အဓိပ္ပါယ်ဖွင့်ဆိုချက်
Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ကဘာလဲ။
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် တစ်ချို့လူများ၌ လည်ချောင်းနာပြီးနောက် ဘက်တီးရီးယားကြောင့်ဖျားခြင်း ဖြစ်ပါသည်။ Scarlatina ဟုလည်းခေါ်ပြီး ခန္ဓါကိုယ်တစ်ခုလုံး နီးပါးတွင် အနီတောက်တောက် အကွက်များထခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှာ များသောအားဖြင့် လည်ချောင်းနာခြင်းနှင့် အပြင်းဖျားခြင်းတို့ဖြင့် တွဲတတ်ပါသည်။
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် ကလေး ၅ – ၁၅ နှစ်အတွင်း အဖြစ်များဆုံးပင်။ ကြက်သွေးရောင်အဖုပေါက် ဖျားခြင်းကို ကလေးဘဝအပြင်းဖျားနာအဖြစ် ယူဆကြပြီး ပဋိဇီဝဆေးများဖြင့် အန္တရာယ်နည်းစေနိုင်ပါသည်။ မကုသပဲထားပါက ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှ ပိုပြင်းထန်းသောအခြေအနေများဖြစ်လာပြီး နှလုံး၊ ကျောက်ကပ်နှင့် တခြားအစိတ်ပိုင်းများကိုပါ ထိသွားနိုင်သည်။
Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) က ဘယ်လောက်အဖြစ်များသလဲ
ကလေးငယ်များတွင် အဖြစ်အများဆုံးဆိုသော်လည်း လူတိုင်းဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-
အနီအဖုများထခြင်း – အဖုများသည် နေလှောင်ဒဏ်ရာနှင့်တူပြီး ကော်ပတ်ကိုကိုင်ရသလို ခံစားရသည်။ စံအားဖြင့် မျက်နှာ လည်ပင်းမှစပြီး ကိုယ်ထည် ခြေ လက်တို့ကို ပျံ့နှံ့ခြင်းဖြစ်သည်။ နီမြန်းနေသောအရေပြားကိုဖိကြည့်လျှင် အရောင်ဖျော့သွားသည်ကို တွေ့ရ၏။
အနီစင်းကြောင်းများ – ပေါင်ခြံ၊ ချိုင်း၊ တံတောင်၊ ဒူးနှင့် လည်ပင်းတို့မှ အရေပြားတွန့်ခေါက်ရာများတွင် အဖုများထက်ပိုနီသော အစင်းများထခြင်းဖြစ်နိုင်၏။
မျက်နှာပူနေခြင်း – ပါးစပ်တွင် အရောင်ဖျော့နေသော အကွင်းနှင့်အတူ မျက်နှာတစ်ခုလုံး ပူနေတတ်သည်။
စတော်ဘယ်ရီရောင်လျှာ – လျှာတွင် နီထွေထွေးနှင့် အဖုလေးများရှိနေတတ်သည်။ ရောဂါအစောပိုင်းတွင် လျှာပေါ်၌ အဖြူရောင်အလွှာအုပ်နေတတ်၏။
မျက်နှာနှင့်လျှာမှအဖုနှင့်နီမြန်းမှုများသည် ပုံမှန်အားဖြင့် တစ်ပတ်ခန့်ကြာတတ်သည်။ အထက်ပါလက္ခဏာများ ပျောက်ကင်းသွားပြီးနောက် အဖုထထားသောအရေပြား ကွာကျသွားပါမည်။
တခြားသော ဆက်စပ်လက္ခဏာများ –
- အဖျား ၃၈စင်တီထက်ပိုခြင်း၊ ချမ်းတုန်ခြင်း
- လည်ချောင်အလွန်နာခြင်း နီခြင်း တစ်ခါတစ်ရံတွင် အဖြူရောင် အဝါရောင်အကွက်များထခြင်း
- မျိုချရခက်ခြင်း
- လည်ပင်းမှ ပြန်ရည်ကျိတ်များကြီးပြီး ထိလိုက်လျှင်နာခြင်း
- ပျို့ခြင်း အန်ခြင်း
- ခေါင်းကိုက်ခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။
- အဖျား ၁၀၂ ဖာရင်ဟိုက် (၃၈.၉ စင်တီဂရိတ်) နှင့်အထက်
- လည်ပင်းအကျိတ်များ ဖောင်းကြွနာကျင်ခြင်း
- အနီဖုများထခြင်း
အကြောင်းရင်းများ
Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ကိုဘာတွေကဖြစ်စေသလဲ
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှာ စထရပ်လည်ချောင်းနာခြင်းကိုဖြစ်စေသော ဘက်တီးရီးယားနှင့် အတူတူပင်ဖြစ်သည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းတွင် ဘက်တီးရီးယားမှ အဆိပ်ထုတ်၏။ ထိုအဆိပ်ကြောင့် အနီအဖုများထခြင်း လျှာနီခြင်းတို့ဖြစ်ရခြင်းဖြစ်သည်။
ပိုးသည် တစ်ဦးမှတစ်ဦး နှာချေစဉ် ချောင်းဆိုးစဉ်မှထွက်သော အစက်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးဝင်စမှ အဖျားစချိန်ထိကြာချိန်မှာ ၂ – ၄ရက်သာ ကြာပါသည်။
ဖြစ်နိုင်ခြေများ
Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများမှာ – ကလေးအသက် ၅-၁၅ နှစ်သည် တခြားသူများထက် ဖြစ်နိုင်ချေအများဆုံးပင်။ အဖျားပိုးသည် အနီးကပ်နေထိုင်သူများဖြစ်သော မိသားစုတွင်း အခန်းဖော်များအတွင်း အလွယ်တကူပျံ့နှံ့တတ်ပါသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Sscarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
စမ်းသပ်စဉ်တွင် ဆရာဝန်မှ –
- ကလေးလည်ချောင်း၊ အာသီးနှင့် လျှာအခြေအနေတို့အား ကြည့်ရှု့ပါလိမ့်မည်။
- ကလေးလည်းပင်းတွင် ပြန်ရည်ကျိတ်များကြီးမကြီး စစ်ဆေးပါလိမ့်မည်။
- အဖုအကွက်များ၏ပုံစံနှင့် အရောင်ကို စစ်ဆေးပါလိမ့်မည်။
- လည်ချောင်းကိုဂွမ်းစနှင့်တို့ပြီး နမူနာယူပါလိမ့်မည်။
ဆရာဝန်သည် စထရပ်ပိုးကြောင့်ဖြစ်ကြောင်း သံသယရှိပါက အာသီးနှင့် လည်ချောင်းနောက်ပိုင်းအား ဂွမ်းစနှင့်တို့ကာ နမူနာစုပြီး ဓါတ်ခွဲခန်းသို့ပို့ပါလိမ့်မည်။
စထရပ်ဘက်တီးရီးယားကိုစစ်ဆေးခြင်းက အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော တခြားသောအခြေအနေများကလည်း ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းလို လက္ခဏာများကို ဖြစ်စေနိုင်ပြီး တခြားသောကုထုံးများကို လိုကောင်းလိုနိုင်သောကြောင့်ဖြစ်သည်။ စထရပ်ဘက်တီးရီးယား မတွေ့ဘူးဆိုပါက တခြားသောအချက်များကို ရှာရမည်ဖြစ်သည်။
Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်မှ ပဋိဇီဝဆေးများ အရည်များကို ၅ရက် သို့မဟုတ် ၁၀ ရက်ကြာသောက်ရန် ပေးပါလိမ့်မည်။ သင်ရော သို့မဟုတ် ကလေးရော တစ်ရက်နှစ်ရက်အတွင်း ကောင်းလာသလို ခံစားရပါလိမ့်မည်။ သို့သော်လည်း ဆေးကို အကုန်သောက်ရမည်မှာ အရေးကြီးပါသည်။
ပဋိဇီဝဆေးများကိုသောက်ရာတွင်
- အနားကောင်းကောင်းယူပြီး အရည်များများသောက်ပါ။
- ပါရာစီတမော သို့မဟုတ် အိုင်ဗျူပရိုဖိုင်များကို အဖျားတက်လျှင် မအီမသာခံစားရလျှင် သောက်နိုင်ပါသည်။ (အသက် ၁၆ နှစ်အောက်ကို အက်စ်ပရင်မပေးရပါ။)
- ပိုးမပျံ့အောင် ကြိုးစားပြီးနေပါ
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
အဖျားနှင့် နာကျင်မှုကိုကုပါ – ibuprofen (Advil, Children’s Motrin, others) or acetaminophen (Tylenol) တို့ကိုသုံးပြီး အဖျားနှင့် လည်ချောင်းနာမှုကိုထိန်းပါ။ အရည်များများသောက်ပါ။ ကလေးအား လည်ချောင်းစိုစွတ်ပြီး ရေဓါတ်မခမ်းစေရန် ရေများများတိုက်ပါ။
ဆားငံရည်နှင့်ပလုတ်ကျင်းပါ – ကလေးပလုတ်ကျင်းတတ်လျှင် ဆားငံရည်နှင့်ကျင်းခိုင်းပြီး ထွေးခိုင်းပါ။ ထိုမှ လည်ချောင်းနာမှုကို သက်သာစေပါသည်။ လေထုကို စိုစွတ်အောင်လုပ်ပါ။ ခြောက်သွေ့သောလေသည် လည်ချောင်းနာခြင်းကို ပိုဆိုးစေပါသည်။
ငုံဆေးပြားများတိုက်ပါ – အသက် ၄ နှစ်အထက် ငုံ့ဆေးစုပ်တတ်သောကလေးများကို လည်ချောင်းနာခြင်းကို သက်သာစေပါသည်။
သက်သာသောအစာများကိုပေးပါ။ စွပ်ပြုတ်နှင့် အအေးများသည် လည်ချောင်းနာမှုအား သက်သာစေပါသည်။ ဆေးလိပ်ငွေ့ကင်းအောင် လည်ချောင်းကိုစပ်စေသည့်အရာများ ကင်းအောင် ပြုလုပ်ပေးပါ။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]