backup og meta

အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ

အရိုးတွေ သန်မာစေဖို့ ကယ်ဆီယမ်နဲ့ ဗီတာမင် ဒီတို့ လိုအပ်တယ်ဆိုတာကို လူတိုင်း သိကြပါလိမ့်မယ်။ ဒီ အာဟာရဓာတ်တွေ အပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကလည်း အရိုးတွေရဲ့ သိပ်သည်းဆကို အားဖြည့်ပေးနိုင်ပါသေးတယ်။ ဒီ ဆောင်းပါးလေးမှာတော့ အရိုးတွေ သန်မာလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ

အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ

အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Food များ ကတော့

(၁) အစိမ်းရင့်ရောင်အရွက်များ

နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ် ကြွယ်ဝတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကိုက်လန်၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရင့်ရောင်အရွက်အများစုမှာလည်း ကယ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်ကေလည်း ပါဝင်သေးတာမို့ ပုံမှန် စားပေးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အာလူး

အရိုးတွေ ကျန်းမာရေး အတွက် မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကလည်း အားဖြည့် ကူညီပေးပါသေးတယ်။ မဂ္ဂနီဆီယမ်ဓာတ်နည်းပါးနေရင် ဗီတာမင် ဒီကိုပါ မမျှမတ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရိုးထဲကနေ ကယ်ဆီယမ်ဓာတ်တွေကို စစ်ထုတ်ပစ်နိုင်တဲ့ အက်ဆစ်တွေကိုလည်း ပိုတက်ဆီယမ်က ချေဖျက်ပေးပါသေးတယ်။ အာလူးနဲ့ ကန်စွန်းဥတွေဟာဆိုရင် မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်ဓာတ် နှစ်မျိူးလုံး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မကြာခဏ စားပေးသင့်ပါတယ်။

(၃) ချဉ်သောအသီးများ

ချဉ်သော အသီးတွေမှာ ပါဝင်တဲ့ ဗီတာမင် စီဟာဆိုရင် အရိုးတွေ နဲ့ အရိုးနုတွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကော်လဂျင်ကို ထုတ်လုပ်ရာမှာ မရှိမဖြစ် အရေးပါတဲ့ အတွက် အရိုးကို အားကောင်းစေပါတယ်။

(၄) ငါး

အဆီပါတဲ့ ငါးတွေမှာ ကြွယ်ဝစွာ ပါရှိတဲ့ ဗီတာမင် ဒီက လူတွေရဲ့ ခန္ဓာကိုယ်ကနေ ကယ်ဆီယမ်ကို ကောင်းကောင်း အသုံးပြုနိုင်ဖို့ ကူညီပေးပါတယ်။ ဒီငါးတွေမှာပါတဲ့ အိုမီဂါ 3ဟာလည်း အရိုးအဆစ်တွေကို အားဖြည့်ပေးပါသေးတယ်။

ဆယ်မွန်ငါးမှာ ဆိုရင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝတာမို့ အရိုးတွေ အားကောင်းလိုသူတွေ စားပေးသင့်ပါတယ်။

(၅) သစ်အယ်စေ့

ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝပြီး အခြား အာဟာရဓာတ်တွေလည်း ပါရှိပါတယ်။ ဒါကြောင့် နေ့စဉ် လက်တစ်ဆုပ်စာခန့်ကို သရေစာ သဘောမျိုး စားသုံးပေးသင့် ပါတယ်။

(၆) အာဟာရဓာတ်များ ဖြည့်စွက်ထားသော အစားအစာများ

ပဲနို့၊ လိမ္မော်ရည်၊ Oatmeal၊ ပေါင်မုန့်စတဲ့ ကယ်ဆီယမ် နဲ့ ဗီတာမင် ဒီတို့ ထပ်မံ ဖြည့်စွက်ထားတဲ့ အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။

အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် စားသုံးတဲ့ အစားအစာတွေကလည်း တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနိုင်တာ ကံကောင်းတဲ့ အချက်ပါပဲ။ အမျိုးသမီးများ အနေနဲ့ အသက်၅၀အထက်ကို ရောက်ရှိလာပြီ ဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုတင် ကာကွယ်မှုများကို ပြုလုပ်ထားသင့်ပါတယ်။အရိုးတွေ ကြံ့ခိုင်သန်မာခြင်းဟာ သင့်တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း အထောက်အကူ ပြုတာမို့ အလေးထား ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေးသားသူ – Dr Rose

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://hhdresearch.org/7-super-foods-for-osteoporosis/?fbclid=IwAR1DuBP40wbi-AhnaPy2D0ClrHwEFcep88B5QmuumTYe_RpRbO4YcQglfX0

ယခုပုံစံ

18/04/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/04/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ