backup og meta

ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ

    နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ လူနေမှုဘဝထဲမှာ မရှိမဖြစ်အရာတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုရာကနေဖြစ်လာတဲ့ လက်ချောင်းနာကျင်မှုကို Tech-Related Hand Pain (နည်းပညာဆက်နွယ် လက်နာကျင်မှုဝေဒနာ) လို့ ခေါ်ဆိုပါတယ်။ ဒီဝေဒနာက စာရိုက်တာတွေ၊ ဖုန်းအသုံးပြုတာတွေများလာတဲ့အခါ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်မျိုးပါ။

    များသောအားဖြင့်တော့ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာအလွန်ကောင်းပြီး ခံစားရတဲ့ဝေဒနာကလည်း ဆိုးပါတယ်။ တစ်ချို့လူတွေဆိုရင် ညအိပ်ယာဝင်ချိန်မှာ လက်ချောင်းလေးတွေ ကိုက်နေတတ်တဲ့အထိပါပဲ။

    ဒီလိုပြဿနာမျိုးတွေ မကြာခဏဖြစ်လာမယ်ဆိုရင်တော့ အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတော့မှာမို့ သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်းကွန်ပျူတာအသုံးပြုနေသူတွေကို လက်ချောင်းလေးတွေ မနာမကျင်စေဖို့ ရှောင်ကျဉ်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်နော်။

    • မကြာခဏ နားပါ – အမြဲတမ်း ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကို ဆက်တိုက်ကြီး အသုံးပြုနေတာမျိုးကို လျှော့ချပါ။ တစ်နာရီမှာ ၄ ကြိမ်လောက် နားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက လမ်းညွှန်ထားကြပါတယ်။
    • လက်ချောင်းတွေကို နိမ့်နိမ့်ထားပါ – တစ်ချို့က စာရိုက်ရင် လက်ဖျားထိပ်လေးတွေနဲ့ ခပ်ဖွဖွရိုက်ရတာကို အားမရပါဘူး။ ကီးဘုတ်မြင့်မြင့်ကြီးတွေ သုံးတာ ဒါမှမဟုတ် အားကြီးနဲ့ဆောင့်ပြီး ရိုက်ရတာမျိုးကိုမှ ကျေနပ်ဖွယ်ရာလို့ ထင်မြင်တတ်ကြပါတယ်။ တကယ်တမ်းက အားစိုက်ပြီး ပြင်းပြင်းထန်ထန်ရိုက်တာက လက်ချောင်းရိုးလေးတွေကို ပိုပြီးနာကျင်ကိုက်ခဲစေပါလိမ့်မယ်။
    • နေသားတကျထိုင်ပါ – လက်ချောင်းနာကျင်မှုဟာ ထိုင်တဲ့ပုံစံ စနစ်မကျတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခွေခေါက်ပြီး ပုံမကျပန်းမကျထိုင်နေရင် လက်တွေလည်း ပုံမကျပန်းမကျဖြစ်နေမှာပါ။ ဒါကြောင့် ဆန့်ဆန့်ရံ့ရံ့လေးထိုင်မှ လက်လည်း သက်သာမှာပါ။
    • လက်ဖျံရိုးရဲ့ အားကို သုံးပါ – အထူးသဖြင့် မောက်စ်ကို အသုံးပြုတဲ့အချိန်မျိုးတွေမှာ လက်ကောက်ဝတ်အားကိုသုံးတာမျိုးထက် လက်ဖျံရိုးက အားကို ပိုသုံးသင့်ပါတယ်။ ဒါမှ လက်ကောက်ဝတ်မှာ ထိခိုက်ဒါဏ်ရာရတာမျိုးကို ရှောင်လဲနိုင်မှာဖြစ်ပါတယ်။
    • မောက်စ်မကြာခဏ ပြောင်းပါ – မောက်စ်တစ်မျိုးတည်းကို အကြာကြီးသုံးနေရင် လက်ကို ပုံစံတစ်မျိုးတည်းထားမိနေတတ်ပါတယ်။ ဒါကြောင့် မောက်စ်ကို မကြာခဏ လဲလှယ်အသုံးပြုသင့်ပါတယ်။
    • ချိန်ညှိလို့ရတဲ့ ကီးဘုတ်မျိုးတွေ သုံးပါ – အသေတပ်ဆင်ထားတဲ့ လက်ပ်တော့ပ်ကီးဘုတ်မျိုးတွေထက် အောက်ခံဒေါက်ပါဝင်ပြီး အတင်အချလုပ်လို့ရတဲ့ ကီးဘုတ်မျိုးကို ပိုမိုရွေးချယ်အသုံးပြုသင့်ပါတယ်။ ဒါမှ လက်ကို ပုံစံတစ်မျိုးတည်းထားမိပြီး အညောင်းမိနေတာမျိုးကို ရှောင်လွှဲနိုင်မှာပါ။
    • ကွန်ပျူတာချည်း ဆက်တိုက်သုံးမနေပါနဲ့ – အလုပ်ကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်မဆို ကွန်ပျူတာရှေ့ထိုင်ပြီးတာနဲ့ မထမ်းထိုင်နေမိတာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုထိုင်နေတာက လက်ချောင်းလေးတွေအတွက်သာမက ခါးကိုလည်းထိခိုက်စေနိုင်သလို ကိုယ်အလေးချိန်လည်း တိုးစေနိုင်တာမို့ ရှောင်ကျဉ်သင့်တဲ့ အပြုအမူမျိုးပါ။ ဖြစ်နိုင်ရင် မကြာခဏ နားပေး၊ ကိုယ်လက်လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။
    • မောက်စ်/ကီးဘုတ်တွေကို အားစိုက်ပြီး ဖိကိုင်မထားပါနဲ့ – ကီးဘုတ်ကြီးကို အားစိုက်ပြီး ဖိထားပြီးမှ စာရိုက်တာမျိုး၊ မောက်စ်ကို အားကြီးနဲ့ ကျပ်တည်းစွာကိုင်ပြီး အလုပ်လုပ်တာမျိုးတွေက လက်ကောက်ဝတ်နဲ့ လက်ချောင်းလေးတွေကို ရေရှည်မှာထိုခိုက်စေနိုင်တာမို့ ရှောင်ကျဉ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement