backup og meta

ကလေး ကို နူးညံ့ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်စေဖို့ ဘာတွေလုပ်ပေးမလဲ

လူကြီးတွေမှာတောင် အသားအရေလေးက နူးညံ့နေတာပဲ၊ ကလေးလေးကျနေတာပဲလို့ ပြောတတ်ကြတယ်။ ကလေး တွေရဲ့အသားအရေက နူးညံ့တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီအတိုင်းဆက်ပြီး အပြစ်အနာအဆာကင်းပြီး ချောမွတ်နေဖို့၊ အသားအရေလှဖို့ကတော့ ဖေဖေမေမေတို့ရဲ့တာဝန်ပါပဲ။

ကလေးလေးတွေကို အာဟာရဓါတ်ပြည့်ဝအောင်ကျွေးမွေးဖို့ စဉ်းစားရသလို သူတို့ရဲ့အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးရပါမယ်။ ဒီအချက်လေးတွေအတိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေနူးညံ့စိုပြေတဲ့ သားသားမီးမီးလေးတွေဖြစ်လာမှာပါ။

အာဟာရကို ဂရုစိုက်ပါ

ကလေးတွေက ပေါက်ကရ သရေစာတွေ၊မုန့်တွေ မက်မောပြီး အစားအသောက်ကိုကြေးထူတတ်ကြပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီတဲ့အစာတွေကိုဆိုရင်ပေါ့။ကွေကာအုပ်နဲ့ သစ်သီးတွေ မကြာခဏကျွေးခြင်းအားဖြင့် အာဟာရပိုပြည့်ဝစေမှာပါ။ အသီးအနှံတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး free radical တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးမှုနဲ့ အသားအရောင်မညီခြင်းကို ထိန်းချုပ်ကုသနိုင်စွမ်းရှိလို့ ကလေးရဲ့အသားအရေအတွက် အကျိုးကျေးဇူးများပါတယ်။

ရေများများတိုက်ပါ

ဘယ်သူမဆို ရေကို ထိုက်သင့်တဲ့ပမာဏအထိ သောက်သုံးသင့်သလို ကလေးငယ်တွေကိုလည်းရေတိုက်မနည်းပါစေနဲ့။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကအဆိပ်အတောက်တွေမှန်သမျှ ရေနဲ့အတူစွန့်ထုတ်ပြီး အသားအရေကြည်လင်၊သန့်စင်လာစေမှာပါ။

ခရမ်းချဉ်သီးအနှစ်နဲ့ ဒိန်ချဉ်

ခရမ်းချဉ်သီးဟာ ချေးချွတ်နိုင်တဲ့သဘာဝအာနိသင်ရှိပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ဒိန်ချဉ်ကို ရောပြီး (အုတ်ဂျုံပါထည့်ရင်ပိုကောင်းပါတယ်) ရလာတဲ့ အနှစ်ကိုရေမချိုးခင် ကလေးကို လူးပေးပါ။ ခဏနေရေချိုးပေးပါ။

အဆီတစ်မျိုးမျိုးနဲ့ နှိပ်နယ်ပေးပါ

အုန်းဆီက ကလေး ရဲ့အသားအရေကို နှိပ်နယ်ပေးဖို့အကောင်းဆုံးပါဝင်ပစ္စည်းပါ။ အုန်းဆီနဲ့နှိပ်နယ်ပေးခြင်းဖြင့် ကလေးရဲ့အသားအရေ စိုပြေလှပလာစေမယ့်အပြင် ကြွက်သားလေးတွေ ကြံ့ခိုင်သန်မာလာစေဖို့အထောက်အကူဖြစ်စေပါတယ်။

ဂလစ်ဆရင်းအလှဆီနဲ့ milk cream လူးပေးပါ

milk cream နဲ့ ဂလစ်ဆရင်းအလှဆီကိုရောပြီး ကလေးကိုလိမ်းပေးရင် အသားအရေဖြူစင်ကြည်လင်လာစေပါလိမ့်မယ်။

ကုန်ပစ္စည်းတွေကို သေချာလေ့လာပြီးမှ ကလေးအတွက်သုံးပါ

ကလေးတွေအတွက် သုံးမယ့် အသားအရေထိန်းပစ္စည်းတွေကိုရွေးချယ်မယ်ဆိုရင် အမွှေးနံ့မပါတဲ့၊မျက်စိမစပ်စေတဲ့ ရှန်ပူတွေ၊ရေချိုးဆပ်ပြာတွေနဲ့ လိုးရှင်းတွေကကောင်းပါတယ်။ သုံးတဲ့အခါတိုင်းလည်း ကလေးမှာဓါတ်တည့်ခြင်းရှိမရှိ စောင့်ကြည့်သင့်ပါတယ်။

ကလေးရဲ့အသားအရေမှာ အစိုဓါတ်ထိန်းပေးဖို့လည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် လိုးရှင်းတွေ၊ baby oilတွေ လိမ်းပေးသင့်တာပါ။ ကလေးအတွက် ရေမွှေးနံ့ပါတဲ့ဆပ်ပြာတွေ၊ ဘက်တီးရီးယားသေစေတဲ့ဆပ်ပြာတွေ မသုံးသင့်ပါဘူး။ နုနယ်တဲ့အသားအရေအတွက် ပြင်းလွန်းပါလိမ့်မယ်။ ကလေးအတွက်က ကလေးရေချိုးဆပ်ပြာတွေသာ အကောင်းဆုံးပါပဲ။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.parents.com/baby/care/skin/how-to-care-for-baby-skin/

http://www.stylecraze.com/articles/tips-to-make-your-babys-skin-fair/#gref

 

ယခုပုံစံ

15/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေး ရဲ့အသားအရေအတွက် အကောင်းဆုံးအစားအစာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement