ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတာမှာ နို့စို့အရွယ်က သိပ်ပြဿနာမရှိပေမယ့် တခြားအစားအစာတွေ စားတတ်လာပြီဆိုတာနဲ့ အလုပ်က စပါပြီ။ ဘာလေးကျွေးရမလဲ၊ ဘာလေးတွေက ကလေးအတွက်ကောင်းမလဲ၊ ဒါက ကလေးနဲ့တည့်ပါ့မလား၊ ကလေးကို မကျွေးသင့်တာတွေ ဘာတွေဖြစ်မလဲ မေးခွန်းပေါင်းများစွာနဲ့ မေမေတို့ခေါင်းစားရပါတော့တယ်။