backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု)


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် ဒူးခေါင်းရိုးအရှေ့ ဒူးခေါင်းအဆစ်များနာသောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အပြေးသမားဒူးခေါင်း သို့မဟုတ် ပြေးခုန်သူဒူးခေါင်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားများတွင်ပါဝင်သူ အဓိကအားဖြင့်မိန်းကလေးနှင့်ငယ်သောသူများတွင်ပိုစြဖ်တတ်သည်။ သို့သော် အားကစားသမားမဟုတ်သော်သူများတွင်လည်းဖြစ်တတ်သည်။ နာခြင်းတောင့်ခြင်း ကြောင့် လှေကားတက်ရန်ခက်ခြင်း ဒူးကွေးရန်နှင့် အခြားလှုပ်ရှားမှုများလုပ်ရန်ခက်ခဲတတ်သည်။

ဖြစ်စေသောအကြောင်းများကအများကြီးရှိပါသည်။ ဒူးခေါင်းဖုံးမညီခြင်း အသုံးပြုမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

လက္ခဏာများက များသောအားဖြင့်စောင့်ကြည့်ကုထုံးဖြင့်သက်သာသည် ဥပမာ အနားယူလိုက်ခြင်း လေ့ကျင့်ခန်းကုထုံးများယူခြင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ကဘာလဲ။

ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် ဒူးခေါင်းရိုးအရှေ့ ဒူးခေါင်းအဆစ်များနာသောအခြေအနေတစ်ခုဖြစ်သည်။ တခါတရံ အပြေးသမားဒူးခေါင်း သို့မဟုတ် ပြေးခုန်သူဒူးခေါင်းဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားများတွင်ပါဝင်သူ အဓိကအားဖြင့်မိန်းကလေးနှင့်ငယ်သောသူများတွင်ပိုစြဖ်တတ်သည်။ သို့သော် အားကစားသမားမဟုတ်သော်သူများတွင်လည်းဖြစ်တတ်သည်။ နာခြင်းတောင့်ခြင်း ကြောင့် လှေကားတက်ရန်ခက်ခြင်း ဒူးကွေးရန်နှင့် အခြားလှုပ်ရှားမှုများလုပ်ရန်ခက်ခဲတတ်သည်။

ဖြစ်စေသောအကြောင်းများကအများကြီးရှိပါသည်။ ဒူးခေါင်းဖုံးမညီခြင်း အသုံးပြုမှုများခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

လက္ခဏာများက များသောအားဖြင့်စောင့်ကြည့်ကုထုံးဖြင့်သက်သာသည် ဥပမာ အနားယူလိုက်ခြင်း လေ့ကျင့်ခန်းကုထုံးများယူခြင်း။

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအပြေးသမားက စက်ဘီးသမားများ ဘတ်စကတ်ဘောကစားသူ ငယ်ရွယ်သောအားကစားသများများ မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုသည် များသောအားဖြင့် ဒူးခေါင်းရှေ့တွင်ကိုက်ခြင်းနာခြင်းတို့ဖြစ်တတ်သည်။ ထိုနာခြင်းသည် အောက်ပါတို့ကြောင့်ပိုဆိုးနိုင်သည်။

လှေကားဆင်းခြင်း

ဒူးကွေးခြင်း

ဒူးကွေးပြီးအကြာကြီးထိုင်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ဖစ်စေသောအကြောင်းတော်တော်များများရှိပါသည်။ အောက်ပါတို့ပါဝင်နိုင်သည်။

အသုံးများခြင်း

ပြေးခြင်းသို့မတုတ် ခုန်သောအားကစားသမားများသည် ဒူးခေါင်းအရွတ်ပေါ်သို့ဖိအားခဏခဏပေးသကဲ့သို့ဖြစ်ပြီး ဖြစ်ပွားစေနိုင်သည်။

ကြွက်သားများမညီမျှခြင်းသို့မဟုတ်အားနည်းခြင်း

ဒူးခေါင်းနှင့်ပေါင်နာခြင်းသည် ပေါင်နှင့်ဒူးခေါင်းရှိကြွက်သားများက ဒူးခေါင်းဖုံးကိုကောင်းစွာ ညီအောင်မထားပေးနိုင်သောကြောင့်ဖြစ်သည်။ စကွက်ထိုင်ချိန်တွင် ဒူးခေါင်းအတွင်းသို့ရွေ့သွားခြင်းကလဲဖြစ်စေတတ်သည်ဟုတွေ့ထားသည်။

ထိခိုက်မိခြင်း

ဒူးခေါင်းဖုံးကိုထိခိုက်မိခြင်း ဥပမာ အဆစ်လွဲခြင်း သို့မဟုတ် အရိုးကျိုးခြင်း ကြောင့်ဖြစ်နိုင်သည်။

ခွဲစိတ်ခြင်း

ဒူးခေါင်းခွဲစိတ်မှု အဓိကအားဖြင့် ဒူးခေါင်းအရွတ်ကိုသုံးပြီး အရှေ့ ခရုစိတ် အရွတ်ပြင်ထားပါကပိုဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစုဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်။

များသောအားဖြင့် အရွယ်ရောက်ပြီးလူငယ်များတွင်ပိုဖြစ်တတ်သည်။ အသက်ကြီးသူများတွင် ဒူးခေါင်းပြသာနာများသည်များသောအားဖြင့် အဆစ်ယောင်ခြင်းကြောင့်ဖြစ်တတ်သည်။

လိင်။

အမျိုးသမီးများတွင်နှစ်ဆခန့်ပိုဖြစ်တတ်သည်။ မိန်းမ၏တင်ပါးဆုံရိုးကျယ်ခြင်း ကြောင့် ဒူးခေါင်းအဆစ်ထောင့်ကျယ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

အချို့သောအားကစားများ။

ပြေးခြင်း ခုန်ခြင်းအားကစားများတွင်ပါဝင်ပါက ဒူးခေါင်းတွင် ဖိအားများစေသည်။ လေ့ကျင့်မှုများချိန်တွင်ပိုဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာစမ်းသက်ခြင်းနှင့် အချို့စမ်းသက်ချက်များကိုလုပ်လိမ့်မည်။ အချို့သောစမ်းသက်မှုများတွင်

ဓါတ်မှန်ရိုက်ခြင်း

ရောင်ခြည်အနားငယ်က ခန္ဓါကိုယ်အတွင်းသို့ပျံသွားပြီး ပုံရိပ်ဖော်စေသည်။ သို့သော်ဒီစမ်းသက်မှုက နူးညံတစ်သျူများတွင်သိပ်အသုံးမဝင်လှပါ။

ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း

ဓါတ်မှန်ပုံရိပ်များကိုထောင့်ပေါင်းစုံမှပေါင်းစုံပြီး ကန့်လတ်ဖြတ်ရိုက်ထားသောပုံရိပ်များကိုပေးသည်။ အရိုးကော နူးညံတစ်သျူးများတွင်ပါအသုံးဝင်သည် သို့သော် ရိုးရိုးဓါတ်မှန်ထက်ရောင်ခြည်ပိုသုံးရန်လိုအပ်သည်။

သံလိုက်ပဲ့တင်အားဖြင့်ပုံရိပ်ဖော်ခြင်း

ရေဒီယိုလှိုင်းများ သံလိုက်စက်ကွင်းများကိုသုံးသည်။ အရိုး နူးညံတစ်သျူးများပုံရိပ်ကိုအတိအကျဖော်ပေးသည် ဥပမာ ဒူးခေါင်းအရွတ်နှင့်တွယ်ဆက်အမျှင်။ သို့သော် အခြားအရာများထက်ပိုဈေးကြီးသည်။

Patellofemoral Pain Syndrome (ဒူးခေါင်းနှင့်ပေါင်နာသော ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

အချို့သောကုထုံးများတွင်

ဆေးကုသမှုများ

လိုအပ်ပါက ဆေးဆိုင်တိုင်းတွင်ရနိုငိသောအနာသက်သာစေသောဆေး ဥပမာ အစီတာမီနိုဖန်(တိုင်လီနော နှင့်အခြား) အိုင်ဗျူပရိုဖန်(အဗေး၊မော်ထရေးအိုင်ဘီ နှင့်အခြား) သို့မဟုတ် နပရိုဇန်ဆိုဒီယန်(အလိ)

ကုထုံးများ

ရုပ်ပိုင်းဆိုင်ရာပညာရှင်မှအောက်ပါတိုကိုအကြံပေးနိုင်သည်။

ပြန်လည်တည်ဆောက်သောလေ့ကျင့်ခန်းများ

အချို့သောလေ့ကျင့်ခန်းများက ကြွက်သားများကိုသန်မာစေပြီး ဒူးခေါင်း ခြေထောက်ထောက်ပံ့ခြင်းကိုညီမျှစေသည်။ ကွာထရီဆက် ဒူးကောက်ကြောနှင့် ပေါင်ဘေးရှိကြွက်သား အဓိကအားဖြင့် ပေါင်ခွာပေးသောကြွက်သားများကိုသန်မာလာစေသည်။ စကွတ်မှန်ကန်သောနည်းလမ်းဖြင့်ထိုင်ရန်လဲလိုသည်။

ထောက်ပံ့ပေးသောအထိန်းများ

ဒူးခေါင်းထောက်ပံ့ကိရိယာသို့မဟုတ် အခုံးထောက်ပံ့မှုများကနာကျင်ခြင်းကိုသက်သာစေနိုင်သည်။

ကြိုးပြားဖြင့်ချည်ြခ်ငး

ပညာရှင်မှ အနာသက်သာစေရန်နှင့်လေ့ကျင့်ခန်းလုပ်နိုင်ရန်မည်သို့လုပ်ရမည်ကိုပြပေးလိမ့်မည်။

ရေခဲကပ်ခြင်း။

အားကစားလုပ်ပြီးတိုင်းကပ်ပါကအထောက်အကူဖြစ်နိုင်သည်။

ဒူးခေါင်းအတွက်သင့်တော်သောအားကစားများ။

ပြန်ကောင်းလာချိန်တွင် ထိခိုက်မှုနည်းသော ဒူးခေါင်းကိုသက်သောစေသောကစားနည်းများ ဥပမာ စက်ဘီးစိးခြင်း ရေကူးခြင်းတို့ကိုလုပ်နိုင်သည်။

ခွဲစိတ်ခြင်းနှင့်အခြားနည်းလမ်းများ

ခွဲစိတ်မှုမလိုသောနည်းလမ်းများက အကူအညီမဖြစ်လျင်အောက်ပါတို့ကိုဆရာဝန်မှညွန်ကြားနိုင်သည်။

အဆစ်အားမှန်ပြောင်းကြည့်ခြင်း

ဆရာဝန်မှ ကင်မရာနှင့်အလင်းပါသော ခဲတံကဲ့သို့သေးသောအရာကို ဒူးခေါင်းအတွင်းသို့ထည့်လိမ့်မည်။ ခွဲစိတ်ကိရိယာကိုထို မှန်ပြောင်းမှဖြတ်စေပြီး ပျက်စီးနေသော အရိုးနုများကိုဖယ်သည်။

ပြန်ညှိပေးခြင်း။

ပိုဆိုးသောကိစ္စများတွင် ဒူးခေါင်းကိုခွဲစိတ်ခြင်းဖြင့်ဒူးခေါင်းအဖုံးများကိုပြန်ညီသွားခြင်း အရိုးနုပေါ်ကျသောဖိအားကိုသက်သာခြင်းတို့ကိုဖြစ်စေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကင်မရာနှင့်အလင်းပါသော ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကင်မရာနှင့်အလင်းပါသော ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အင်အားကိုထိန်းခြင်း။

ကွာထရီစတ်နှင့် ပေါင်ရှိခွဲခွာကြွက်သားများသန်မာအောင်လုပ်ခြင်းကြောင့် ဒူးခေါင်းကိုလှုပ်ရှားမှုပြုချိန်တွင်ထိန်းညှိပေးနိုင်သည်။ သို့သော် အလေးမလေ့ကျင့်နေချိန်တွင်စကွက်ပြင်းပြ်င်းထိုင်ခြင်းမျိုးရှောင်ပါ။

တန်းညှိမှုနှင့်နည်းလမ်းများကိုတွေးပါ။

ပြေးခြင်းခုန်ခြင်း မှီတွယ်ခြင်းလုပ်ရာတွင် ပျော့စေသန်မာစေသောနည်းလမ်းများကိုမေးပါ။ ဒူးခေါင်းအဆစ်ကိုပုံမှန်နေရာတွင်ရှိစေသည်။ အဓိကအားဖြင့်စကွက်ထိုင်ချိန်ခုန်ချိန် ရှေ့သို့လှမ်းချိန် ်တွင်ဒူးခေါင်းအဆစ်အတွင်းသို့ဝင်ခြင်းရှောင်ရန် ပေါင်အပြင်ကြွက်သားများအတွက်ကစားပါ။

ကိုယ်အလေးချိန်လျော့ချပါ။

အကယ်၍ သင်အဝလွန်နေပါက ဝတ်ချခြင်းဖြင့်ဒူးခေါင်းကိုသက်သာစေနိုင်သည်။

သွေးပူလေ့ကျင့်ခန်းလုပ်ပါ။

မပြေးမီသို့မဟုတ် အခြားလေ့ကျင့်ခန်းမလုပ်မီ ငါးမိနစ်ခန့်သွေးပူလေ့ကျင့်ခန်းလုပ်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement