backup og meta

မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအကြောင်း သင့်ကလေးကို ပြောပြဖို့ နည်းလမ်းများ

မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအကြောင်း သင့်ကလေးကို ပြောပြဖို့ နည်းလမ်းများ

အင်တာနက်ဆိုဒ်တွေမှာ မိမိကိုယ်ကိုသေကြောင်း ကြံစည်တဲ့ ဂိမ်းအမျိုးအစားတွေကို တွေ့နိုင်ပြီး သူတို့ဟာ မိမိကိုယ်ကို သတ်သေခြင်းကို နောက်ဆုံးဦးတည်ချက် လုပ်ပေးထားတတ်ပါတယ်။

Suicide game ဆိုတဲ့ စကားလုံးကို အင်တာနက်မှာ ရှာကြည့်ရင် တစက္ကန့်မှာ ၅၆.၃၀၀.၀၀၀ ထက်များတဲ့ ရလာဒ်တွေ ပေါ်လာတာကို တွေ့နိုင်ပါတယ်။ ယနေ့အခါမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးတွေဟာ မိမိကိုယ်ကို သေကြောင်းကြံလာနိုင်တဲ့ အခွင့်အလမ်းတွေ တွေ့လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးမှာ မိမိကိုယ်ကို သေကြောင်းကြံလိုတဲ့ အတွေးအမြင်တွေ ပေါ်လာရင် ပြောဆိုရှင်းပြရပါမယ်။

လက္ခဏာများကို သတိပြုမိခြင်း

FACTS ဆိုတဲ့ စကားလုံးဟာ သင့်ကလေးမှာ သေကြောင်းကြံလိုစိတ် ဖြစ်မဖြစ် သိနိုင်မယ့် အတိုကောက်စာလုံးတွေ ဖြစ်ပါတယ်။

F=Feeling ခံစားမှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ တန်ဖိုးမဲ့ခြင်း၊ ဆုံးရှုံးမှုအတွက် ကြောက်ရွံ့ခြင်းနဲ့ သင့်ကလေးကို အရင်နဲ့မတူ ကွဲပြားတဲ့ လူတယောက်ဖြစ်လာစေမယ့် အဖျက်သဘောဆောင်တဲ့ အတွေးများ စတာတွေပဲဖြစ်ပါတယ်။

A=Action သေကြောင်းကြံလိုခြင်းနဲ့ ဆက်စပ်နေတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။ အန္တရာယ်ကို လက်ခံလိုခြင်း၊ သေခြင်းအကြောင်း ပြောဆိုနေခြင်း၊ ပုံမှန်လှုပ်ရှားမှုများကနေ သွေဖယ်ခြင်း စတာတွေ ဖြစ်ပါတယ်။

C=Changes ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။

T=Threats ကလေးဟာ သေလိုတဲ့ဆန္ဒတွေ ထုတ်ဖော်ပြလာပြီး အစီအမံများ ပြုလုပ်လာပါတယ်။

S=Situations သေကြောင်းကြံလိုစိတ်တွေ ဖြစ်ပေါ်လာစေတဲ့ အခြေအနေတွေဖြစ်တဲ့ အရှက်တကွဲဖြစ်ခြင်း၊ ရှုံးနိမ့်ခြင်း၊ အပယ်ခံရခြင်း၊ ဆုံးရှုံးခြင်း၊ သေဆုံးခြင်း စတာတွေ ဖြစ်ပါတယ်။

နည်းလမ်းများ

ပုံမှန်လို့ယူဆပါ

ကလေးနဲ့ သေကြောင်းကြံစည်ခြင်းအကြောင်း ပြောနေစဉ်မှာ သိပ်ပြိး ကြောက်ရွံ့တာ၊ စိတ်ခံစားမှု လွန်ကဲပြတာ မလုပ်ပါနဲ့။ သာမန်အကြောင်းအရာကို ပြောဆိုသလိုပဲ ပြောပါ။ အကြောင်းအရာကို သာမန်လို သဘောထားပြောပေမယ့် သေကြောင်းကြံခြင်းရဲ့ အကျိုးဆက်တွေကို ပြောပြရာမှာတော့ ဖော့ပြီး မပြောပါနဲ့။

သေဆုံးခြင်းဆိုတာ လွတ်မြောက်ခြင်း မဟုတ်ကြောင်း၊ ပျော်ရွှင်အောင်နေဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေရှိသေးကြောင်း ပြောပြပါ။ ဒီနေရာမှာ အချိန်ဟာ အရေးကြီးပါတယ်။ သင့်ကလေး အာရုံစိုက်မယ့်အချိန်၊ မီဒီယာမှာ သေကြောင်းကြံစည်မှု အကြောင်း တွေ့ရချိန်ကို ရွေးချယ်ပါ။

ဒါဟာ ပထမဦးစားပေး အစီအစဉ် ဖြစ်ပါတယ်။ သေကြောင်းကြမှုအကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြပြီး သင့်ကလေးမှာ မိမိကိုယ်ကို ဒုက္ခပေးလိုစိတ်ဘာလို့ ဖြစ်နေတယ်ဆိုတာ သိလာပါလိမ့်မယ်။

ဘာတွေပြောမယ်ဆိုတာ စာရေးပြင်ဆင်ထားပါ

သေကြောင်းကြံခြင်းအကြောင်း ပြောရတာ လွယ်တော့မလွယ်ပါဘူး။ ဒါကြောင့် ဘာတွေ ပြောရမလဲဆိုတာ ကြိုပြီး မှတ်စုတို ရေးထားပါ။ မှတ်စုတိုကိုမြင်ရင် ပြောရမယ်ပ စကားလုံးတွေ ပေါ်လာပါလိမ့်မယ်။ သင်တောင်မှ သေချာမသိတဲ့ အကြောင်းအရာအတွက် သင့်ကလေးကို မစဉ်းစားခိုင်းပါနဲ့။

ဘာပြောသင့်တယ်ဆိုတဲ့ အကြောင်းအရာများ

သင့်ခံစားချက်ကို ဝေမျှပါ

ကလေးရဲ့ ခံစားချက်ကိုလည်း သင်ဘယ်လို ကိုယ်ချင်းစာ အလေးထားကြောင်း ကလေးသိအောင် ပြောပြပါ။ သေကြောင်းကြံစည်ခြင်းပြုလုပ်ရင် ကျန်ရစ်တဲ့ မိသားစု ဘယ်လိုထိခိုက်ခံစားနေရမယ် ဆိုတာ ပြောပြပါ။

အားပေးစကားများ

ကလေးတွေကို သူတို့ဖာသာ အရမ်းကြီး တွေးမခိုင်းပါနဲ့။ တခြားသူတယောက်ယောက်နဲ့ အတူရှိတာဟာ အထီးကျန်ခြင်းထက်စာရင် ပိုကောင်းကြောင်း ပြောပြပါ။

ကဗျာများ စာများ ရွတ်ဆိုပြပါ

သင်ပြောလိုတာတွေ သင်တွေးထားတာတွေ ဘယ်လိုပြောရမှန်း မသိရင် ကဗျာများ စာများကို အသုံးချပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  • 3 Strategies to Talk With Kids About Suicidal Thoughts. https://www.psychologytoday.com/blog/take-charge-bipolar-disorder/201702/3-strategies-talk-kids-about-suicidal-thoughts/ Accessed March 27, 2017
  • 10 Things Parents Can Do to Prevent Suicide. https://www.healthychildren.org/English/health-issues/conditions/emotional-problems/Pages/Ten-Things-Parents-Can-Do-to-Prevent-Suicide.aspx/ Accessed March 27, 2017

TALKING TO YOUR KID ABOUT SUICIDE. http://www.sptsusa.org/parents/talking-to-your-kid-about-suicide/ Accessed March 27, 2017

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement