backup og meta

သင့်ကလေး ပင့်ကူကိုက်ခံရလျှင်

အကောင်ကိုက်ခံရခြင်းလက္ခဏာများဘာလုပ်သင့်လဲကုသမှုများကာကွယ်မှုများ

အကောင်ကိုက်ခံရခြင်း

သင့်ကလေး ပင့်ကူကိုက်ခံရလျှင်

အများစုကတော့ အန္တရာယ်မရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အဆိပ်ရှိတဲ့ ပင့်ကူတွေ ကိုက်တာမျိုး ခံရတတ်ပါတယ်။

သင့်ကလေး ပင့်ကူကိုက်ခံရလျှင်

လက္ခဏာများ

ပင့်ကူကိုက်ခံရတဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဘာရယ်လို့ ပြောလို့မရတဲ့ ပင့်ကူတွေ ကိုက်ခံရရင် ဘယ်လိုလက္ခဏာမျိုးပေါ်မယ်ဆိုတာက တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဖြစ်လာတဲ့လက္ခဏာတွေက သင့်အတွက် အဆင်မပြေဘူးဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းဆက်သွယ်သင့်ပါတယ်။

ဘာလုပ်သင့်လဲ

သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

ပင့်ကူကိုက်ခံရရင် လုပ်ဆောင်သင့်တာကတော့ ကိုက်ခံရတဲ့နေရာကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောဖို့ပါပဲ။

ကုသမှုများ

ဘယ်လိုကုသလို့ ရမလဲ

ဒီအခြေအနေတွေ ရှိလာရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်သင့်ပါတယ်

• ကိုက်ခံရတဲ့နေရာက နာနေရင်၊ ပူနေရင်

• ကြွက်သားများ တောင့်တင်းနေရင်

• ကလေးက ဖျားနာသွားရင်

• ပင့်ကူကို အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ဖမ်းနိုင်အောင် လုပ်ပါ။ ပြီးရင် ပုလင်းတစ်ခုထဲထည့်ပြီး ဆရာဝန်ဆီ ယူသွားပါ။ တိတိကျကျ မသိရသေးဘဲ အလွန်အကျွံ ရိုက်တာမျိုး မလုပ်ပါနဲ့။

ဒီလိုလက္ခဏာတွေဖြစ်လာရင်လည်း ဆရာဝန်ဆီ ဆက်သွယ်ပါ။

• ကိုက်ခံရတဲ့နေရာမှာ အရည်ကြည်ဖု ဒါမှမဟုတ် ခရမ်းရောင်အစက်လေးတွေ ဖြစ်လာရင်

• အနာမကျက်ရင်

• ကလေးအခြေအနေက ပိုဆိုးလာတယ်ထင်ရင်

ကာကွယ်မှုများ

ဘယ်လိုကာကွယ်လို့ ရမလဲ

သစ်သားချောင်းတွေ၊ ကျောက်တုန်းကြားတွေ၊ အမှိုက်ပုံတွေ၊ နံရံတွေ၊ အိမ်ပြင်က အဆောက်အဦတွေရဲ့ မှောင်မိုက်တဲ့ ထောင့်နေရာတွေမှာ လက်အိတ်မဝတ်ဘဲ အလုပ်မလုပ်ပါနဲ့။

အဆိပ်ရှိတဲ့ ပင့်ကူတွေတွေ့တာနဲ့ အဲဒီနေရာကို ပိုးသတ်ဆေးဖျန်းပါ။

ပင့်ကူတွေဟာ အေးတဲ့ဒေသရောက်လာရင် အိမ်အတွင်းဘက်ကို ဝင်လာတတ်တာမို့ ကိုယ့်အိမ်မှာ ဟနေတဲ့နေရာတွေ၊ အက်ကွဲနေတဲ့နေရာတွေကို ပြုပြင်ပါ။ တံခါးအပြင်ဘက်နားတွေကို ပိုးသတ်ဆေးဖျန်းပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.mayoclinic.org

Spider bites. http://www.mayoclinic.org/diseases-conditions/spider-bites/manage/ptc-20204189.

ယခုပုံစံ

09/08/2022

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ