backup og meta

ရေကျောက်၏လက္ခဏာများ ကို စီမံနိုင်မည့်နည်းလမ်းများ

ရေကျောက်သည် ရေယုန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ဗဲရီဇဲလားဇိုစတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ကလေးအများစုတွင် ရေကျောက်ပေါက်နိုင်ပြီး များသောအားဖြင့် အသက် ၁၀ နှစ်မတိုင်မီတွင် အဖြစ်များ၏။ ရေကျောက်၏လက္ခဏာများ ကို သိထားရန်လိုအပ်သည်။

ရေကျောက်၏လက္ခဏာများ ကို စီမံနိုင်မည့်နည်းလမ်းများ

ကူးစက်ခံရစဉ်တွင် ခုခံအားစနစ်မှာ ပဋိပစ္စည်းများဟုခေါ်သော ပရိုတင်းများကိုထုတ်ကာ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ပါသည်။ ထို့ကြောင့် ကျန်းမာသောကလေးအများစုနှင့် အရွယ်ရောက်ပြီးသူများတွင် ရေကျောက်ပျောက်ခြင်းကို အိမ်မှာကုရုံနှင့် ပျောက်ကင်းနိုင်ပါသည်။

ယားယံမှုကိုလျော့ချခြင်း

ရေကျောက်ဖုများက ယားပါသည်။ သို့သော် မကုတ်ရပါ။ အဘယ်ကြောင့်ဆိုသော် အရေပြားပိုးဝင်ခြင်း သို့မဟုတ် အရည်ကြည်ဖုများပျောက်ပြီးနောက် အမာရွတ်ကျန်ခြင်းများ ဖြစ်တတ်ပါသည်။ ယားယံခြင်းကို လျော့ချနိုင်မည့်နည်းများရှိပါသည်။

အုတ်ဂျုံနှင့်ရေချိုးခြင်း၊ အအေးဝတ်အုပ်ခြင်း သို့မဟုတ် antihistamine များသောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကလေးအတွက် ဆေးမသုံးခင် ကလေးအထူးကုနှင့် အရင်တိုင်ပင်သင့်ပါသည်။

ကိုယ်ပူခြင်းကိုလျော့ချပေးပါ။

ဖျားခြင်းသည် ပိုးကူးခြင်းကိုတုန့်ပြန်ခြင်းဖြစ်ပြီး ဖျားနာမှုကိုဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကို သတ်ပေးနိုင်ပါသည်။ ကိုယ်အပူချိန်တက်လျှင် မအီမသာ ခံစားရသောကြောင့် မိဘများက အလွယ်တကူဝယ်ယူနိုင်သည့်ဆေးများကို ညွှန်ကြားချက်များသေချာဖတ်ပြီးမှ တိုက်ပါ။

ကလေးကို ဘယ်ဆေးမဆို မပေးခင် ဆရာဝန်နှင့်အရင်ဆွေးနွေးရပါမည်။ ကလေးများကို အက်စ်ပရင်မတိုက်ရပါ။ Reye’s Syndrome ဖြစ်တတ်ပြီး ၎င်းသည် ကလေးများကို အက်စ်ပရင်ပေးမိပါက ဖြစ်တတ်သော ပြင်းထန်သည့်ပြဿနာတစ်ခုဖြစ်ပါသည်။

ရောဂါပျံ့နှံ့ခြင်းကို ကာကွယ်ပေးပါ။

ရေကျောက်သည် ကူးစက်လွယ်သောရောဂါဖြစ်၏။ အများစုတွင် ကူးစက်ခံရသူနှင့် ထိတွေ့ပြီးနောက် ကူးစက်ခံရပါသည်။ ကလေးတွင် ရေကျောက်ပေါက်နေပါက ရေကြည်ဖုများကွဲပြီး မပျောက်မချင်း၊ ပထမလက္ခဏာစပေါ်ပြီး ၁၀ ရက်နောက်တွင်မှ ကျောင်းကိုလွှတ်ပါ။

ရေကျောက်ကိုကာကွယ်ရန် လူအများသည် ရေကျောက်ကာကွယ်ဆေး ကလေးကိုထိုးပေးတတ်ကြပါသည်။

ရေကျောက်ကြောင့်ဖြစ်သော မအီမသာခံစားချက်ကို လျော့ချပါ။

တစ်ချို့သောဆေးများသည် ရေကျောက်ရောဂါ အခြေအနေမဆိုးစေရန် အထောက်အကူပြုပါသည်။

ရေကျောက်ကာကွယ်ဆေး

ရေကျောက်ရောဂါပိုးနှင့် ထိတွေ့မိပြီးနောက် ၃ ရက်အတွင်း ကာကွယ်ဆေးထိုးပါက ဖျားနာမည်မဟုတ်ပါ။ ဖြစ်လျှင်လည်း အပျော့စားလောက်သာဖြစ်ပါလိမ့်မည်။

အင်မြူနိုဂလိုဗြူလင်များ

၎င်းထိုးဆေးများသည် ပြင်းထန်သော ရေကျောက်ရောဂါကို ကာကွယ်နိုင်ပြီး တစ်ခါတစ်ရံ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ခုခံအားနည်းသူများ ရေကျောက်ပိုးနှင့်ထိတွေ့ထားပြီး အရင်ကမပေါက်ဖူးလျှင် ပေးနိုင်ပါသည်။

နာကျင်မှုကို သက်သာစေမည့်ဆေးများ

သင့်၌ ရေကျောက်ပေါက်သည့်လက္ခဏာများ ရှိလာပြီးနောက် ပါရာစီတမော့၊ antihistamine (ဘာမီတွန်) သို့မဟုတ် ပဋိဇီဝဆေးများကို ဝယ်သုံးနိုင်ပါသည်။ ကလေးကို ဆေးမတိုက်ခင် တိကျသည့်ပမာဏကို သိရှိနိုင်ရန် ဆရာဝန်နှင့် အရင်ဆွေးနွေးသင့်ပါသည်။

သို့သော် တိကျမှန်ကန်ကုသကို အိမ်တွင်ကောင်းကောင်းကုသနိုင်ရန် ပြင်းထန်သည့် နောက်ဆက်တွဲများကိုကာကွယ်နိုင်ရန် ရေကျောက်ပေါက်သူတိုင်း ဆရာဝန်နှင့် ပြသသင့်ပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Chickenpox (Varicella) – Home treatment. http://www.webmd.com/vaccines/tc/chickenpox-varicella-home-treatment. Accessed January 18, 2017
  2. Treatment for chickenpox. http://www.nhs.uk/Conditions/Chickenpox/Pages/Treatment.aspx. Accessed January 18, 2017

Chickenpox (Varicella) – Prevention and Treatment. https://www.cdc.gov/chickenpox/about/prevention-treatment.html. Accessed January 18, 2017

ယခုပုံစံ

10/08/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးအတွက် ဘေးကင်းစိတ်ချရဆုံးအသုံးအဆောင်ပစ္စည်းကို ဘယ်လိုရွေးချယ်မလဲ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ