backup og meta

ကလေးများတွင် မျက်ရည်ကြောင်းပိတ်ခြင်း

ကလေးများတွင် မျက်ရည်ကြောင်းပိတ်ခြင်း

ပုံမှန်မျက်ရည်ဖြစ်ပေါ်ခြင်းနှင့် မျက်ရည်လမ်းကြောင်း ပိတ်ခြင်း

အညစ်အကြေး အမှုန်အမွှားများကို ကာကွယ်ဖို့ မျက်လုံးမှာ စိုစွတ်တဲ့ မျက်ရည်ပြင် အလွှာ၃လွှာ ပါဝင်ပါတယ်။ ပထမဆုံး အဓိကအလွှာကတော့ မျက်လုံးအပေါ်ပိုင်းမှာရှိတဲ့ မျက်ရည်ဂလင်းက စီးထွက်လာပါတယ်။ မျက်တောင်ခတ်တဲ့အချိန်မှာ မျက်ခမ်းဟာ မျက်ရည်များကို မျက်လုံးမျက်နှာပြင်ပေါ် ပျံ့နှံ့သွားစေပါတယ်။ ဒုတိယအရည်ပြင်ကတော့ အဆီပါတဲ့အလွှာဖြစ်ပြီး မျက်ခမ်းမှာရှိတဲ့ မိုင်ဘိုးမီးယန်းလို့ခေါ်တဲ့ ဂလင်းကနေ လာပါတယ်။ နောက်ဆုံးအလွှာကတော့ အပါးလွှာဆုံးဖြစ်ပြီး မျက်ကြည်လွှာကို အာဟာရဓါတ်ပေးတဲ့အပြင် မျက်လုံးမျက်နှာပြင်မှာ မျက်ရည်ဓါတ်ကို မြဲစေပါတယ်။

ပုံမှန်အခြေအနေမှာ မျက်လုံးကနေ မျက်ရည်ထုတ်ပေးပြီး မျက်ရည်အိတ်ထဲကို မျက်ရည်ကြောလေးတွေကနေ သွားပါတယ်။ အဲဒီကတဆင့် မျက်ရည်လမ်းကြောင်းနဲ့ နှာခေါင်းထဲကို စီးပါတယ်။ တကယ်လို့ မျက်ရည်လမ်းကြောင်း ကောင်းကောင်း မစီးရင် ပိတ်ဆို့မှု ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် မွေးကင်းစနဲ့ ပုခက်တွင်းနေ အရွယ်တွေဟာ ပိုဖြစ်တတ်ပါတယ်။

ဘယ်အရာတွေက မျက်ရည်လမ်းကြောင်း ပိတ်ဆို့မှုကို ဖြစ်စေသလဲ

  • မျက်ရည်လမ်းကြောင်း ပုံမှန်ဖွံ့ဖြိုးမှု မရှိခြင်းဟာ အဓိကအချက်ဖြစ်ပြီး မွေးကင်းစကလေး အယောက် ၂၀မှာ တယောက်လောက် ကြုံရတတ်ပါတယ်။
  • ရှားရှားပါးပါး တွေ့ရတတ်တာကတော့ နှာခေါင်းရိုး နေရာလွဲတာ၊ ကောက်ကွေးတာကြောင့် မျက်ရည်လမ်းကြောင်း ပိတ်တတ်တာဖြစ်ပါတယ်။
  • မျက်ခမ်းရောင်ခြင်း၊ နာတာရှည် နှာခေါင်း ရောဂါပိုးဝင်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
  • မျက်ရည်လမ်းကြောင်း ကျဉ်းလို့ ဖြစ်တတ်ပါတယ်။

လက္ခဏာများ

မျက်ရည်လမ်းကြောင်းပိတ်တဲ့အခါ အောက်ပါလက္ခဏာတွေဟာ ဖြစ်တဲ့မျက်လုံးဘက်မှာ ပေါ်လာတတ်ပါတယ်။

  • မျက်ရည် အလွန်အမင်း ကျလာတတ်ခြင်း
  • အဝါရောင် အဖြူရောင် မျက်ဝတ်များ မျက်လုံးထောင့်မှာ စုလာတတ်ခြင်း၊ မျက်လုံးပိတ်လာခြင်း
  • မျက်တောင်များမှာ မျက်ဝတ်များကပ်နေခြင်း
  • မျက်လုံး၊ နှာခေါင်းတွင် နီရဲရောင်ရမ်းလာတတ်ခြင်း

ကုသခြင်း

ကံအားလျော်စွာပဲ ဒီပြသနာဟာ ဆိုးရွားတဲ့ အခြေအနေ မဟုတ်တာကြောင့် အသက် ၉လလောက်မှာ အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီပြသနာဖြစ်ခဲ့ရင် ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်အောင် အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။

  • နွေးထွေးတဲ့အရာနဲ့ ဖိထားပေးပါ။ မျက်လုံးတဝိုက်ကို နူးညံ့ပြီး နွေးထွေးတဲ့ ဂွမ်းတံ၊ အဝတ်နဲ့ မျက်ရည်စီးကြောင်း ပိတ်တဲ့နေရာ မြင်ရတဲ့အထိ သန့်ရှင်းပေးပါ။
  • မျက်ရည်လမ်းကြောင်းကို နှိပ်နယ်ပေးပါ။ မျက်ရည်လမ်းကြောင်းနဲ့ နှာခေါင်းအပေါ်ပိုင်း တလျှောက် နူးညံ့စွာ နှိပ်နယ်ပေးပါ။ အရည်များ ပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။
  • မျက်စဉ်းသုံးပါ။ မျက်လုံးမှာ ပိုးဝင်ရင် ပဋိဇီ၀ မျက်စဥၤးဆေးခတ်ပေးပါ။
  • မျက်လုံးကို ထိကိုင်ခြင်း မပြုမီ လက်ကို အမြဲတမ်း ဆေးကြောပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Tear Duct Blockage in Babies https://patient.info/health/tear-duct-blockage-in-babies Accessed April 18, 2017
Blocked Tear Ducts – Topic Overview http://www.webmd.com/eye-health/tc/blocked-tear-ducts-topic-overview#1 Accessed April 18, 2017

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement