backup og meta

ရင်သွေးငယ်လေး တုပ်ကွေးဝေဒနာ ခံစားနေရရင် ဘယ်လိုစောင့်ရှောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သွေးငယ်လေး တုပ်ကွေးဝေဒနာ ခံစားနေရရင် ဘယ်လိုစောင့်ရှောက်မလဲ

    ဟာ ကူးစက်လွယ်ပြီး ဖြစ်လွယ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မြန်မာပြည်မှာ အဓိကအားဖြင့်တော့ ရာသီအကူးအပြောင်းကာလတွေနဲ့ မိုးဦးကျ ကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တုပ်ကွေးဟာ ပိုးအမျိုးမျိုး အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပါတယ်။ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်၊ ဖျားမယ်နာမယ်စသဖြင့် ရောဂါလက္ခဏာတွေ ပြသလာပါလိမ့်မယ်။

    ဒီကာလတွေမှာတော့ တရုတ်ပြည်က ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တုပ်ကွေးရန်ကို ပူပန်နေကြရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ ဘာအကြောင်းနဲ့မဆို ကိုယ့်ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ လက္ခဏာတွေပြသလာခဲ့ရင် ဂရုတစိုက်ရှိနေဖို့ အထူးတလည်လိုအပ်ပါတယ်။

    အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပျမ်းမျှခြင်းအားဖြင့် ဝေဒနာခံစားရချိန်ဟာ ပျမ်းမျှတစ်ပတ်ဝန်းကျင်လောက်အထိ ကြာမြင့်တတ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာမို့ ကူးစက်လွယ်ပြီး ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် ပိုမိုခံစားရနိုင်ပါတယ်။ ဒါကြောင့် သူတို့လေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    တကယ်လို့ ကိုယ့်ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေအတိုင်း ဂရုတစိုက် ပြုစုဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ဆရာဝန် ပြပါ – တစ်ချို့က တုပ်ကွေးဆိုရင် သိပ်စိတ်ပူစရာမလိုပါဘူးလို့ တွေးတတ်ကြတယ်။ ရင်သွေးငယ်တွေကို အိမ်မှာပဲ ရောက်တတ်ရာရာ ဆေးမြီးတိုတွေ၊ အိမ်သုံးဆေးတွေနဲ့ ကုသဖို့ ကြံကြတယ်။ ကလေးငယ်တွေမှာ တုပ်ကွေကူးစက်ချိန်တွေမှာ ခုလိုမျိုး မပြုမူသင့်ပါဘူး။ တချို့အခြေအနေတွေမှာ ဆရာဝန်နဲ့ ကုသဖို့ မဖြစ်မနေလိုအပ်နိုင်တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ရင်သွေးငယ်ဟာ အသက် ၅ နှစ်အောက်ကလေးငယ်ဖြစ်နေမယ်ဆိုရင်တော့ အမြန်ဆုံး ဆရာဝန်ဆီခေါ်ဆောင်သွားဖို့ လုံးဝ လိုအပ်ပါတယ်။

    ရောဂါလက္ခဏာတွေကို သက်သာအောင် ကြိုးပမ်းပါ – ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ ခံစားနေရပြီဆိုရင် အရည်များများတိုက်ကျွေးတာမျိုး၊ နွေးနွေးထွေးထွေးအနားယူစေတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းတွေဟာ ကလေးငယ်အတွက် ရောဂါဝေဒနာခံစားရမှုကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၆ လနဲ့အထက် ကလေးငယ်တွေဆိုရင် Acetaminophen နဲ့ Ibuprofen တို့ တိုက်ကျွေးလို့ရပါတယ်။ ဒီဆေးတွေက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ သတိထားရမှာက Aspirin လိုဆေးမျိုးတွေကို မတိုက်ကျွေးမိဖို့ ရှောင်ရှားသင့်တာပါပဲ။

    ဗိုင်းရပ်စ်ဒါဏ် ကာကွယ်နိုင်တဲ့ ဆေးမျိုး တောင်းဆိုပါ – ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ရောဂါသက်သာစေနိုင်တဲ့ ဆေးတွေပေးမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လိုလိုမယ်မယ် ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ ဆေးဝါးမျိုးတွေပါ တောင်းဆိုသင့်ပါတယ်။ ဒီဆေးဝါးတွေဟာ ပိုးမွှားတွေ ခန္တာကိုယ်ထဲမှာ ထပ်ပြီး ဒုက္ခမပေးတော့အောင် တားဆီးပေးနိုင်ပါတယ်။

    ဘယ်လိုအချိန်မှာ အကူအညီလိုအပ်မလဲဆိုတာကို နားလည်ပါ – တုပ်ကွေးဝေဒနာခံစားရချိန်မှာ အခြေအနေကို ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အိမ်မှာပဲ ကြိတ်မှိတ်ကုသနေတာမျိုးက ကလေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရစေနိုင်ပါတယ်။ ကိုယ့်ရင်သွေး ဘယ်လိုဝေဒနာခံစားနေရလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် လုပ်သင့်သလို ရောဂါလက္ခဏာတွေကိုလည်း မပြတ်လေ့လာနေသင့်ပါတယ်။ အသက် ၃ လအောက်ကလေးတွေမှာ အပူချိန် ၁၀၁ ဒီဂရီထက် ပိုနေပြီဆိုရင် မဖြစ်မနေ ဆေးခန်းဆီ သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီး ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာမျိုး (ဝမ်းသွားနည်းလာတာ၊ ပါးစပ်နဲ့ မျက်လုံးတွေ ခြောက်လာတာ) ၊ အသက်ရှူနှုန်းပုံမှန်မဟုတ်တာမျိုး (အသက်ရှှုကြပ်လာတာ၊ ချွဲထလာတာ၊ ရင်ကြပ်လာတာမျိုး) တွေ ကြုံလာခဲ့ရင်လည်း ဆေးခန်းသွားရမှာပါ။

    ကျောင်းမသွားခိုင်းပါနဲ့ – ရင်သွေးငယ်မှာ တုပ်ကွေးဝေဒနာ ခံစားနေရပြီဆိုရင် ကျောင်းမသွားခိုင်းပဲ အိမ်မှာသာ အပြည့်အဝ နားနေခိုင်းတာက အကောင်းဆုံးပါပဲ။ တုပ်ကွေးဟာ လေထဲကနေ ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးမို့ ကျောင်းသွားခိုင်းတာဟာ မသင့်တော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါပျောက်ကင်းကြောင်း သေချာပြီးနောက် ၂၄ နာရီဝန်းကျင် ဆက်လက်စောင့်ကြည့်ပြီးမှသာ ကျောင်းသွားစေသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement