စားချဉ့်ပြန်ရောဂါက ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတစ်ခုပါ။ ကလေးအများစုမှာတော့ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကနှေးပါတယ်။ ကလေးလေးတွေရဲ့ အစာရေမျိုက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေက အစာရေမျိုကနေ အလွယ်တကူပြန်ဆန်တက်လာပါတော့တယ်။ ကလေးကနို့စို့အရွယ်ဖြစ်နေရင်တောင်မှ စားချဉ့်ပြန်ရောဂါဖြစ်လာပါတော့တယ်။
ဘယ်လိုကာကွယ်မလဲ
ကလေးတွေမှာ စားချဉ့်ပြန်တာမျိုး မဖြစ်ရလေအောင် –
- ကလေးကို အစားအစာတစ်ခုခုကျွေးပြီးတဲ့အခါတိုင်းမှာ လေထုတ်ပေးပါ၊
- ကလေးကိုအစားအသောက်ကျွေးနေတဲ့အခါ မတ်မတ်ထိုင်ခိုင်းတာမျိုးလုပ်ပါ၊
- ကလေးကို အစာစားပြီးတာနဲ့ သိပ်တာမျိုးမလုပ်ပါနဲ့၊ ကလေးကို အစားစားပြီး အနည်းဆုံး ၁ နာရီကြာမှသိပ်ပါ၊
- ကလေးကို နို့မှုန့်တွေ၊ နို့တွေချည်းပဲမတိုက်ဘဲ အစားစစားနိုင်ချိန်မှာ နို့မှုန့်ကို ဆန်နဲ့လုပ်ထားတဲ့အာဟာရမှုန့်လေးနဲ့ရောပြီးကျွေးပေးပါ။
- လိုအပ်ရင် ဆရာဝန်နဲ့ပြသကြည့်ပါ။
(၂) အော့အန်ခြင်း
အော့အန်ရတာက ကလေးလေးတွေမပြောနဲ့ လူကြီးတွေအတွက် တောင်တော်တော်လေးခံရခက်ပါတယ်။ ကလေးတွေမှာ ရောဂါပိုးတစ်ခုခုကူးစက်ခံရတာကြောင့် အန်တာက အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ချက်တစ်ခုပါ။ ကလေးတွေကို ကျွေးတဲ့အစားအစာတွေ၊ ကလေးကိုကျွေးမွေးရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကသန့်ရှင်းမှုအားနည်းတာကြောင့် ရောဂါပိုးတွေကပ်ညှိနေတာကနေတဆင့် ကလေးရဲ့ ဝမ်းထဲရောက်ပြီးအော့အန်တာတွေဖြစ်လာရပါတယ်။
ဘယ်လိုကာကွယ်မလဲ
- ကလေးကို ရေဓာတ်ဆုံးရှုံးတာမျိုး မဖြစ်အောင် မကြာခဏရေတိုက်ပေးပါ၊
- ကလေးကို နို့မှုန့်ဖျော်တိုက်တာမျိုးဖြစ်ဖြစ် မိခင်နို့တိုက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေဖြစ်ဖို့လိုပါတယ်၊
- ကလေးကို ၁၅ မိနစ်ခြားတစ်ခါ အစားကျွေးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။