ဝမ်းလျှောနေတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ
မိခင်နို့တိုက်ပါ- ကလေးက အရမ်းငယ်နေသေးတယ်ဆိုရင်တော့ ကလေးအတွက် အကောင်းဆုံး အာဟာရက မိခင်နို့ကလွဲလို့ တခြားမရှိပါဘူး။ မိခင်နို့ကပဲ ကလေးငယ်ကို ကုန်ဆုံးသွားတဲ့ရေဓါတ်တွြေဖည့်တင်းပေးနိုင်မှာပါ။ ဒါကြောင့် ရင်သွေးလေးက ၆ လထက်ငယ်ပြီး ဝမ်းသွားနေမယ်ဆိုရင် မိခင်နို့ကို ဂရုတစိုက်နဲ့ မကြာမကြာတိုက်ပေးပါ။
နို့တိုက်နေတဲ့မိခင်အနေနဲ့ကလည်း ကလေးကို ဝမ်းပျက်စေနိုင်မယ့် အစပ်တွေ နဲ့ နို့ထွက်ပစ္စည်းတွေစားသုံးမှုကို တတ်နိုင်သမျှလျှော့ရပါမယ်။
ဓါတ်ဆားရည်တိုက်ပါ – ဝမ်းသွားတဲ့အခါ ကလေးရဲ့ခန္ဓါကိုယ်ကရေဓါတ်တွေကိုဆုံးရှုံးသွားတယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။နောက်တစ်ချက်က ကလေးငယ်တွေက လူကြီးတွေထက်ရေဓါတ်ဆုံးရှုံးမှုမြန်ပါတယ်။ ဒါကြောင့် ကလေးက အဆက်မပြတ်ဝမ်းသွားနေမယ်ဆိုရင် ဓါတ်ဆားရည်လေးဖျော်ထားပြီး နည်းနည်းချင်းစီတိုက်ပေးပါ။ ဓါတ်ဆားမတိုက်ချင်ရင်တော့ရေသန့် တစ်လီတာထဲကို သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကိုဖျော်စပ်ပြီး နှစ်နာရီခြားတစ်ခါတိုက်ကျွေးပေးပါ။
ငှက်ပျောသီးကျွေးပါ– ငှက်ပျောသီးကတော့ အရင်ကတည်းကအသုံးပြုလာခဲ့တဲ့ ကလေးဝမ်းလျှောတာကို သက်သာစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းပါ။ ငှက်ပျောသီးက ကလေးရဲ့ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ဝမ်းသွားနေတာကိုရပ်စေနိုင်ပါတယ်။ ငှက်ပျောသီးကို ကြိတ်ခြေပြီး ကလေးကိုခွံလို့ရသလို ဒိန်ချဉ်ထဲကို ငှက်ပျောသီးလေးတွေ တုံးထည့်ပြီး ကလေးကို ခွံပေးလို့လည်းရပါတယ်။
Probiotic ပါတဲ့သောက်စရာတစ်ခုခု တိုက်ပါ-ကလေးက ဝမ်းသွားနေတဲ့အခါ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိနိုင်စေဖို့အတွက် Probiotics ရရှိအောင် ဒိန်ချဉ်လိုအစားအစာမျိုးကျွေးပေးလို့ရပါတယ်။ လတ်ဆတ်တဲ့ဒိန်ချဉ်က ကလေးငယ်ရဲ့ အစာခြေလမ်းကြောင်းမှာ ကျန်းမာတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ အစားအစာတွေကြောင့် ကလေးကဝမ်းထပ်သွားမှာစိုးရိမ်တယ်ဆိုရင်တော့ BioGaia Protectis drops ကိုတိုက်ကျွေးပေးလို့ရပါတယ်။Lactobacillus အမျိုးအစား Probioticsပါဝင်ထုတ်လုပ်ထားတာကြောင့် ဒီဆေးက အူလမ်းကြောင်းထဲမှာ ကျန်းမာတဲ့ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်လာအောင်လုပ်ဆောင်ပေးပြီး ဝမ်းလျှောစေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေအတွက်ဆေးရည်ပုံစံနဲ့ထုတ်လုပ်ထားတာကြောင့်ဆေးနင်မှာကိုမပူရပါဘူး။ တစ်နေ့ကို တစ်ကြိမ်နှုန်းနဲ့ အစက် ၅ စက်တိုက်ကျွေးလို့ရပါတယ်။
သလဲသီးဖျော်ရည်တိုက်ပါ– ဝမ်းသွားရတဲ့ ကလေးမှာရေဓါတ်ဆုံးရှုံးနေမှာဖြစ်တဲ့အတွက် ကလေးကို သလဲသီး ဖျော်ရည်တိုက်ပြီးရေဓါတ်ဖြည့်ပေးလိုက်ပါ။ သလဲသီးကို အစေ့ပါရောကြိတ်ပြီး ပိတ်စပါးပါးလေးနဲ့စစ်လိုက်ပါ။ပြီးရင်တော့ဖျော်ထားတဲ့ သလဲသီးဖျော်ရည်ကိုရေနဲ့ရောစပ်ပြီး ကလေးကို တိုက်ကျွေးပေးပါ။
ပျားရည် တိုက်ပါ – တကယ်လို့ ကလေးက တစ်နှစ်အထက်ဆိုရင် ကလေးကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရေအေးနဲ့တိုက်ပေးပါ။ ဝမ်းလျှောတာ သက်သာသွားပါလိမ့်မယ်။
အုန်းစိမ်းရည်တိုက်ပါ – ကလေးက ဝမ်းသွားနေတာကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြန်လည်ဖြည့်တင်းဖို့ဆိုရင် လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုက ကလေးကို အုန်းစိမ်းရည်တိုက်ပေးတာပါ။ အုန်းစိမ်းရည်က သဘာဝဓါတ်ဆားတစ်မျိုးပါ။ ဝမ်းသွားနေတဲ့ ကလေးငယ်လေးတွေကိုလည်း အုန်းစိမ်းရည်တိုက်ပေးလို့ရပါတယ်။
အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ – ဝမ်းသွားနေတဲ့ကလေးငယ်ကို မြန်မြန်သက်သာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကလေးက အစားစစားတတ်နေပြီဆိုရင် အာဟာရပြည့်ဝမယ့် အစားအသောက်တွေကိုကျွေးမွေးပေးပါ။
အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ဆောင်ပေးရင်း ကလေးဝမ်းသွားတာကို သက်သာအောင်လုပ်ဆောင်ပေးလိုက်ပါ။ဘေဘီလေးတွေကို ချစ်တဲ့ မိဘတိုင်းအတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Taking care of your child suffering loose motion
What Cause Loose Motions in Babies & Kids?
- Teething time is one of the main reasons for loose motions in babies
- Introduction of new solid food can cause loose motions in babies.
- Improper digestion can trigger loose motions in children.
- Infection due to virus or bacteria can also be another reason for disturbed motions in babies.
- Poor Hygiene and
- Bad weather can also trouble baby’s bowel movements.
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။