backup og meta

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေ သလဲ။

ကလေး ၂ယောက်နှင့်အထက် ရှိခြင်းသည် သင့် ကလေးများအား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း တိုးတက်စေခြင်း၊ ဘဝတွင် အရင်းနှီးဆုံး သူငယ်ချင်း များ ရရှိခြင်း စသော အကျိုးကျေးဇူးများ ပေးနိုင်သည်။ သို့သော် လည်း မှားယွင်းသော ပြုစုထိန်းကျောင်းမှုများ ကြောင့် မောင်နှမ အချင်းချင်း ယှဉ်ပြိုင်ခြင်း ဟူသော ကွဲပြားသော ရလဒ် ဖြစ်နိုင်သည်။

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်း ဆိုတာဘာလဲ။

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုသည်မှာ မိသားစု တစ်ခုအတွင်းရှိ ညီအစ်ကို မောင်နှမများ အချင်းချင်း မနာလို ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ရန်ဖြစ်ခြင်းတို့ ဖြစ်သည်။ ပြဿနာသည် ဒုတိယကလေး မွေးဖွားပြီးနောက် မည်သည့်အချိန်တွင်မဆို စတင်နိုင်သည်။ ညီအစ်ကိုများ၊ ညီအစ်မများ အားလုံးသည် ကလေးဘဝ၏ တစ်ချိန်ချိန်တွင် မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ အချို့သည် အရွယ်ရောက်သည့်တိုင်အောင် ရန်ငြိုးများကို သယ်သွား ကြသည်။ မောင်နှမ အချင်းချင်း ယှဉ်ပြိုင်ခြင်းသည် ညီအစ်ကို များ၊ ညီအစ်မများကြားတွင် မုန်းတီးခြင်းကို ဖြစ်စေနိုင်သည်။

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

  • ကြောက်ရွံ့ခြင်း

ကလေးများသည် မွေးကင်းစကလေးတစ်ယောက် ရောက်ရှိလာခြင်းကို ကြောက်ရွံ့နိုင်သည်။ အသစ်ရောက်လာ သော မိသားစုဝင်ကြောင့် သူတို့နှင့် သူတို့မိဘများ၏ ဆက်ဆံ ရေး အားနည်းလာပြီး သူတို့ကို အရင်ကလို မချစ်နိုင်တော့ မည်ကို ကြောက်ရွံ့ကြသည်။

  • မနာလိုခြင်း

ကလေးများသည် အတူရှိချိန်၊ အာရုံစိုက်မှုနှင့် တုံ့ပြန်မှု များ မျှတစွာ မရရှိပါဟု ခံစားရနိုင်သည်။ သူတို့မိဘများသည် သူတို့ထက် အခြား ကလေးများကို ပို၍မျက်နှာလိုက်သည်ဟု ခံစားရနိုင်သည်။ မနာလိုခြင်းသည် မောင်နှမများကြားတွင် ရုပ်သွင်ပြင် သို့မဟုတ် ပညာရေး သို့မဟုတ် လူမှုဆက်ဆံရေး အောင်မြင်မှုများ မတူခြင်းမှလည်း ပေါ်ပေါက်လာနိုင်သည်။

  • အသိအမှတ်ပြုခြင်းကို လိုလားခြင်း

ကလေးများသည် အထူးသဖြင့် သူတို့၏ မောင်နှမများ အပေါ်တွင် ပမာမခန့်ပြုခြင်း မနာခံခြင်း ပြုနိုင်သည်။ သူတို့ သည် ခြားနားကြောင်းသက်သေပြရန် နှင့် အာရုံစိုက်မှု လိုချင် သောကြောင့် ဖြစ်သည်။

  • တစ်ယောက်ချင်း၏ ပင်ကိုစရိုက်နှင့် စိတ်နေသဘောထား

သင့်ကလေးတစ်ဦးစီ၏ ပင်ကိုစရိုက်နှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်းသည် သူတို့မောင်နှမများနှင့် ဆက်ဆံရေး ကို ဆုံးဖြတ်ရာတွင် အရေးပါသော အခန်းမှပါဝင်သည်။ ဥပမာ သူတို့သည် တဇောက်ကန်းနိုင်ပါက ဆူညံပြီး အေးဆေးနေသော ကလေးသည် သူတို့၏ မကောင်းသော စိတ်အခြေအနေကို ဖြစ်စေနိုင်သည်။ သူတို့သည် အာရုံစိုက် ခံလို၍ တွယ်ကပ်ပြီး မရမနေခိုင်းတတ်ပါက ထိုကဲ့သို့စိတ်မျိုး ရှိသော မောင်နှမ ရှိခြင်းသည် ရန်ခဏခဏ ဖြစ်နိုင်သည်။

  • အသက်အရွယ်ကွာခြင်း

အသက်အရွယ်ကွာခြင်းသည် သင့်ကလေးများ တစ်ဦးနှင့် တစ်ဦး ဘယ်လောက်တည့်သလဲအပေါ်တွင် အရေးပါသည်။ အသက်အရွယ် အလွန်ကွာပါက တစ်ဦးနှင့်တစ်ဦး မနာလို ခြင်း ဖြစ်နိုင်ချေ နည်းသည်။ အသက်ကွာခြားချက် နည်းသော မောင်နှမများသည် စိတ်ဝင်စားမှုနှင့် ပင်ကိုစရိုက် ပို၍ တူကြ သည်။

  • မိသားစု အကျင့်စရိုက်နှင့် စံပြုရသော ပုဂ္ဂိုလ်များ

မိဘများသည် သူတို့ပြဿနာများကို ဘယ်လိုဖြေရှင်း သလဲသည် သူတို့ကလေးများ အလားတူပြုမူသည့်အပေါ်တွင် များစွာ သက်ရောက်မှုရှိသည်။ မိဘများ၏ ဆက်ဆံရေး သို့မဟုတ် မိသားစုဝင်များ ဆက်ဆံရေးသည် ကြွပ်ဆတ်ပြီး ပျက်စီးလွယ်ပါက သူတို့ကလေးများသည် မိသားစု ဆက်ဆံ ရေးမှာ ထိုသို့ပင်ဖြစ်သည်ဟု လွဲမှားစွာ ထင်နိုင်သည်။ ထို ဆက်ဆံရေးများမှာ အရေးမပါဟု ထင်သွားနိုင်သည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sibling Rivalry http://kidshealth.org/en/parents/sibling-rivalry.html# Accessed April 17, 2017
Sibling Rivalry http://www.med.umich.edu/yourchild/topics/sibriv.htm Accessed April 17, 2017

ယခုပုံစံ

10/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ