မျက်လုံးနဲ့ အသားအရေကို ကောင်းစေတဲ့အပြင် ခုခံအားကိုပါ တက်စေတဲ့ ဒီဗီတာမင်က ကလေးတွေအတွက် လိုအပ်ပါတယ်။ အသီးအရွက်တွေကနေ ရနိုင်ပေမယ့် မေမေ့ကလေးက ချေးများနေရင်တော့ တစ်မျိုးတည်းမှာ အာဟာရအကုန် ဖြည့်စွက်ထားတဲ့ ဆီရီယယ်တွေက ပိုအဆင်ပြေမှာပါ။
ရောဂါပိုးတွေ ပေါများလှတဲ့ ဒီလိုကာလမှာ ကလေးရဲ့ ခုခံအားကို ကြိုပြီး မြှင့်တင်ထားတာက အကောင်းဆုံးပါ။ ဗီတာမင်စီက ကလေးရဲ့ ခုခံအားကို တက်စေတဲ့အပြင် ကော်လဂျင်ထုတ်လုပ်မှုကိုလည်း အားပေးတာကြောင့် အရိုးနဲ့ သွေးကြောတွေကိုပါ ကျန်းမာစေပါတယ်။
-
ကောင်းကျိုးပြုဘက်တီးရီးယား
ပရိုဘိုင်အိုတစ်လို့ ပြောလိုက်ရင် မေမေတို့ အားလုံး သိပြီးသားနေမှာပါ။ မေမေ့ကလေးရဲ့ ဝမ်းဗိုက်လေး ကျန်းမာဖို့ ပရိုဘိုင်အိုတစ်တွေက အရေးကြီးပါတယ်။ မေမေတို့ အပြင် ဘယ်လောက်ပဲ အာဟာရရှိတာတွေကို ကျွေးကျွေး၊ ကလေးရဲ့ အူလမ်းကြောင်းက မကျန်းမာဘူးဆိုရင် စားသမျှ အလဟဿဖြစ်ပြီး လိုအပ်တဲ့ အာဟာရတွေကို ရရှိမှာ မဟုတ်ပါဘူး။
ဒီဓာတ်တွေက ကလေးရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အခြေခံအာဟာရဓာတ်တွေပဲ ဖြစ်ပါတယ်။ မေမေတို့ ဆီရီယယ် ဖြည့်စွက်စာ ဝယ်မယ်ဆိုရင် ဂျုံနဲ့ လုပ်ထားတာ ဖြစ်ရမယ့်အပြင် ဒီဓာတ်တွေလည်း ပါမပါ စစ်ဆေးဖို့ လိုပါတယ်။
အိမ်ချက်ဆိုတာကတော့ မေမေတို့ကိုယ်တိုင် ကလေးစားဖို့ ပြင်ဆင်ပေးတဲ့ ထမင်းနဲ့ ဟင်းပေါ့။ အိမ်မှာ ကိုယ့်ဟာကိုယ်ချက်ကျွေးတာရဲ့ အားသာချက်ကတော့ မေမေတို့ လတ်လတ်ဆတ်ဆတ် ချက်ကျွေးနိုင်တယ်။ ကိုယ်ကိုယ်တိုင် ချက်ကျွေးရတဲ့အတွက် ကလေးနဲ့ ပိုပြီး သံယောဇဉ် တွယ်နိုင်ပါတယ်။
ဒါပေမယ့် မေမေတို့ သတိထားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။ အိမ်မှာ ကိုယ်ကိုယ်တိုင် ချက်ကျွေးမယ်ဆိုရင်
- သန့်ရှင်း လတ်ဆတ်မှု ရှိရပါမယ်။ တစ်နေ့စာ တစ်နေ့ပဲ ကျွေးရပါမယ်။ မဟုတ်ရင် ကလေး ဝမ်းလျှောမှာပါ။
- အချိန်ပေးနိုင်ရပါမယ်။ ကလေးက ထမင်းကျွေးရုံ သက်သက်ဆိုရင်တောင် နာရီတစ်ပတ်လည်အောင် ကြာတတ်လို့ မေမေတို့ ချက်ပြုတ်ပြင်ဆင်ချိန်အတွက်ပါ အချိန်ပေးနိုင်မှ ရပါမယ်။
- အာဟာရပြည့်ဝရပါမယ်။ ဒီအရွယ်ကလေးက ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်ဖြစ်လို့ မေမေတို့ ကျွေးသမျှက အာဟာရဖြစ်နေရပါမယ်။ ကာဘိုဟိုက်ဒရိတ်တွေ၊ အဆီတွေအပြင် တခြား ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပရိုဘိုင်အိုတစ်တွေပါ ဖြည့်စွက်ပေးရပါမယ်။
- တစ်ခုသတိထားရမှာက ကလေးက အရသာ မှတ်တဲ့အရွယ်ဆိုတော့ တစ်ခါတည်း အများကြီး မျိုးစုံကျွေးဖို့ကလည်း အဆင်မပြေပါဘူး။ ဒါကြောင့် အမျိုးအမည်နည်းနည်းနဲ့ အာဟာရစုံဖို့ ဂရုစိုက်ရပါမယ်။
- ဆောင်ရန် ရှောင်ရန်တွေကို နားလည်ထားဖို့ လိုပါတယ်။ ဥပမာ ကလေးက ငယ်သေးရင် ဆားလုံးဝမထည့်ရပါဘူး။ ကလေး သန်ထမှာစိုးလို့ ဆိုပြီး အသားတွေ မကျွေးတာ၊ ဝမ်းလျှောမှာစိုးလို့ အရွက်တွေ မကျွေးတာမျိုး မလုပ်ရပါဘူး။ ဒီလိုဆို ကလေးက အာဟာရချို့တဲ့ နေမှာပါ။ ဒါကြောင့် ဖြည့်စွက်စာကျွေးမယ့် မေမေက ကလေးကျန်းမာရေး ဗဟုသုတ ရှိဖို့ လိုပါတယ်။
အိမ်မှာ ကိုယ်ကိုယ်တိုင် ချက်ကျွေးမယ်ဆိုရင်တော့ မေမေတို့ ဒီလို စိန်ခေါ်မှုလေးတွေ ကြုံရနိုင်ပါတယ်။ ဘာကျွေးမယ်၊ ဘာကို ရွေးချယ်မယ်ဆိုတာကတော့ မေမေတို့ သဘောပါ။
ဆီရီယယ် ဖြည့်စွက်စာတွေကတော့ လိုအပ်တဲ့ အာဟာရဓာတ်ကို တစ်ပါတည်း ဖြည့်ထားပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ခွက်နဲ့တင် အားလုံးပြည့်စုံအောင် ထုတ်ထားတာဖြစ်ပါတယ်။ မေမေတို့ အနေနဲ့ ကိုယ်တိုင် ဖြည့်စွက်စာကို ချက်ပြုတ်ဖို့ အခက်အခဲရှိတယ်၊ ကိုယ်ကျွေးတဲ့ထဲမှာ ကလေးလိုအပ်တဲ့ အာဟာရတွေ အားလုံး မပါမှာ စိုးရိမ်တယ်ဆိုရင် ဆီရီယယ် ဖြည့်စွက်စာကို ကျွေးတာက ကလေးအတွက် ပိုပြီး စိတ်ချရပါတယ်။ ဘာပဲကျွေးကျွေး လိုရင်းက မေမေတို့ ကလေးတွေ ကြီးထွားဖွံ့ဖြိုးပြီး ရောဂါကင်းနေဖို့က ပဓာနပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။