backup og meta

ကလေး လေထိုးလေအောင့် လက္ခဏာနှင့် ကုသမှု

ကလေးတစ်ယောက်အနေနဲ့ လေထိုးလေထနိုင်ဖို့ အခွင့်အလမ်း များပြားပါတယ်။ လေထိုးခြင်းဟာ သက်တောင့်သက်သာ မရှိခြင်းကို ဖြစ်စေပြီး တစ်ခါတရံမှာ နာကျင်မှု ရစေပါတယ်။

ကလေးငယ်မှာ လေထိုးနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။

သင့်ကလေးဟာ ပုံမှန်ထက်ပိုပြီး အကြောင်းပြချက်မရှိပဲ ဂျီကျနေတယ်ဆိုရင် လေထခြင်း ဖြစ်နိုင်ပါတယ်။ လေထခြင်းကြောင့် နာကျင်နေတဲ့ ကလေးငယ်တွေဟာ ခြေထောက်ကို မပြီး ဆွဲဆန့်ခြင်း၊ ခါးကိုင်းထားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အူပြဿနာတွေ ကြောင့်လည်း ဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်။

ကလေးတွေမှာ လေထိုး၊လေထခြင်းဟာ ဘယ်အရာတွေကြောင့် ဖြစ်နိုင်သလဲ။

အသီးအရွက်အချို့ စားသုံးခြင်း

သင့်ကလေးရဲ့ကိုယ်ခန္ဓါဟာ လူကြီးတွေရဲ့ ကိုယ်ခန္ဓါနဲ့ ဆင်တူပါတယ်။ အချို့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီတွေကို စားသုံးခြင်းဟာ လေထစေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးငယ်ဟာ အသီးအရွက်တွေ စားသုံးတဲ့ အကျင့်ရှိရင် ဒါဟာ ကောင်းမွန်ပေမယ့် ဒီအရွက်တွေဟာ လေထစေတာမို့ အများအပြား မကျွေးသင့်ပါဘူး။

ဖျော်ရည်သောက်သုံးခြင်း

ကလေးတွေကို အသက် ၆ လအောက်ဆိုရင် မိခင်နို့ (သို့) နို့မှုန့်ကလွဲပြီး အခြား ဖျော်ရည်တွေ၊ အရည်တွေကို မသောက်သုံးစေသင့်ပါဘူး။ သူတို့ရဲ့ အစာခြေစနစ်ဟာ ကောင်းကောင်းမဖွံ့ဖြိုးသေးတာမို့ သူတို့ဟာ ဖျော်ရည်တွေ(အဓိကအားဖြင့် ဖျော်ရည်မှာ ပါဝင်တဲ့ fructose နဲ့ sucrose တွေ) ကို ချေဖျက်ဖို့ ခက်ခဲနိုင်ပါတယ်။

ရေ

ဖျော်ရည်တွေလိုပဲ အသက် ၆ လအောက်ကလေးတွေကို ရေမတိုက်သင့်ပါဘူး။ သင့်ကလေး အသက် ၆ လ ရောက်ပြီဆိုရင်တော့ ရေတိုက်နိုင်ပါတယ်။ ဒါဟာ လေထခြင်းကို ပျောက်သွားစေမှာ မဟုတ်ပေမယ့် အနည်းဆုံးတော့ ရေသောက်ခြင်းဟာ ဝမ်းချုပ်ခြင်းကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ကလေးငယ် လေထခြင်းကို ဘယ်လိုပျောက်သွားအောင် လုပ်မလဲ။

ကလေးငယ် မတ်မတ်နေချိန်မှာ အစာကျွေးပါ။

ကလေးကို အစာကျွေးတဲ့အခါမှာ နို့ကောင်းကောင်း ဗိုက်ထဲဝင်သွားစေဖို့ မတ်မတ်အနေအထားနဲ့ အစာကျွေးသင့်ပါတယ်။ တကယ်လို့ ကလေးငယ်ဟာ ကွေးကောက်နေတယ် (သို့) လဲလျောင်းနေတယ်ဆိုရင် ဗိုက်ထဲမှာ လေတွေ ပိတ်လှောင်မိဖို့ ပိုများပါတယ်။

ကလေးငယ်ကို မကြာခဏ လေတက်အောင် ပြုလုပ်ပေးပါ။

ကလေးငယ်ကို မကြာခဏ လေတက်အောင် ပြုလုပ်ပေးခြင်းဟာ လေတွေအကုန်လုံးကို ထုတ်ပေးလိုက်မှာ ဖြစ်ပါတယ်။ ကလေး အစာစား၊ အရည်သောက် ပြီးချိန်ကို စောင့်နေမယ့်အစား နို့ဘူးတိုက်နေစဉ် (သို့) အစာကျွေးနေစဉ်မှာ လေထုတ်ပေးသင့်ပါတယ်။

ကလေးစက်ဘီးစီးသော ပုံစံလုပ်ပေးပါ။

ကလေးငယ်ကို ပက်လက်လှန် ထားပြီး ခြေထောက်ကို ကိုင်ကာ စက်ဘီးစီးတဲ့ပုံစံကို တစ်နေ့ကို အကြိမ်များစွာ ပြုလုပ်ပေးသင့်ပါတယ်။ ကလေးအတော်များများဟာ ဒီလေ့ကျင့်ခန်းက လေတက်ခြင်းနဲ့ အခြား ဗိုက်မသက်မသာ ဖြစ်ခြင်းတွေကို သက်သာစေတာမို့ ကြိုက်နှစ်သက်ကြပါတယ်။

ကလေးရဲ့ ဗိုက်ကို နှိပ်ပေးပါ။

ဗိုက်ကို ညင်သာစွာ နှိပ်ပေးခြင်းဟာ လေကို သက်သာစေပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ ဝမ်းဗိုက်အတွင်းမှာ ကျန်နေတဲ့ လေတွေကို ထုတ်ပေးမှာဖြစ်ပြီး ကလေးကို နေရသက်သာစေပါတယ်။ တကယ်လို့ ကလေးငယ်က ဗိုက်ကို ပွတ်ပေးတာ မကြိုက်ဘူးဆိုရင် နောက်ကျောကို ပွတ်ပေးနိုင်ပါတယ်။ ဒါဟာ လည်း လေထနေတာကို သက်သာစေပါတယ်။

အထက်ဖေါ်ပြပါအချက်တွေကို ပြုလုပ်ရင်းနှင့် သင့်ကလေး လေထတာ သက်သာလာမှာပါ။ တကယ်လို့ သင့်ကလေး မသက်သာဘူးဆိုရင်တော့ ကလေးအထူးကု ဆရာဝန်နဲ့ ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံခြင်း၊ ဆေးကုသမှု ယူခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Gassy Tummy. http://www.babycenter.com/0_gassy-tummy_10393850.bc. Accessed December 9, 2016.
Baby Gas Pain with 9 Effective Remedies. http://www.newkidscenter.com/Baby-Gas-Pain.html. Accessed December 9, 2016.
Signs Your Baby Has Gas and How to Treat It. http://www.parents.com/baby/care/gas/signs-newborn-has-gas/. Accessed December 9, 2016.

ယခုပုံစံ

09/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် လုပ်ပေးနိုင်မယ့် ပုံပြင်ပြောပြခြင်း

ဝက်ရူးပြန်တတ်တဲ့ကလေးတွေကို ကျောင်းမှာအဆင်ပြေအောင် ဘာတွေပံ့ပိုးပေးရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement