backup og meta

ဖခင်တစ်ယောက်ရဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

အထူးသဖြင့် ပထမကလေးရှိခြင်းဟာ မျှော်လင့်နေတဲ့ မိဘတွေအတွက် ကြီးမားတဲ့ ဘဝအပြောင်းအလဲတစ်ခုပဲ ဖြစ်ပါတယ်။ ဖခင်ဟာ ကလေးမွေးတဲ့နာကျင်မှုကို မခံစားရပေမယ့် သူ့မှာလည်း စိတ်ပူမှုတွေရှိပါတယ်။

ဖခင်တစ်ယောက်ရဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

ကိုယ်ဝန် ဆောင်းပါးအများစုဟာ အမျိုးသမီးတွေအတွက် ဖြစ်ပြီး သူတို့ဟာ အခက်ခဲဆုံးအလုပ်ကို လုပ်ရသူတွေမို့ သင့်လျော်ပါတယ်။ ဒါပေမယ့် ဖခင်ကိုလည်း အားပေးဖို့ လိုအပ်ပါတယ်။

ဖခင်တစ်ယောက် ဖြစ်လာခြင်းဟာ ပြင်းထန်တဲ့ ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းကနေ စိတ်ပူခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

ဒီဆောင်းပါးမှာတော့ ဖခင်တွေကြောက်တတ်ကြတဲ့အချက်တွေကို ဖေါ်ပြပြီး ဘယ်လိုကျော်လွှားရမယ်ဆိုတာပါ ဖေါ်ပြသွားမှာဖြစ်ပါတယ်။

၁။ အိမ်ထောင်ဖက်ရဲ့ ကလေးမွေးခြင်းကို ရင်ဆိုင်ရန် ကြောက်ရွံ့ခြင်း

ကလေးကို မျှော်လင့်နေတဲ့ ဖခင်အတော်များများဟာ ကလေးမွေးတဲ့ ဖြစ်စဉ်အတွက် ပါဝင်ရုန်းကန်ကြပါတယ်။ အမျိုးသမီးအတော်များများ အံကြိတ်ပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ အကူအညီမဲ့နေကြပြီး နာရီပေါင်းများစွာ နာကျင်စွာ ကလေးမွေးဖွားတဲ့ ဗီဒီယိုတွေကို ကြည့်ဖူးကြမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သင့်အိမ်ထောင်ဖက် နာကျင်မှုသက်သာစေဖို့ သင်ဘာမှ လုပ်မပေးနိုင်ပါဘူး။ သို့သော်လည်း နာကျင်မှုကို မခံစားပေးနိုင်ပေမယ့် ကလေးမွေးခန်းထဲကိုတော့ သူမကိုအားပေးဖို့ လိုက်ဝင်နိုင်ပါတယ်။

ဒါမှမဟုတ် သူမနဲ့အတူ ကလေးမွေးတဲ့ သင်တန်းတွေကိုသွားတတ်ပြီး ကလေးမွေးဖို့ အစီအစဉ်ဆွဲနိုင်ပါတယ်။ ဆရာဝန် (သို့) ဆရာမက သင့်ကို ညွှန်ပြပြီး ဇနီးသည်ကို ကူညီနိုင်ဖို့ ဘာလုပ်နိုင်တယ်ဆိုတာ ပြောပြပါလိမ့်မယ်။

၂။ လွတ်လပ်မှု ဆုံးရှုံးမှာ ကြောက်ရွံ့ခြင်း။

ကလေးရခြင်းဟာ အပူအပင်ကင်းစွာနေရတဲ့ ဘဝရဲ့ အဆုံးသတ် မဟုတ်ပါဘူး။ ကလေးအဖေ အတော်များများဟာ သူတို့ရဲ့ လွတ်လပ်မှု ပျောက်ဆုံးမှာ စိုးရိမ်နေကြပါတယ်။

ဖခင်တစ်ယောက်အနေနဲ့ တာဝန်ယူဖို့ လိုအပ်ပြီး ကလေးငယ်ကို စောင့်ရှောက်ဖို့အတွက် လူမှုရေး တွေ့ဆုံခြင်းတွေမှာ အချိန်လျှော့သုံးဖို့ လိုအပ်ပါတယ်။ သင်ကြိုက်သလောက် သင်ကြိုက်တဲ့အချိန် အပြင်မှာ နေနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကလေးရှိခြင်းဟာ သင့်ဘဝကို အကောင်းဘက် ပြောင်းလဲပေးနိုင်ပါတယ်။

၃။ ကလေးကို စောင့်ရှောက်ရမှာ ကြောက်ရွံ့ခြင်း။

ကလေးကိုစောင့်ရှောက်ခြင်းဟာ လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါဟာ အားစိုက်ထုတ်ခြင်းနဲ့ ပြင်ဆင်ခြင်းတို့ ပေါင်းစပ်မှုပဲဖြစ်ပါတယ်။ ကလေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေသင့်ပါတယ်။

ကလေးအငယ်ရှိတဲ့၊ မွေးကင်းစကလေးရှိတဲ့ အိမ်တွေက အကြံဉာဏ်တောင်းသင့်ပါတယ်။ ကလေးကို ပြုစုစောင့်ရှောက်ခြင်းဟာ အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

လုံလောက်တဲ့ အားစိတ်ထုတ်မှုနဲ့ မေတ္တာနဲ့ ပေါင်းစပ်ရင်တော့ သင်ဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Becoming a Father. http://kidshealth.org/en/parents/father.html?WT.ac=ctg#. Accessed December 12, 2016.
New dad anxiety. http://www.dadsadventure.com/ask-a-dad-question/new-dad-anxiety/. Accessed December 12, 2016.
Anxiety in Expectant Fathers. http://www.livestrong.com/article/125916-anxiety-expectant-fathers/. Accessed December 12, 2016.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ဖခင်နှင့် ကလေးနို့တိုက်ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ