backup og meta

စားချဉ့်ပြန်ရောဂါ ရှိတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ

GERD စားချဉ့်ပြန်ရောဂါ ရှိတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ။

ကလေးငယ်တွေဟာ မကြာခဏ အန်တတ်ပြီး ဒါဟာ သူတို့အသက်အရွယ်အတွက် ပုံမှန် အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အန်ခြင်းဟာ အခြားလက္ခဏာတွေနဲ့ အတူဖြစ်ပေါ်တယ်ဆိုရင်တော့ ဒါဟာ acid reflux ကြောင့် ဖြစ်တဲ့ Gastroesophageal reflux disease (GERD) ရောဂါ ဖြစ်နိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါ ရှိတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ

GERD ရဲ့ လက္ခဏာများ

GERD ဟာ လူကြီးတွေမှာသာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုမဟုတ်ပဲ ကလေးငယ်တွေမှာ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ဖြစ်ပွားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

မကြာခဏ အန်ခြင်း

ချောင်းဆိုးခြင်း

အစာနင်ခြင်း၊ စားသောက်ရ ခက်ခဲခြင်း

အစာစားနေစဉ် (သို့) စားပြီးချိန်တွင် ငိုခြင်း

ဗိုက်ပတ်ပတ်လည်တွင် နာကျင်မှု၊ လေထမှု ရှိခြင်း

အိပ်ရေးပျက်ခြင်း

ကြို့ထိုးခြင်း

ပက်လက်အိပ်စဉ် ဗိုက်နာခြင်း

အန်စဉ် သွေးပါခြင်းဟာ GERD ရဲ့ အဖြစ်များတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အစာစားပြီးချိန်မှာ ကလေးငယ်ဟာ သက်တောင့်သက်သာမရှိပဲ အစာအိမ်မှ အသံထွက်နိုင်ပါတယ်။ Reflux ဟာလည်း အကြောင်းရင်း တစ်ခု ဖြစ်နိုင်ပါတယ်။

GERD ဟာ ကလေးငယ်ရဲ့ အိပ်စက်မှုကို ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။

GERD ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ ဆက်တိုက်နာကျင်မှုနဲ့ မသက်သာမှုတို့ကို ခံစားရနိုင်ပါတယ်။ ဒါဟာ အစာစားပြီးချိန်မှာ အစာအိမ်မှအက်ဆစ်များ ပြန်တက်လာတာကြောင့် လည်ချောင်းအတွင်း မသက်မသာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ကလေးငယ်ကို ပက်လက် အိပ်ခိုင်းခြင်းဟာ GERD ကို ပိုဆိုးစေပါတယ်။ နာကျင်မှုဟာ အိပ်စက်မှုကိုနှောင့်ယှက်တာကြောင့် ညအချိန်မှာ အိပ်ရေးဝဝအိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

GERD ရှိတဲ့ ကလေးငယ်တစ်ယောက်ကို အိပ်စက်နိုင်အောင် ကူညီပေးခြင်း

များသောအားဖြင့် GERD ဟာ မွေးကင်းစကလေးငယ်တွေနဲ့ ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာသာ ဖြစ်ပွားတတ်ပြီး ကြီးလာချိန်မှာ ကောင်းသွားတတ်ပါတယ်။

တကယ်လို့ သင့်ကလေးငယ်ဟာ အသက် ၃လ အောက်ဖြစ်ခြင်း (သို့) GERD လက္ခဏာတွေဟာ ပျော့တယ်ဆိုရင် အောက်ပါအချက်တွေကို ပြုလုပ်ခြင်းဖြင့် ဆေးမလိုပဲ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

  • အစာစားချိန်ကိုနဲ့ နာကျင်မှု ကြာမြင့်ချိန်ကို စောင့်ကြည့်ပါ။

  • ကလေးငယ်ကို အစာကျွေးပြီး (နို့တိုက်ပြီး) ၂၀-၃၀ မိနစ်လောက် မတ်မတ်ထားပါ။

  • ကလေးငယ်ကို မသိပ်ခင် ၂၀-၃၀ မိနစ်လောက် မတ်မတ်ထားဖို့ လိုအပ်တာကြောင့် အစာကို စောစောကျွေးသင့်ပါတယ်။

  • အစာတွေကို အနည်းငယ်စီသာကျွေးပြီး မကြာခဏ ကျွေးပါ။

ပတ်ဝန်းကျင်ကို သတိထားပါ။ တကယ်လို့ ကလေးငယ်ဟာ GERD ကနေ ပြန်ကောင်းလာရင်တောင်မှ ပတ်ဝန်းကျင်ကြောင့် ရောဂါပြန်ဖြစ်နိုင်ပါတယ်။ သူတို့ဟာ စူးရှတဲ့ အလင်းရောင်၊ လူအုပ်၊ အချို့ အစားအစာ အစရှိတာတွေရဲ့ သက်ရောက်မှုကို ခံရနိုင်ပါတယ်။

ဒီအချက်တွေကို မိဘတွေက ဂရုစိုက်သင့်ပါတယ်။ သင့်ကလေးငယ် ညအချိန်မှာ တည်ငြိမ်စွာ နေနိုင်ဖို့ အလင်းရောင် ဖျော့ဖျော့ကိုသာ အသုံးပြုသင့်ပါတယ်။

ကလေးငယ်ကြီးလာချိန်မှာ ဒီလက္ခဏာတွေဟာ ပျောက်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ မပျောက်သွားဘူးဆိုရင်တော့ သင့်လျော်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုကို ပြုလုပ်သင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Helping Your Baby With Reflux (GERD) Sleep Better. http://www.babysleepsite.com/sleep-training/baby-infant-reflux-gerd-sleep-better-tips/. Accessed March 16, 2017.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ