ခါးဆစ်ရိုးကျွံခြင်း အတွက် ခွဲစိတ်ကုသမှု


Phyo Wai Yan မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးဆစ်ရိုးကျွံခြင်း အတွက် ခွဲစိတ်ကုသမှု

    ကျောရိုးဆစ်ပြားတွေဆိုတာ ကျောရိုးတွေကြားမှာ တည်ရှိပါတယ်။ သူတို့တွေက ထိခိုက်မှုတွေလျော့ချတာ ,ခန္ဓါကိုယ်ကို ထောက်ပံ့ပေးတာ ,ပုံမှန် လုပ်ရှားမှုလုပ်တာတွေဖြစ်ဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် မူမမှန်ကိစ္စတွေ ဥပမာ အဆစ်ကျွံတာတွေဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်မှုကလိုလာပါလိမ့်မယ်။

    ါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဆိုတာဘာလဲ?

    ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ကို slipped disc, ဒါမှမဟုတ် prolapsed disc ဆိုပြီး သိထားကြပါတယ်။ ကျောရိုးမကြီးရဲ့ အရိုးနုပြား ကံျွထွက်လာတဲ့အခါ အလယ်က ပျော့ပြောင်းတဲ့နေရာဟာ အက်ကွဲကြောင်းကနေတဆင့် အပြင်အမာနေရာကို ထွက်လာသောအခါ, အနီးအနားက အာရုံကြောတွေအပေါ် ဖိအားသက်ရောက်နိုင်ပြီး နောက်ကျော နာကျင်မှုကိုဖြစ်ပေါ်စေခြင်းသာမက ခြေထောက်တွေ နာကျင်မှုလည်း ရှိနိုင်ပါတယ်။

    ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဟာ လူကြီးများမှာ အဖြစ်အများဆုံးကျောရိုးပြဿနာဖြစ်ပါတယ်။

    ယ်ချိန်မှာ ခွဲစိတ်ဖို့လိုလာမလဲ ?

    အများစု ကိစ္စတွေမှာ herniated disc ကို, အနားယူခြင်း , လေ့ကျင့်ခန်းလုပ်ခြင်း နှင့်ဆေးကုသမှုခံယူခြင်း စတာတွေနဲ့ အချိန်ကြာလာတာနဲ့အမျှတိုးတက်နိုင်ပါတယ်။ သို့သော်ခွဲစိတ်မှုလိုတာတွေကတော့-

    – သင်က ရက်သတ္တပတ် တော်တော်အကြာထိ ပြင်းထန်တဲ့နာကျင်မှုရှိပြီး ပျောက်လည်းပျောက်မသွားဘူးဆိုရင် ။ သာမန် လုပ်ငန်းဆောင်တာတွေ ဥပမာ လမ်းလျှောက်တာ သို့မဟုတ် မတ်တပ်ရပ်တာ စတဲ့လှုပ်ရှားမှုတွေကိုတောင် ဆက်လုပ်ဖို့ ခက်ခဲနေတယ်ဆိုရင် ခွဲသင့်ပါတယ်။

    – နေ့စဉ်လှုပ်ရှားမှုများလုပ်ဖို့အတွက် အကိုက်အခဲပျောက်ဆေး အပြင်းစားတွေသုံးနေရတယ်ဆိုရင် ခွဲသင့်ပါတယ်။

    – သင့်ရဲ့ခြေထောက်အချိန်ကြာလာတာနဲ့အမျှအားနည်းလာခြင်းနှင့် ခြေထောက်ထုံကျင်မှု ခံစားရရင်

    – သင့် ဆီးအိမ်နှင့်အူများ၏ထိန်းချုပ်မှုဆုံးရှုံး နေရင်(သင့် ဆန္ဒမပါပဲနဲ့ ဆီးနှင့်မစင်တွေ အလိုလျောက်ထွက်ကျလာတာမျိုးဖြစ်ရင် )

    – ဆေးဝါးနှင့်ကုထုံးများကဲ့သို့သော အခြား ခွဲစိတ်မှုမပါတဲ့ ကုသမှုတွေက သင့်အတွက်ထူးခြားမှုမဖြစ်စေဘူးဆိုရင် ခွဲစိတ်မှုလိုအပ်လာပါပြီ။

    သင့်ရဲ့ ပထမဆုံးခွဲစိတ်မှုလုပ်ပြီးတဲ့အခါ အချို့သောအပိုဆောင်းခွဲစိတ်မှုတွေ လိုအပ်နိုင်ပါသည်။ အချို့ကိစ္စမှာ ခွဲစိတ်ကုသပြီးတဲ့အခါ သင်၏ဆရာဝန်က နာလနထမြန်စေဖို့ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေ အကြံပြုပါလိမ့်မယိ။

    ခွဲစိတ်ကုသမှု ရွေးချယ်ခြင်း

    ဆေးရုံမှာ ခါးဆစ်ရိုးခွဲစိတ်ဖို့ သင်ရွေးချယ်စရာ ခွဲစိတ်နည်းတွေ များစွာရှိပါတယ်။ ဒါဟာသင့် အခြေအနေနှင့်ဆရာဝန်၏ထောက်ခံချက်ပေါ်တွင်မူတည်ပါတယ်။

    • open discectomy

    ဒီလုပ်ထုံးလုပ်နည်းရဲ့ ရည်မှန်းချက်ကတော့ ဒဏ်ဖြစ်နေတဲ့ ခါးရိုးဆစ်ကို ဖယ်ရှားပစ်ဖို့ဖြစ်ပါတယ်။ ဤခွဲစိတ်မှုကို ဆေးရုံမှာပဲလုပ်ဆောင်နိုင်ပါတယ်။ ဒီခွဲစိတ်မှုမှာ သင့်ကို မေ့ဆေးပေးထားပါလိမ့်မည်။ သင့် ဘေးကအရာတွေကို သတိပြုမိမှာ မဟုတ်သလို နာကျင်မှုလည်း မခံစားရပါ။ ပြီးတော့ ဒီခွဲစိတ်နေတဲ့အကြောင်းကိုတောင် သတိရလိမ့်မည်မဟုတ်ပါ။

    ခွဲစိတ်ဆရာဝန်က ရောဂါဖြစ်တဲ့နေရာကို ခွဲပြီး herniated disc ကိုကြည့်ဖို့ ကြွက်သားနှင့်အာရုံကြောတွေကို ဘေးတွန်းထားပါမယ်။ ပြီးရင် အာရုံကြောပေါ်ဖိထားတဲ့ ဖိအားကိုဖယ်ရှားနိုင်ရန် ပျက်စီးနေတဲ့ ကျောရိုးနုဆစ်ကို ဖယ်ရှားပစ်ပါလိမ့်မယ်။

    ထို့နောက်ခွဲစိတ်ဆရာဝန် က ဒဏ်ရာကိုချုပ်ရိုးနဲ့ ပိတ်လိုက်ပါလိမ့်မယ်။

    • Microdiscectomy

    ဒါကသေးငယ်တဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ ဒါဟာဆေးရုံ သို့မဟုတ်ပြင်ပလူနာကျန်းမာရေးစင်တာတွေမှာ ထုံဆေး ဒါမှမဟုတ် မေ့ဆေးသုံးပြီး လုပ်ဆောင်နိုင်ပါတယ်။

    ခွဲစိတ်ဆရာဝန်က သင်၏နောက်ကျောမှာ ( 2.5 မှ 4 စင်တီမီတာခန့် )သေးငယ်တဲ့အပေါက်လေးဖောက်ပါလိမ့်မယ်။ အဏုကြည့်မှန်ပြောင်းကိုလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတော့ ဒဏ်ဖြစ်နေတဲ့ အရိုးပြားကိုဖယ်ထုတ်ပြီး ခွဲရာကိုပြန်ပိတ်လိုက်ပါမယ်။

    • Endoscopic microdiscectomy surgery

    Endoscopic microdiscectomy surgery ကို micordiscetomy လိုပဲ ဆေးရုံ သို့မဟုတ်ပြင်ပလူနာကျန်းမာရေးစင်တာတွေမှာ လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းမှာ ပါးလွှာသောပြွန်ကို ခန္ဓါကိုယ်ထဲသွင်းထားပြီး သေးငယ်တဲ့ကင်မရာကိုသုံးကာ ခွဲစိတ်သည့် အချိန်မှာဖြစ်သမျှကို ကြည့်ရှုလုပ်ဆောင်ပါတယ်။

    ာလန်ထကာလ

    သင်ရွေးချယ်တဲ့ လုပ်ရိုူလုပ်စဉ်ပေါ်မူတည်ပြီး 2 မှ 8 ပတ်ကြာကျမှ အလုပ်ပြန်လုပ်ဖို့ အကြံပြုပါလိမ့်မည်။ ဒါပေမယ့် သင်အတွက် ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ သင့် အခြေအနေမှာသင့်ဆရာဝန်က အထူး ညွှန်ကြားချက်ပေးနိုင်ပါတယ်။

    ခါးဆစ်ရိုးကံျွခြင်း (lumar herniated disc ) ဖြစ်တဲ့ လူအများစုဟာသူတို့ရဲ့အခြေအနေတိုးတက်စေဖို့ ခွဲစိတ်ကုသမှုမျိုး မလိုအပ်ပါဘူး။ သို့သော် သင် ခွဲစိတ်ကုသမှုယူမယ်ဆိုပါက အကောင်းဆုံးပြင်ဆင်မှုတွေအတွက် သင့်ဆရာဝန်နှင်အသေအချာဆွေးနွေးပါ။

    Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement