backup og meta

သားသားလေး ရွှေပန်းထောင်တာစိတ်ပူစရာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားလေး ရွှေပန်းထောင်တာစိတ်ပူစရာလား

    ရွှေပန်း ဒါမှမဟုတ် ဂျိူးကလေးမာပြီးထောင်တယ်ဆိုတာ တကယ်တော့ ကျန်းမာတဲ့ယောက်ျားလေးတစ်ယောက်ဆိုတာကို ပြသနေတာပါ။ ဒါပေမယ့် ကလေးငယ်တွေမှာ ဖြစ်တာကို စတွေ့မိတဲ့အခါ မိဘတွေအထူးသဖြင့် အမေတွေအနေနဲ့ စိုးရိမ်ပူပန်တတ်ကြပါတယ်

    ယောကျ်ားလေးတွေမှာ လိင်အင်္ဂါဘယ်အရွယ်ကစ ထောင်မတ်တတ်သလဲ

    ယောက်ျားလေးတစ်ယောက်ဟာ ငယ်ရွယ်လွန်းတဲ့အသက်အရွယ်၊ အတိအကျပြောရရင် မမွေးသေးခင်မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာကတည်းက စပြီးထောင်မတ်တတ်ပါတယ်။ ဒါကြောင့် သင့်မွေးကင်းစကလေးငယ်လေးကို ဒိုင်ဘာလဲပေးတဲ့အခါ ဒါမှမဟုတ် ရေချိူးပေးတဲ့အခါ ဂျိူးလေးထောင်နေတာတွေ့ရင် သိပ်မအံ့သြပါနဲ့။ ဒါဟာ သဘာဝတရားသာဖြစ်ပြီး သင့်ကလေးကျန်းမာတယ်ဆိုတာကိုပြသနေတာပါ။ မွေးကင်းစ ကလေးငယ်ဟာ တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်မှာ ဘာတွေရှိလဲဆိုတာကို စတင်စူးစမ်းပါတော့တယ်။ အဲလိုစူးစမ်းတဲ့အခါ သူတို့ရဲ့ရွှေပန်းလေးကို ကိုင်ကြည့်တာမျိူးလဲ ပါဝင်တတ်ပါတယ်။ ဒါကြောင့် သူတို့လိင်အင်္ဂါလေးထောင်မတ်တာဟာလည်း အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါထောင်မတ်မှုနဲ့မတူတာက ကလေးငယ်တွေရဲ့လိင်အင်္ဂါထောင်မတ်မှုဟာ သုက်မထွက်တတ်ပါဘူး။ အသက်ဆယ့်တစ်နှစ်ဝန်းကျင် ဒါမှမဟုတ် ဒီ့ထက်ပိုကြီးတဲ့အရွယ်ရောက်မှသာ လူပျိုပေါက်ဘဝကို စတင်ပြောင်းလဲပြီး သုက်လွှတ်တာမျိူးစရှိတာပါ။

    ဘာကြောင့်ဖြစ်ရတာလဲ

    ကလေးတွေဘာကြောင့် လိင်အင်္ဂါထောင်မတ်ရတာလဲဆိုတာ အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ သေချာတာကတော့ လိင်စိတ်နိုးထတာကြောင့် မဟုတ်ပါဘူး မွေးကင်းစကလေးတွေမှာတော့ ဘာအကြောင်းမှမရှိဘဲ လေအေးနဲ့ထိတွေ့တဲ့အခါ၊ ဆီးသွားချင်တဲ့အခါ ထောင်မတ်တတ်ပါတယ်။ ဒီ့ထက်နည်းနည်းပိုကြီးတဲ့ကလေးတွေမှာတော့ လိင်တံကို ထိတွေ့မိတာ၊ ပွတ်မိတာ ဒါမှမဟုတ် လက်နဲ့ကစားတာဟာ ခံစားလို့ကောင်းလို့ ကစားတာမျိူးလည်း ရှိတတ်ပါတယ်။တချို့သောကလေးတွေကတော့ အိပ်ရာမဝင်ခင် မှာ ကိုယ့်ဘာသာ နှစ်သိမ့် soothing effect ရစေဖို့ ကစားတာမျိုးလဲ ရှိတတ်ပါတယ်။ ဒါပေမယ့် သိထားသင့်တာက အဲလိုဖြစ်ရင်တောင် ဒါဟာ ရာနှုန်းပြည့် ပုံမှန်အခြေအနေပဲဆိုတာပါ။

    ဒါပေမယ့် ဒီလိုအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ အရေးအကြီးဆုံးတစ်ချက်က သင့်ကလေးဒီလို လိင်တံကိုကိုင်တွယ်ကစားတာဟာ ရှက်စရာ ဒါမှမဟုတ် မှားယွင်းတဲ့ကိစ္စလို့ ကလေးအနေနဲ့မခံစားမိစေဖို့ပါပဲ။ ဒါပေမယ့် တပြိုင်နက်တည်းမှာ ကလေးကို သင့်အနေနဲ့ ဒီကိစ္စဟာ ပုဂ္ဂလိကဆန်တဲ့ ကိစ္စမျိူးဖြစ်တယ်။ဒါမျိူးဟာ private ကိစ္စဖြစ်လို့ သီးသန့်နေရာနဲ့ အချိန်မှာပဲလုပ်ရမယ်ဆိုတာ ပေးသိထားသင့်ပါတယ်။ တချို့ကလေးတွေအတွက်တော့ လိင်အင်္ဂါကိုကစားတာ၊ ဒါမှမဟုတ် ထောင်မတ်လာတာဟာ ပျော်စရာလုံးဝမဟုတ်ပါဘူး။ အဲလိုဖြစ်တဲ့အချိန် လိင်အင်္ဂါအရွယ်အစားပြောင်းလဲသွားမှုအပေါ် ကြောက်တတ်ပြီး တချိူ့ကတော့ သက်တောင့်သက်သာမရှိဘဲ နာကျင်တတ်တာမျိူးတောင်ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်လို့ သင့်ကလေးနာကျင်တယ် ဒါမှမဟုတ် ငိုတယ်ဆိုရင်လည်း မအံ့သြပါနဲ့။ အဲလိုထောင်မတ်တာကို သင်ကြုံတဲ့အခါ ဒါဟာယောက်ျားလေးတွေမှာ တစ်ခါတစ်ရံဖြစ်တတ်တဲ့ပုံမှန်ကိစ္စပဲဆိုတာ ပြောပြပါ။ သက်တောင့်သက်သာရှိဖို့ ပွပွချောင်ချာင်ဘောင်းဘီဝတ်တာ၊ ရေချိူးတာမျိူးလုပ်ပေးနိုင်ပါတယ်။

    ဘယ်လိုအချိန်မှာ စိုးရိမ်သင့်သလဲ

    အများစုသော လိင်အင်္ဂါထောင်မတ်မှုတွေဟာ ပုံမှန်ပဲဖြစ်ပြီး အန္တရာယ်မရှိဘဲ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုထောင်မတ်တာဟာ အချိန်တစ်ရာရီနဲ့အထက် ကြာနေတာမျိုး၊ ဖျားတာ၊ လိင်အင်္ဂါနီရဲတာ၊အဖုအပိန့်ထတာမျိူး ရောင်နေတာမျိူး အတော်ကိုနာကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement