(၃) မိသားစုလိုက် လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးတာက သဘာဝခုခံအား ဆဲလ်တွေရဲ့အရေအတွက်ကိုတိုးစေတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ကလေးကို တစ်သက်တာ ကျန်းမာကြံ့ခိုင်စေတဲ့ အမူအကျင့်ရရှိစေဖို့ မိဘက ရှေ့ဆောင်လမ်းပြကောင်း ဖြစ်နေရပါမယ်။ ကလေးတွေကို အပြင်ထွက်ကစားခိုင်းတာထက် သူတို့နဲ့အတူလှုပ်ရှားပေးပါ။ စက်ဘီးစီးတာ၊ အပျော်ခြေလျင်ခရီးထွက်တာ၊ ဘက်စကတ်ဘောနဲ့ တင်းနစ်ကစားတာတွေအပါအဝင် မိသားစုလိုက်ကစားနည်းတွေ၊ လှုပ်ရှားမှုတွေ ဖန်တီးပေးပါ။
(၄) ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ပေးပါ- ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပေးတာက ကိုယ်ခံအားကို မတိုးမြှင့်နိုင်ပေမယ့် ကလေးရဲ့ကိုယ်ခံစွမ်းအားအပေါ် ဖိစီးမှုကိုလျှော့ချပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့လက်ကို (ဆပ်ပြာနဲ့) မကြာခဏဆေးကြောစေပါ ။ ကလေးတွေအပြင်ထွက်ကစားပြီး၊ အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ထိတွေ့ပြီး၊ နှပ်ချေးညှစ်ပြီး၊ သန့်စင်ခန်းသွားပြီး၊ ကျောင်းကနေ အိမ်ပြန်လာပြီးနောက်ပိုင်း အစာမစားမီနဲ့ အစာစားပြီးချိန် သူတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးတွေကို အိမ်မှာလက်ဆေးတဲ့အကျင့်ရရှိစေဖို့ အရောင်တောက် လှပတဲ့လက်သုတ်ပဝါတွေ၊ ပုံစံစုံ၊ အရောင်စုံအနံ့စုံနဲ့ ဆပ်ပြာလေးတွေထားရှိပေးပြီး ရွေးသုံးစေတာမျိုးနဲ့ဆွဲဆောင်နိုင်ပါတယ်။
(၅) ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့ – အဖေ သို့မဟုတ် အမေက ဆေးလိပ်သောက်တတ်တယ် ဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါ။ စီးကရက်မှာ အဆိပ်ဓာတ် ၄၀၀၀ ကျော်ပါဝင်ပြီး အများစုက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်စေ၊ သေစေနိုင်ပါတယ်။ ကလေးတွေဟာ အသက်ရှူနှုန်းပိုမြန်ပြီး အဆိပ်အတောက်ဖယ်ရှားသန့်စင်မှုစနစ်က သိပ်မဖွံ့ဖြိုးသေးတာကြောင့် လူကြီးတွေထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းက ကလေးမှာ ရုတ်တရက်သေဆုံးမှု SIDS အန္တရာယ်၊ လေပြွန်ရောင်ရမ်းခြင်း၊ နားပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ် တို့ဖြစ်နိုင်ခြေပိုများစေပါတယ်။ တကယ်လို့ ဆေးလိပ်မဖြတ်နိုင်သေးရင်လည်း ကလေးမှာအန္တရာယ်မဖြစ်ရအောင် အိမ်ပြင်ထွက်သောက်တာမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။