက်ခံရခြင်းဟာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထက် များစွာပိုမိုဆိုးရွားပါတယ်။ အခြားသော ဆေးဝါးများနည်းတူ MMR ကာကွယ်ဆေးဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမယ့် ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်တာတော့ အင်မတန်ရှားပါးပါတယ်။ အောက်ဖော်ပြပါ ဓာတ်မတည့်လက္ခဏာတွေ ပေါ်ပေါက်လာရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရပါမယ်။

  • အင်ပြင်များထွက်ခြင်း။
  • အသက်ရှူရခက်ခြင်း။
  • မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်းတို့ ဖောရောင်ခြင်း။

ကာကွယ်ဆေးထိုးအပြီး ၂၄နာရီအတွင်းမှာ ခံစားရနိုင်ဖွယ်ရှိတဲ့ နာကျင်ခြင်းနဲ့ အဖျားတက်ခြင်းတွေကို သက်သာစေဖို့အတွက် အက်စ်ပရင်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ acetaminophen (Tylenol) သို့မဟုတ် ibuprofen (Motrin, Advil) တို့ကို သုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ သုံးစွဲရမယ့် ပမာဏနဲ့ ပတ်သက်ပြီး ဆေးညွှန်း ဒါမှမဟုတ် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာရပါမယ်။

ကလေးက ဖျားပြီး တက်တဲ့ရောဂါရှိနေရင် အဖျားမတက်ဖို့ ကာကွယ်ရေးဟာ အထူးပင် အရေးကြီးလှပါတယ်။

ကာကွယ်ဆေးထိုးအပြီး ၆ပတ်လောက်အတွင်းမှာ တီဘီရောဂါအတွက် အရေပြားစစ်ဆေးမှုပြုလုပ်တဲ့အခါ မှားယွင်းတဲ့ ရလာဒ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ လေးပတ်မှ ခြောက်ပတ်အတွင်း ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေးတွေ ထိုးထားရင် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး ပမာဏ

MMR ကာကွယ်ဆေး ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနဲ့ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

တခါထိုးစာ ဝ.၅ စီစီ ပါဝင်သော ဆေးပုလင်း။

ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားရင် ဆရာဝန်ကို အသိပေးပါ။ သတိရရချင်းမှာ နောက်တကြိမ်အတွက် ထိုးပါ။ အစက ပြန်ထိုးစရာ မလိုပါဘူး။ သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးကို ပြည့်အောင်ထိုးပါ။ အကြိမ်ရေမပြည့်ရင် ကာကွယ်ဆေးအာနိသင်ကို အပြည့်အဝ ရမှာ မဟုတ်ပါဘူး။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Measles, mumps, and rubella (MMR) vaccine.
https://www.drugs.com/mtm/measles-mumps- and-rubella- mmr-vaccine.html.
Accessed November 11, 2016
MMR Vaccine (Measles, Mumps, and Rubella).
https://medlineplus.gov/druginfo/meds/a601176.html. Accessed November 11,
2016
Measles, Mumps, and Rubella.
http://www.immunize.org/askexperts/experts_mmr.asp. Accessed November 11,
2016.

ယခုပုံစံ

16/04/2025

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Rubella (ဂျိုက်သိုး ရောဂါ)

Mumps (ပါးချိတ်ရောင်ရောဂါ)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/04/2025 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ