backup og meta

တိရစ္ဆာန်မှာသုံးတဲ့ဆေးတွေနဲ့ သင့်ကလေးရဲ့ ကျန်းမာရေး

တိရစ္ဆာန်မှာသုံးတဲ့ဆေးတွေနဲ့ သင့်ကလေးရဲ့ ကျန်းမာရေး

သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားကောင်း မွေးထားမှာပါ။ ဒါပေမယ့် သင့်မှာ ခွေးလေးကြောင်လေးတွေအပြင် ကလေးတွေပါရှိတယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။ တိရစ္ဆာန်လေးတွေရဲ့ ဆေးတွေကို ထိတွေ့ကိုင်တွယ်စားမိပြီး အရေးပေါ်ရောက်လာတဲ့ ကလေးတွေ တနေ့တခြား ပိုပိုများလာလို့ပါပဲ။ ဒီတော့ ခွေးလေးကြောင်လေးတွေ မွေးထားရင်း ကလေးတွေကိုပါ အန္တရာယ်မဖြစ်စေရအောင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်လိုက်ပါဦး။

တိရ စ္ဆာန်ဆေးတွေနဲ့ ကလေးတွေ

တိရ စ္ဆာန်ဆေးတွေကြောင့် အရေးပေါ်ရောက်လာတဲ့ ကလေးတွေ ပိုပိုများလာနေပါပြီ။ အားလုံးသိတဲ့အတိုင်း ဒီဆေးတွေဟာ တိလေးတွေရဲ့ အသက်ကိုကယ်တင်နိုင်၊ရောဂါပျောက်ကင်းစေနိုင်ပေမယ့် ကလေးတွေအတွက်တော့ အန္တရာယ်ပါ။ သင့်ကလေးတွေဟာ နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်နိုင်ပါတယ်။ တိလေးတွေ မစားဘဲ အန်ထုတ်ထားတဲ့ ဆေးပြားတွေကို ကလေးတွေက ကောက်စားမယ်။ တိလေးတွေအတွက် ဆေးထည့်ထားတဲ့ အစားအသောက်တွေကို ကလေးလေးက ယူစားမယ်။ ကလေးတွေက ခွေးစာ၊ကြောင်စာဟာ အနံ့လေးမွှေးလိုက်တာ၊အရသာရှိလိုက်တာလို့ ထင်ရင်ထင်နေမှာ ဖြစ်ပါတယ်။ ခွေးလေး၊ကြောင်လေးတွေကို လိမ်းဆေးလိမ်းပေးထားရင် ဒီလိမ်းဆေးတွေကို ကလေးတွေက သွားထိမိ၊ကိုင်တွယ်မိနိုင်ပါသေးတယ်။ ဆက်ပြီးတော့ ကလေးတွေရဲ့ လက်ကနေတဆင့် ပါးစပ်ထဲ ဝင်သွားတော့မှာပါ။ တခါတလေ လူသောက်တဲ့ ဆေးနဲ့ တိရ စ္ဆာန်လေးတွေကို တိုက်ဖို့ ဆေးတွေကို ရောနှောပြီး ထားတတ်တဲ့ အတွက် ကလေးက မှားပြီးယူသောက်မိနိုင်ပါတယ်။

မိဘတွေအတွက် အကြံပြုချက်များ

အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေကို လိုက်နာမယ်ဆိုရင် တိရ စ္ဆာန်မှာ သုံးတဲ့ ဆေးတွေကြောင့် သင့်ကလေး ဒုက္ခရောက်မှာကို ကာကွယ်ပေးနိုင်မှာပါ။

• တိရ စ္ဆာန်ဆေးတွေနဲ့ တခြားဆေးတွေ၊လိုးရှင်းလိမ်းဆေးတွေ၊ခရင်မ်တွေ စတာတွေကို သော့ခတ်ထားတဲ့ ဗီရိုထဲမှာ သိမ်းပါ။ ဆေးတွေကို အမျိုးအမည် သေချာရေးထားတဲ့ ဗူးတွေထဲမှာ ထည့်ထားပါ။ ဒါမှ တခြားသူတွေအနေနဲ့ ဘယ်ဆေးဗူးထဲမှာ ဘာဆေးရှိတယ်ဆိုတာကို အလွယ်တကူသိနိုင်မှာပါ။ ပြီးတော့ ကလေးတွေ လက်လှမ်းမီနိုင်တဲ့ နေရာတွေမှာလည်းမထားပါနဲ့။

• တိရ စ္ဆာန်ဆေးတွေကို လူသောက်တဲ့ ဆေးတွေနဲ့ ဝေးရာမှာထားပါ။ တခါတလေ သင်ကိုယ်တိုင်က ဆေးမှားပေးလိုက်လို့ ကလေးတွေ ဒုက္ခရောက်သွားတာတွေလည်း ရှိပါတယ်။

• ကလေးတွေအိမ်မှာ မရှိတဲ့ အချိန်မှ တိလေးတွေကို ဆေးလိမ်း/တိုက်တာ လုပ်သင့်ပါတယ်။ အစာခွက်ကိုလည်း အမြဲစစ်ဆေးပါ။ ဆေးပါတဲ့ အစာတွေကို တိရ စ္ဆာန်လေးတွေ အကုန်စားပစ်ဖို့နဲ့ အန်ထုတ်မပစ်စေဖို့ သေချာ ဂရုတစိုက်ကြည့်ပါ။ သူတို့ရဲ့ အမွှေးထဲမှာ ဆေးတွေရှိနေပြီး ကလေးတွေ မစားမိ၊မကိုင်မိအောင်လည်း သေချာစစ်ပါ။

• တိရ စ္ဆာန်ဆေးတွေကို စားလိုက်/ကိုင်တွယ်လိုက်မိပြီဆိုရင် ဆရာဝန်ခေါ်ပါ ဒါမှမဟုတ် ကလေးကို ဆေးရုံခေါ်သွားပါ။ ဆရာဝန် ဒါမှမဟုတ် လူနာတင်ကား ဖုန်းနံပတ်ကို သေသေချာချာ မှတ်ထားပါ။

• အိမ်က ခွေးလေး၊ကြောင်လေးတွေကို ဆေးတိုက်ဖို့မလိုတော့ဖူးဆိုရင် ဆေးတွေကို အမြန်လွှင့်ပစ်ပါ။ သိမ်းမထားပါနဲ့။

တိရ စ္ဆာန်ဆေးတွေဟာ တိလေးတွေကို ကျန်းမာအောင်၊ရောဂါပျောက်အောင်လုပ်ပေးနိုင်သလို သင့်ကလေးအသက်ပျောက်အောင်လည်း လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သင့်မှာ ရင်သွေးလေးတွေရှိပြီး မွေးထားတဲ့ ခွေးလေး၊ကြောင်လေးတွေကလည်း ဆေးဝါးသုံးစွဲနေရတယ်ဆိုရင် သင့်ရင်သွေးလေးတွေရဲ့ လုံခြုံမှုကို အထူးဂရုစိုက်သင့်ပါကြောင်း။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Pet Meds Sending Kids to the ER. https://medlineplus.gov/news/fullstory_163437.html.
Accessed February 20, 2017.

2. Pet medications pose a threat to kids, study says.
http://edition.cnn.com/2017/02/06/health/pet-medication- poison-kids- study/. Accessed February 20, 2017.

3. Poisoning Prevention. https://www.cdc.gov/safechild/poisoning/.1. Pet Meds Sending Kids to the ER. https://medlineplus.gov/news/fullstory_163437.html.
Accessed February 20, 2017.

 

ယခုပုံစံ

10/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement