backup og meta

ဘေဘီတို့ရဲ့ ဝမ်းချုပ်ပြဿနာ အဖြေရှာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီတို့ရဲ့ ဝမ်းချုပ်ပြဿနာ အဖြေရှာ

    မေမေတို့မှာလည်း ကိုယ့်သားသားမီးမီးလေးတွေကို ချစ်လိုက်ရတာ အရိပ်တကြည့်ကြည့်နဲ့ပါပဲ။ ကလေး က နေလို့ကောင်းရဲ့လား၊ သူများနည်းတူကြီးထွားလာရဲ့လား၊ ဖွံ့ဖြိုးတိုးတက်လာရဲ့လား၊ ဉာဏ်ရည်ရော ထက်မြက်ရဲ့လား စတဲ့ မေးခွန်းတွေနဲ့ သေချာစောင့်ကြည့်၊ ဂရုစိုက်လိုက်ရတာ အမော။ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေကိုရဖို့ဆိုရင် ကလေး အာဟာရ က အရေးပါဆုံးဆိုတာ မေမေတို့ သိပြီးသားဖြစ်မှာပါ။

    ဒီလိုအရေးပါတဲ့အာဟာရတွေကို အစားအသောက်ထဲကနေ ခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့၊ ထိထိရောက်ရောက်အသုံးချနိုင်ဖို့ ကလေးရဲ့အစာခြေစနစ်လေး ကျန်းမာဖို့ကလည်း အဓိကကျနေပါတယ်နော်။ ဘယ်လောက်ကောင်းတာကျွေးကျွေး ကလေးရဲ့အစာခြေစနစ် မကျန်းမာရင် ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက်ဖြစ်မယ်၊ အာဟာရ တွေကို ကောင်းကောင်းမစုပ်ယူနိုင်တာမျိုးရှိမယ်။ ကဲ… မေမေတို့ဖြစ်စေချင်သလို ဘယ်လိုလုပ် ဖွံ့ဖြိုးထက်မြက်နိုင်ပါတော့မလဲ။

    အစာခြေစနစ်မကျန်းမာတဲ့ သားသားမီးမီးလေးတွေအဖြစ်များတဲ့ ပြဿနာတစ်ခုက ဝမ်းချုပ်တာပါပဲ။ ကိုယ်တွေငယ်ငယ်တုန်းက ဝမ်းချုပ်လို့ ငိုခဲ့ရတာ၊ ဝမ်းချူခဲ့ရတာတွေ အမှတ်တရအဖြစ် မေမေတို့ မှတ်မိကောင်း မှတ်မိနေဦးမှာပါ။ ဒါပေမယ့် အခုလို နည်းပညာတိုးတက်တဲ့အချိန်မှာတော့ ကိုယ့်ကလေးကို ဝမ်းချုပ်ခြင်းပြဿနာကနေ အကောင်းဆုံးကူညီ၊ ကာကွယ်ပေးနိုင်မယ့် အရာတွေ ရှိနေပြီလေ။

    အစာခြေစနစ်ရဲ့ ကိုယ်ရံတော်

    ကလေးမှာ ဝမ်းချုပ်ပြီဆို ဝမ်းသွားချင်လည်း မသွားနိုင်လို့ ငိုနေရတဲ့မျက်နှာလေးရယ်၊ လေထိုးလေအောင့် ဖြစ်လာလို့ ခံစားရတာတွေရယ်၊ ဝမ်းသွားတဲ့အချိန် မျက်ရည်လည်ရွှဲနဲ့ ဖြစ်ရတာတွေရယ် မေမေတို့ မြင်တွေ့ချင်မှာမဟုတ်ပါဘူး။ ဝမ်းမချုပ်အောင်လို့ ကလေးကို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေ ကျွေးတာအပြင် အရေးပါတဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Probiotic ဆိုတဲ့ အစာခြေစနစ်အတွင်း သဘာဝအလျောက် ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါပဲ။

    Probiotic တွေက အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုကောင်းမွန်စေဖို့ အားဖြည့်ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ ဝမ်းပြဿနာအတွက် ကိုယ်ရံတော်လေးတွေလို့ ဆိုနိုင်ပါတယ်။ ကလေးတွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ သူတို့လေးတွေ အလုံအလောက် ရှိနေမယ်ဆို ဝမ်းချုပ်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။

    Probiotic ကို ဘယ်ကနေ ရနိုင်မလဲ

    အကျိုးပြုဘက်တီးရီးယားတွေကို အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေက‌နေ ရနိုင်ပါတယ်။ ဥပမာ –

  • ဒိန်ချဉ်
  • မိဆို
  • ကင်မ်ချီ
  • ချိစ် တို့အပြင်
  • အကျိုးပြုဘက်တီးရီးယား ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကနေရရှိနိုင်ပါတယ်။
  • နောက်တစ်နည်းကတော့ Probiotic လေးတွေကို အားဖြည့်ပေးမယ့် အမျှင်ဓာတ်အာဟာရတစ်မျိုး (Prebiotic) လေးတွေ စားပေးဖို့ပါပဲ။  Prebiotic လေးတွေကို ကညွှတ်၊ ငှက်ပျောသီး၊ ဘယ်ရီသီးတွေ၊ ကြက်သွန်၊ ကြက်သွန်မြိတ်၊ ပဲနီလေး စတဲ့ အစားအသောက်တွေကနေ ရနိုင်ပါတယ်။

    ကိုယ့်ဘေဘီလေး သူများထက် ပိုထွားစေဖို့၊ ပိုထက်မြက်စေဖို့၊ ပိုကျန်းမာစေဖို့ အဓိကကျတဲ့ အစာခြေစနစ်လေး ကျန်းမာအောင် ဂရုစိုက်ပေးလိုက်ရအောင်နော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement