အေးတဲ့ရာသီမှာ ဂရုစိုက်ရမယ်ဆိုပြီးကလေးငယ်လေးကို စောင်တွေအထပ်ထပ်လည်း ပတ်မထားပါနဲ့နော်။ ကလေးတွေအိပ်နေရင်းရုတ်တရက်သေဆုံးတတ်တဲ့(Sudden Infant Death Syndrome – SIDS)ရောဂါအန္တရာယ်ကိုဖြစ်နိုင်ခြေနည်းစေဖို့ ကလေးကိုသိပ်ရင်ခေါင်းအုံးတွေ၊စောင်တွေ ထည့်သိပ်တာသိပ်မများသင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။
ကလေးကို ဆောင်းရာသီမှာ ဘေးအန္တရာယ်ကင်းပြီး နွေးနွေးထွေးထွေးဖြစ်စေဖို့ကမေမေတို့အပေါ်မူတည်နေတယ်ဆိုတော့…
ဒီအချက်လေးတွေ ဂရုစိုက်ကြည့်ပါဦးလို့။
ဘေဘီလေး ကို အနွေးထည်ဝတ်ပေးပါ
အေးနေတဲ့အချိန်မှာ ကလေးကို အနွေးထည်ဝတ်ပေးဖို့မမေ့ပါနဲ့။ သိပ်မအေးနေဘူးဆိုရင်တော့ အနွေးထည်မဟုတ်ဘဲ အင်္ကျီလက်ရှည်တစ်ထည်တော့ ထပ်ဝတ်ပေးသင့်ပါတယ်။ ကိုယ်တိုင်ကအေးတယ်လို့မခံစားရပေမယ့် အပြင်ရာသီဥတုကအေးနေမယ်၊ တခြားသူတွေအေးနေတယ်ဆိုရင် ကလေးကို ထပ်ဝတ်ပေးပါတော့။ ကိုယ်မချမ်းတာနဲ့ ကလေးကို ဒီအတိုင်းမထားပါနဲ့။
ဝတ်ရလွယ်၊ ချွတ်ရလွယ်တာတွေ ဝတ်ပေးပါ
ဆောင်းတွင်းဝတ်ဖို့ဆိုပြီး ကလေးအတွက်အနွေးထည်လှလှလေးတွေဝယ်ကြပေမယ့် နွေးတာ၊လှတာအပြင် ကလေးအတွက်သက်တောင့်သက်သာရှိဖို့ကိုလည်းထည့်တွေးသင့်ပါတယ်။နွေးတာထက်ကျော်လွန်ပြီးလှောင်အိုက်၊ ကျပ်ထုတ်နေစေနိုင်တဲ့ အထူကြီးတွေဝတ်ပေးတာမလုပ်သင့်ပါဘူး။အေးလာရင်ပြန်ဝတ်ပေး၊ အိုက်လာရင်ပြန်ချွတ်ပေးဖို့ လွယ်ကူတဲ့ချုပ်သားဒီဇိုင်း၊ အသားလည်းကောင်းတဲ့ ဝမ်းဆက်လေးတွေကိုရွေးချယ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။