backup og meta

ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ

ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ

လူအများစုက သူတို့တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ လည်ပင်းနာတာ ခံစားဖူးကြတယ်။ အသက်ကြီးတဲ့လူတွေမှာ လည်ပင်းနာတာက ဇက်ရိုးကျီးပေါင်းရဲ့ လက္ခဏာဖြစ်စေနိုင်တယ်။ ဒါက ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိစေနိုင်တဲ့အတွက် လူတိုင်းဒီရောဂါအကြောင်း သိထားသင့်တယ်။

ဇက်ရိုးကျီးပေါင်းဆိုတာ ဘာလဲ။

ဇက်ရိုးကျီးပေါင်းဆိုတာက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးရဲ့ အရိုးတွေ၊ အဆစ်တွေ၊ အဆစ်ကြားကအပြားတွေက ပုံမမှန်ဘဲ ပြန်လည်တည်ဆောက်တဲ့အချိန်မှာ အတွေ့ရများပါတယ်။ ဒီပြောင်းလဲခြင်းက အသက်ကြီးလာလို့ ဖြစ်တဲ့ယိုယွင်းမှုပါပဲ။

သင်အသက်ကြီးလာတာနဲ့အမျှ သင့်လည်ဆစ်ရိုးတွေက ယိုယွင်းပျက်ဆီးလာတယ်။ သူတို့က ကျိုးလွယ်လာတယ်။ အလည်က ပျော့တဲ့နေရာက ဟနေတဲ့နေရာကတစ်ဆင့် အပြင်ကိုထွက်လာပြီး ကပ်တတ်တယ်။ ဒါက ကျောရိုးမကြီးကို ကာကွယ်မှု ကျစေတယ်။

အရိုးတွေက သူတို့ဘာသာ ပြန်ပြင်တဲ့အခါ အလွန်အမင်းကြီးထွားလာပြီး ကျောရိုးအထဲက နေရာလွတ်ကို ကျဉ်းသွားစေတယ်။ အဲ့နေရာလွတ်ထဲမှာ အာရုံကြောမကြီးရှိတယ်။ အာရုံကြောမကြီးက ပိပြားသွားပြီး ပျက်ဆီးလွယ်လာတယ်။

ဇက်ရိုးကျီးပေါင်းက သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာ တွေ့ရများပါတယ်။ ဒါက အသက်၅၅နှစ်အထက်လူကြီးတွေမှာ တွေ့ရများတဲ့ ကျောရိုးပြဿနာတစ်ခုဖြစ်တယ်။ မွေးရာပါ ဇက်ရိုးအလယ်က နေရာလွတ်ကျဉ်းတဲ့လူတွေမှာ ဇက်ရိုးကျီးပေါင်းက ပိုဆိုးတတ်တယ်။

ဘာတွေက ဇက်ရိုးကျီးပေါင်းကို ဖြစ်စေသလဲ။

ဇက်ရိုးတွေ အိုမင်းလာတာက ဇက်ရိုးကျီးပေါင်းကို ဖြစ်စေတဲ့ အဓိကအချက်ပါပဲ။ လည်ပင်းရိုးကြားက အဆစ်တွေနဲ့ အဆစ်ပြားတွေ ယိုယွင်းလာတာကို ပြန်တည်ဆောက်တာနဲ့ ပုံမှန်အဟုတ်ဘဲ အရိုးတွေကြီးထွားလာတာလည်း ပါပါတယ်။

ဒီပြောင်းလဲမှုဟာ အာရုံကြောအမြစ်တွေ၊ အာရုံကြောမကြီးနဲ့ ဦးနှောက်ကို ဖိထားသလိုဖြစ်နိုင်ပါတယ်။ ဒီဟာက ခြေထောက်တွေ၊ လက်တွေကို သက်ရောက်မှုရှိစေပါတယ်။

သင်က အလုပ်ကြိုးစားလွန်းလျှင် သို့မဟုတ် အားကစားလုပ်လျှင် ဇက်ရိုးကျီးပေါင်း ဖြစ်စေနိုင်ပါတယ်။

တခြားဖြစ်စေသော အချက်များမှာ-

– ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း။

– ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။

– အလွန်လေးလံသော အရာများမခြင်း၊ ရှေ့သို့ကွေးလွန်းခြင်း၊ နောက်သို့ကွေးလွန်းခြင်း။

– လည်ပင်းကို ဒဏ်ရာရဖူးခြင်း။( ဥပမာ – မတော်တဆမှုများ ဖြစ်ဖူးခြင်း။)

– လည်ပင်းအဆစ်ပြား ကျွံနေခြင်း။

– လည်ပင်းကျောရိုးကြီးရှိ အရိုးများကျိုးနေခြင်း။

– ဆေးလိပ်သောက်ခြင်း။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဇက်ရိုးကျီးပေါင်းဖြစ်ဖို့ အချိန်လိုပါတယ်။ ဒါပေမယ့် ရောဂါက ရုတ်တရက်ကြီး ဆိုးလာနိုင်ပါတယ်။

ဇက်ရိုးကျီးပေါင်းရောဂါကို သေချာသိဖို့ ဆေးရုံကြီးတွေမှာ စစ်ဆေးဖို့လိုသော်လည်း ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

– သင်ဟာ ဇက်တောင့်တင်းပြီး နာကျင်မှုကို စတင်ခံစားရနိုင်ပြီး အချိန်ကြာတာနဲ့အမျှ ပိုဆိုးသွားတတ်ပါတယ်။

– နာကျင်မှုက အကြာကြီး မတ်တပ်ရပ်ပြီးချိန် သို့မဟုတ် ထိုင်ပြီးချိန်၊ ညဘက်၊ ဇက်ရိုးကိုထိစေတဲ့ အပြုအမူတွေ (ဥပမာ- နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရယ်ခြင်း၊ လည်ပင်းကို ရှေ့သို့မဟုတ် နောက်ကိုရုတ်တရက် လှုပ်ရှားတဲ့အခါ)တွင် အဖြစ်များပါတယ်။

– ပုခုံး သို့မဟုတ် လက်တွေ ထုံခြင်း သို့မဟုတ် အာရုံခံစားမှု အရှိခြင်း။

– ခေါင်းကိုက်ခြင်း။

တခါတလေ သင်ဟာဘာလက္ခဏာမှ မခံစားရတာ၊ ကြွက်သားအနည်းငယ်အားနည်းရုံလောက်သာ ဖြစ်စေနိုင်ပါတယ်။ အတွေ့ရနည်းတဲ့ လက္ခဏာများမှာ-

– ခြေထောက်တွေ ထုံခြင်း၊ အာရုံခံစားမရခြင်း။

– ဆီး၊ဝမ်းတွေ မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ( သင်မဖြစ်ချင်ဘဲ ဆီး၊ ဝမ်းတွေ ထွက်ကျတာမျိုး ဖြစ်တတ်ပါတယ်။)

ဇက်ရိုးကျီးပေါင်းက အသက်ကြီးတဲ့လူတွေမှာ ဖြစ်တတ်တဲ့ ပုံမှန်အရိုးတည်ဆောက်မှုပဲ ဖြစ်ပြီး ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။ ဒီအခြေအနေမှာ သင်က ဇက်ရိုးတွေတောင့်တင်းပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ လည်ပင်းက အရိုးတွေ၊ ကြွက်သားတွေကို လှုပ်ရှားရင် နာကျင်တာက ပိုဆိုးလာနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံဉာဏ်ပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Cervical spondylosis. http://www.mayoclinic.org/diseases-conditions/cervical-spondylosis/basics/definition/con-20027408. Accessed November 20, 2016.
  2. Cervical spondylosis. http://www.nhs.uk/conditions/Cervical-spondylosis/Pages/Introduction.aspx. Accessed November 20, 2016.
  3. Cervical Osteoarthritis (Cervical Spondylosis). http://www.webmd.com/osteoarthritis/guide/cervical-osteoarthritis-cervical-spondylosis#1. Accessed November 20, 2016.
  4. Cervical spondylosis. https://medlineplus.gov/ency/article/000436.htm. Accessed November 20, 2016.

Voorhies RM. Cervical Spondylosis: Recognition, Differential Diagnosis, and Management. The Ochsner Journal. 2001;3(2):78-84.

ယခုပုံစံ

26/08/2022

Phyo Wai Yan မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Phyo Wai Yan မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement