အမျိုးသမီးတွေအနေနဲ့ ရင်သားနဲ့ နို့သီးခေါင်းကို လုံးဝဂရုမစိုက်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ရင်တော့ ဂရုစိုက်ရပါမယ်။ ရင်သားနဲ့ နို့သီးခေါင်းတွေ ကောင်းကောင်းဖွံ့ဖြိုးပြီး ပုံမှန်အတိုင်း ရှိနေမှ ကလေးလေး မွေးလာတဲ့အခါ နို့ကောင်းကောင်း တိုက်နိုင်မှာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေ ရင်သားနဲ့ ပတ်သက်ပြီး ကြုံရတဲ့ပြဿနာက နို့ပါးစပ် ဖြစ်တာပါ။ နို့ပါးစပ်ဆိုတာ နို့သီးခေါင်းက အထဲကို ချိုင့်ဝင်နေတဲ့အတွက် ကလေးနို့စို့တဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်။