backup og meta

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

အဆစ်အမြစ် ကိုက်ခဲတာကို ကြည့်ပြီး မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာရော တကယ်လား။ အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ သူတွေက မိုးရွာရင် မိုးအေးရင် သူတို့ အဆစ်အမြစ်တွေ ပိုပြီး ကိုက်ခဲတယ်လို့ ပြောတဲ့အခါ လူကောင်းတွေ အဖို့ ယုံရခက်တယ်။ မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲပေါ့။

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။ ဆိုတော့ ဟုတ်ပါတယ်တဲ့။ နောက်တစ်ခါ အဲဒီလူတွေက သူတို့ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကို ကြည့်ပြီး မိုးရွာတာကိုတောင် ခန့်မှန်းနိုင်တယ်လို့ ပြောတာကျတော့ အလွန်အကျွံ ဖြစ်သွားပြီလို့ မထင်ဘူးလား။
သဘာဝလွန် ကိစ္စရပ် လို့တောင် ထင်စရာ ကောင်းပေမယ့် လေ့လာချက်တွေ အရတော့ ရာသီဥတုနဲ့ အဆစ်အမြစ် ရောင်ရမ်းမှုတွေ ဆက်စပ်မှု ရှိတာ မှန်ကန်ပါတယ်တဲ့။
အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ သူတွေကို ပြုလုပ်တဲ့ လေ့လာ ဆန်းစစ်ချက် တစ်ခုမှာ အဆစ်အမြစ်ရောင် ဝေဒနာ ခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မိုးရွာမှာကို ကြိုတင် ခန့်မှန်းတာ မှန်ကန် ပါတယ်တဲ့။

အဆစ်အမြစ်ရောင် ရောဂါရှိသွားရင် မိုးလေဝသ ကျွမ်းကျင်ပညာရှင်များ ဖြစ်သွားတာလား ဒါမှမဟုတ် မိုးရွာတာကို ခန့်မှန်းနိုင်တဲ့ မှော်ပညာရှင်များ ဖြစ်သွားတာလား။

သိပ္ပံနည်းကျ ရှင်းလင်းမှု အရတော့ ဒီလိုပါ။

လူတွေရဲ့ ခန္ဓာကိုယ် ဝန်းကျင်မှာ လေထု ဖိအား ဆိုတာ ရှိပါတယ်။ အဲဒီ ဖိအားက အဆစ်အမြစ်တွေ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးမှာ သက်ရောက်မှု ရှိတယ်။

မိုးရွာခါနီး အချိန်အခါတွေ မှာတော့ လေထု အပူချိန် လျော့ပြီး အေးသွားတယ်။ လေထု ဖိအားလည်း ပုံမှန် ရှိနေကျထက် နည်းသွားတယ်။ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတာလည်း နည်းသွားတယ်ပေါ့။

ဒီလို လေထု ဖိအား နည်းသွားတာက လူကောင်းတွေ အဖို့မှာတော့ ထူးခြားပြီး မသိသာပါဘူး။ ဒါပေမယ့် အဆစ်အမြစ်ရောင် ရောဂါ အခံရှိတဲ့သူတွေ မှာတော့ ကာလ ကြာရှည် နာကျင်ရောင်ရမ်းမှုတွေ ဖြစ်ထားတဲ့ အဆစ်တွေရဲ့ အာရုံကြောတွေဟာ အရမ်း ထိလွယ် ရှလွယ်နေပြီး အပြောင်းအလဲကို သိသိသာသာ ခံစား သိရှိနိုင် ပါတယ်။

အစတုန်းက အပြင် ကနေ လေထု ဖိအားနဲ့ ဖိပေးထား သလို ဖြစ်နေတဲ့ အဆစ်အမြစ်တွေက အခုလို ဖိအား လျော့သွားတဲ့ အချိန်မှာ ပိုပြီး ဖောင်းကြွ ရောင်ရမ်းလာသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရပါတယ်။

ဒါကြောင့် မိုးအေးရင် အဆစ်အမြစ်တွေ ကိုက်ခဲတယ် ဆိုတာနဲ့ မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာ တကယ် ပါတဲ့။

နာကျင်မှုတွေ သက်သာဖို့ အတွက် ကြပ်ထုပ်ထိုးတာပတ်တီး ဒူးစွပ် အစရှိတဲ့ ဖိထားပေးနိုင်တဲ့ အရာတွေကို အသုံးပြုနိုင်ပါတယ်။ သဘောကတော့ လျော့သွားတဲ့ လေထု ဖိအားကို တခြား အရာတွေနဲ့ ပြန်ဖိပေးထားတယ် ဆိုတဲ့ သဘောပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/10/2023

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/10/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ