အဓိပ္ပါယ်ဖွင့်ဆိုချက်
Tendonitis (Tendon(အရွတ်) တွေရောင်ခြင်း ) ကဘာလဲ။
Tendinitis ဆိုတာ Tendon တွေရောင်ခြင်း ဒါမှမဟုတ် ထိခိုက်မိခြင်းကိုပြောတာပါ။ Tendon ဆိုတာကတော့ ကိုယ်ခန္ဓါက ကြွက်သားတွေကို အရိုးမှချိတ်တွယ်ပေးထားတဲ့ အမျှင်ပြားထူထူ(အရွတ်)တွေကိုဆိုလိုတာပါ။ ဒီလိုမျိုး အရွတ်ရောင်ပြီဆိုရင်တော့ အရိုးဆစ်တွေကို ကိုက်ခဲ၊ ထိမရအောင် နာတာမျိုးတွေကိုခံစားရပါမယ်။ Tendinitis(အရွတ်ရောင်)ဟာ တစ်ကိုယ်လုံးမှာ ရှိသမျှ အရွတ်တွေမှာ ဖြစ်နိုင်ပေမဲ့ အများအားဖြင့်တော့ ပုခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ဒူးခေါင်းနဲ့ ဖနောင့်တွေမှာသာ ဖြစ်တတ်ကြတယ်။