brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကလေး ကွန်ပျူတာအသုံးပြုမှုကို ဘယ်လိုကြီးကြပ်မလဲ

သင့်ကလေးငယ်ဟာ ဘယ်မှာလဲ၊ ဘယ်သူနဲ့ အပြင်သွားသလဲ၊ ဘာတွေလုပ်နေလဲဆိုတာ သိဖို့လွယ်ကူပါတယ်။ ဒါပေမယ့် အငယ်ဆုံးကလေးငယ်တွေကတောင် အချိန်အများကြီးကို digital ပစ္စည်းတွေနဲ့ အသုံးပြုနေခြင်းဟာ များပြားလာပါတယ်။

သင့်ကလေး ကွန်ပျူတာအသုံးပြုမှုကို ဘယ်လိုကြီးကြပ်မလဲ

ကလေးငယ်တွေဟာ ကျွန်ုပ်တို့ထက်ပိုပြီး ယခုခေတ်နည်းပညာနဲ့ ရင်းနှီးမှု ရှိကြပါတယ်။

ကမ္ဘာအသစ်ကို ရင်ဆိုင်ပါ။

ယခုခေတ်မှာ ကလေးငယ်တွေရဲ့ digital ဘဝဟာ တခါတရံမှာ လမ်းလျှောက်တတ်ကာစ အချိန်ကတည်းက စတင်ပြီး အလင်းရဲ့ လျင်မြန်နှုန်းနဲ့ တိုးတက်လာပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးငယ်တွေကို စိုးရိမ်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။

သူတို့ဟာ လူအချင်းချင်း တွေ့စဉ်မှာ ဘယ်တော့မှ ပြောဖြစ်မှာ မဟုတ်တဲ့ အရာတွေကို အွန်လိုင်းမှာ ပြောကြခြင်းကြောင့် ဆိုးရွားသော အတင်းပြောခြင်း၊ အနိုင်ကျင့်ခြင်း၊ ဂုဏ်သိက္ခါ ဖျက်ဆီးခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေရဲ့ လူမှုဆက်ဆံရေးတွေဟာ လူကြီးတွေရဲ့ အမြင်ကွယ်ရာမှာ တိုးတက်လာနိုင်တာကြောင့် သူတို့ဘာတွေလုပ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေသ့င်ပါတယ်။ မိဘအတော်များများဟာ သူတု့ိရဲ့ ကလေးငယ်တွေကို စောင့်ကြည့်နေရတာကို မနှစ်မြို့ကြပါဘူး။

ဒါဆို ကလေးငယ် Digital ပစ္စည်းတွေ အသုံးပြုခြင်းကို နီးကပ်စွာ စောင့်ကြည့်နေသင့်ပါသလား။ ဒါကတော့ သင်ဘယ်လို ပြုလုပ်သလဲဆိုတာပေါ် မူတည်ပါတယ်။

ယုံကြည်ပါ။ ဒါပေမယ့် အမှန်ကို သိအောင်လုပ်ပါ။

သူတို့က သင်သူတို့ကို တမင်စောင့်ကြည့်နေတယ်ဆိုတာ သိတဲ့အခါ မသိစိတ်က ကြွလာပါလိမ့်မယ်။ အကောင်းဆုံးနည်းကတော့ ကွန်ပျူတာကို အကုန်လုံးမြင်နိုင်တဲ့ အလယ်မှာ ထားခြင်းပဲ ဖြစ်ပါတယ်။

ဒါဟာ သင့်ကို သူတို့လုပ်နေတဲ့အရာတွေကို မြင်ရစေမှာ ဖြစ်ပါတယ်။ လမ်းထလျှောက်သလိုပုံစံမျိုးနဲ့ မသိမသာ ဒါဘယ် website လဲ ဆိုတာမျိုး မေးမြန်းနိုင်ပါတယ်။

သင့်ကလေးငယ်ကို သင်က ယုံကြည်ချင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စကားလုံးတွေချည်းဟာ သူတို့ကို ကာကွယ်မပေးနိုင်ပါဘူး။ သူတို့နဲ့ အပြုသဘောဆောင်နဲ့ စကားပြောဆိုမှုမျိုး ပြုလုပ်ကြည့်ပါ။ တကယ်လို့ သင်က သူတို့ကို ကွန်ပျူတာသုံးတာ အရမ်းများနေပြီ (သို့) ဒီ website ကို မကြည့်နဲ့လို့ ပြောမယ်ဆိုရင် ဒါဟာ သူတို့အတွက် စိတ်ဖိစီးဖွယ် ဖြစ်နိုင်ပါတယ်။

သင့်ကလေးငယ်ဟာ ရိုးသားရဲ့လားဆိုတာ ပုံမှန်စောင့်ကြည့်ပါ။ သူတို့မကြာသေးမီက ဘာတွေ ကြည့်ထားလဲ၊ ဘာတွေ download လုပ်ထားလဲဆိုတာသိဖို့အတွက် သူတို့ရှာထားတဲ့ ရာဇဝင်ကို ပြန်ရှာကြည့်ပါ။ ဒီထက်ပိုပြီး အသေးစိတ်သိလိုတယ်ဆိုရင် စောင့်ကြည့်ပေးတဲ့ software တွေ သုံးနိုင်ပါတယ်။

စောင့်ကြည့်ပေးတဲ့ software များ

ဒီလို software အမျိုးအစား နှစ်မျိုးရှိပါတယ်။

၁။ Blocking software ဟာ မိဘတွေကို ကလေးငယ်တွေကြည့်သင့်တဲ့ website တွေကို ခွင့်ပြုစေဖို့နဲ့ မကြည့်သင့်တဲ့ website တွေကို ပိတ်ထားဖို့ အခွင့်အလမ်းပေးပါတယ်။ သူဟာ မကြည့်သင့်တဲ့ website တွေကို ဘယ်နှစ်ခါ ကြည့်ရန်ကြိုးစားသလဲဆိုတာကိုပါ မြင်နိုင်ပါတယ်။

အချို့ program တွေက ဒီလိုအခြေအနေဖြစ်တဲ့အခါ သင့်ကို အကြောင်းကြားနိုင်ပါတယ်။ ဘယ်အချိန်မှာ အသုံးပြုသင့်တယ်၊ ဘယ်လောက်ကြာအောင် အသုံးပြုသင့်တယ် ဆိုတာကိုပါ ကန့်သတ်နိုင်ပါတယ်။

၂။ Recording software ကတော့ ပို့လိုက်တဲ့၊ ပြန်ရတဲ့၊ download လုပ်လိုက်တဲ့၊ ကြည့်လိုက်တဲ့ အချက်အလက်တွေ အကုန်လုံးကို သိမ်းထားပေးမှာ ဖြစ်ပါတယ်။ သူဟာ ကွန်ပျူတာမျက်နှာပြင်ကိုလည်း ရိုက်ယူထားနိုင်ပါတယ်။

တကယ်လို့ သင်က keywords တွေ အကုန်ကို မတားနိုင်ဘူးဆိုရင်တောင် ဒီလို စကားလုံးတွေ အသုံးပြုချိန်မှာ သတိပေးချက်ရယူနိုင်ပါတယ်။

Built-in protection

Windows အသုံးပြုသူတွေအတွက် မိဘတွေအတွက် ထိန်းချုပ်မှုတွေကို control panel က ပြုလုပ်နိုင်ပါတယ်။ User account နဲ့ family safety control panel ကို ရှာပါ။ Windows Vista မှာ ဆိုရင်တော့ web limits တွေ လုပ်လို့ ရပြီး သင့်ကလေးငယ် ကွန်ပျူတာ အသုံးပြုမှုကို ကြည့်ရှုနိုင်တဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

အသုံးမပြုနိုင်တဲ့ အချိန်တွေ ပြုလုပ်ထားနိုင်ပြီး မကောင်းတဲ့ video games တွေ၊ programs တွေကိုလည်း ပိတ်ဆို့ထားနိုင်ပါတယ်။

သင့် system က ဘာပဲဖြစ်ပါစေ Browsers အတော်များများ (Safari, Firefox, etc) မှာ ကြည့်ထားတဲ့ ဆိုဒ်တွေကို ပြန်ကြည့်နိုင်တဲ့နေရာပါဝင်ပါတယ်။ ဒါကို ဘယ်လိုကြည့်ရှုရမလဲဆိုတာကို အညွှန်းမှာ လေ့လာသင့်ပါတယ်။ တကယ်လို့ သင့်မှာ browsers များစွာ ရှိခဲ့ရင် အကုန်လုံးကို စစ်ဆေးသင့်ပါတယ်။

တကယ်လို့ သင့်ကလေးငယ်က ဒီလိုကြည့်တဲ့ ရာဇဝင်ကို ဖျက်ထားခဲ့မယ်ဆိုရင် သင်က သင်မှအပ အခြားသူတစ်ဦးတစ်ယောက်က ဒါကို ဖျက်ထားခဲ့သလားဆိုတဲ့ မေးခွန်းတွေကို မေးဖို့လိုအပ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။