အဓိပ္ပါယ်ဖွင့်ဆိုချက်
Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကဘာလဲ။
ဒူးတွင် အဖြစ်များသော ထိခိုက်ဒဏ်ရာတခုဖြစ်သည်။ ဒူးအရွတ်ပြားဆိုသည်မှာ အင်္ဂလိပ်အက္ခရာ C ပုံစံရှိပြီး ဒူးအရိုးအားငြိမ်အောင် ခုထားပေးသည့် ရာဘာကဲ့သို့သော အရွတ်ပြားတခုဖြစ်သည်။ ဒူးတစ်ဘက်စီတွင် အပြင်ဘက်အစွန်းရှိ အရွတ်ပြားတခုနှင့် အတွင်းဆုံးအစွန်းရှိ အရွတ်ပြားတခု ပေါင်းသော် နှစ်ခု ရှိသည်။ ထိုအရွတ်ပြားများသည် ဒူးတလျှောက်ရှိကိုယ်အလေးအချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် ဒူးအားငြိမ်အောင်ထိန်းထားပေးသည်။ ထိုအရွတ်ပြားများစုတ်ပြဲသွားပါက ဒူးသည် ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပေ။