backup og meta

မျက်လုံးပါဝါကို လေဆာဖြင့် ဖျောက်ပြီးပါက ဂရုစိုက်နေထိုင်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးပါဝါကို လေဆာဖြင့် ဖျောက်ပြီးပါက ဂရုစိုက်နေထိုင်နည်းများ

    မျက်လုံးများ ဟာ ရတနာတစ်မျိုးကဲ့သို့ အဖိုးတန်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှာ ပါဝင်ပါတယ်။ အဝေးမှုန်ရောဂါ ရှိသူများဟာ LASIK(Laser-assisted in situ keratomielusis) ဟုခေါ်တဲ့ မျက်လုံးပါဝါကို လေဆာဖြင့်ဖျောက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ပြီးပါက ပါဝါမျက်မှန်တပ်ဆင်ရန် မလိုတော့ပါ။

    သည်နည်းလမ်းဟာ လူသန်းပေါင်းများစွာကို မျက်လုံးပါဝါ ၂၀/၂၀ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ LASIK ပြုလုပ်ပြီးနောက် လိုက်နာရမယ့် အချက်များကို အောက်တွင် ဖေါ်ပြထားပါတယ်။

    ၁။ ပြည့်ဝစွာ အနားယူပါ

    LASIK ပြုလုပ်ပြီးနောက် ပထမဆုံး ပြုလုပ်ရမည်မှာ မျက်လုံးများကို နာရီအနည်းငယ်ကြာ အနားပေးဖို့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ LASIK ပြုလုပ်ပြီးခါစ စောင့်ကြည့်ခန်းတွင် နေပြီး လှုပ်ရှားမှု သိပ်မပြုလုပ်သင့်ပါ။ မျက်လုံးကို နေသားကျသွားသည်အထိ စောင့်သင့်ပါတယ်။

    ၂။ မျက်လုံးများကို သွားမထိပါနှင့်

    ယားယံခြင်း၊ နာကျင်ခြင်းတို့မှလွဲ၍ အတတ်နိုင်ဆုံး မျက်လုံးများကို သွားမကိုင်၊မထိသင့်ပါ။ ပြန်လည်ကောင်းမွန်လာအောင် စောင့်နေချိန်တွင် သည်အချက်က အရမ်းအရေးကြီးပါတယ်။ မျက်လုံးများကို ပွတ်ပါက ထိခိုက်ခြင်းများ ဖြစ်နိုင်သောကြောင့်ြဖ်စပါတယ်။ အကယ်၍ နေရအလွန်ခက်ပါက ဆရာဝန်နှင့် ပြသနိုင်ပါတယ်။

    ၃။ ကားမောင်းခြင်းကို ကန့်သတ်ထားပါ

    လူအတော်များများဟာ သည်အချက်ကို လျစ်လျူရှုတတ်ကြပါတယ်။ LASIK ပြုလုပ်ပြီးနောက် သင့်မျက်လုံးများဟာ အားနည်းနေပါတယ်။ ကားမောင်းပါက အမြင်များ ဝါးနေသေးသဖြင့် မျက်လုံးများ ပိုပင်ပန်းလာနိုင်ပါတယ်။

    LASIK ပြုလုပ်ပြီးနောက် အနည်ဆုံး ၃ ရက်ကြာသည်အထိ ကားမောင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကားပြန်မောင်းခွင့်ရသောအခါတွင်လည်း မျက်လုံးများ လုံးဝအနာကျက်သည်အထိ ခရီးရှည် မောင်းနှင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    ၄။ မျက်လုံးအကာများ အသုံးပြုပါ

    မျက်လုံးအကာများ အသုံးပြုထားခြင်းဖြင့် မျက်လုံးကို အတော်တဆ ထိခိုက်မှုများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ညဘက်အိပ်လျှင်လည်း မျက်လုံးများကို ကာ၍ အိပ်နိုင်ပါတယ်။ ထိုသို့ဖြင့် အိပ်နေတုန်း ယောင်ပြီး မျက်လုံးကို ထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ ဆေးများပုံမှန် အသုံးပြုပါ

    မျက်စင်းဆေးရည် များကို ညွှန်ကြားထားသည့်အတိုင်း ပုံမန် အသုံးပြုပါ။ ထိုဆေးရည်တွင် ပိုးသတ်ဆေးပါဝင်သောကြောင့် ညွှန်ကြားထားသည့်အတိုင်း အသုံးပြုရပါမယ်။ ထို့ပြင် LASIK ပြုလုပ်ပြီးပါ မျက်ရည်ထွက်ခြင်းလုပ်ငန်းဟာ အချိန်အတိုင်းအတာတစ်ခု အထိ နှောင့်နှေးနေနိုင်သည့်အတွက် မျက်လုံးများ မခြောက်စေရန် မျက်စင်းဆေးရည်ကို အသုံးပြုပေးရပါမယ်။

    ၆။ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားရောက်ပြသရပါမယ်

    အချို့သူများဟာ နည်းနည်းသက်သာသည်နှင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို ရပ်လိုက်ခြင်း၊ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားမပြခြင်းများ ပြုလုပ်တတ်ပါတယ်။ ဆရာဝန်နှင့် ပြန်လည်ပြသခြင်းဟာ သင့်မျက်လုံးအနာကျက်ခြင်းအတွက် အရေးကြီးပါတယ်။ အနာမကျက်ပါက အခန့်မသင်လျှင် မျက်ကြည်လွှာ အနားသတ်လေး လန်သွားခြင်းများ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်မဖြစ် စစ်ဆေးနိုင်ရန် ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားရောက်ပြသရပါမယ်။

    ၇။ သံသယဖြစ်စရာ လက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်း ဆရာဝန်နှင့် သွားပြပါ

    LASIK ပြုလုပ်ပြီးနောက် ယားယံခြင်း၊ အလင်းဒါဏ်မခံနိုင်ခြင်းများ ဖြစ်တတ်ပါတယ်။ သို့သော် ထိုလက္ခဏာများဟာ နှစ်ရက် သုံးရက်ကြာပါက ပျောက်သွားရပါမယ်။ ထိုထက်ကြာနေပါက ဆရာဝန်နှင့် သွားပြပါ။

    LASIK နည်းဟာ အဝေးမှုန်သူများအတွက် မှော်ပညာတစ်ခုကဲ့သို့ အထောက်အကူဖြစ်စေပါတယ်။ LASIK ပြုလုပ်ပြီးနောက် သေချာစွာ ဂရုစိုက်နေထိုင်ပါက ပြီးပြည့်စုံတဲ့ အမြင်အာရုံကို ပြန်ရရှိမှာ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement