ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် ပေါင်အနောက်ရှိ ကြွက်သားလေးခုပါဝင်သော ကြွက်သားအုပ်စုအားလျင်မြန်စွာကွေးခြင်း ပြင်းထန်စွာဆန့်ထုတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာပါသည်။ ပေါင်အနောက်ကြွက်သားများကိုဆန့်ထုတ်ခြင်းသည် ကြွက်သားနှင့် အရွတ် များကိုမတူညီသောအတိုင်းအတာများဖြင့် ပျက်စီးခြင်းကို ဖြစ်စေပါသည်။
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းတွင် ထိုကြွက်သားအုပ်စုအတွင်းမှ တစ်ခုနှင့် တစ်ခုအထက် သည် မနိုင်ဝန်ထမ်းရသည်။ ကြွက်သားသည် စတင်၍ စုတ်ပြဲလာပါသည်။ ပြေးခြင်းခုန်ခြင်း နှင့် ရုတ်တရက်ရပ်၍ပြန်စရသောလှုပ်ရှားမှုများလုပ်ရပါက ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကိုရနိုင်ပါသည်။
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အဖြစ်များပြီးမည်သည့် အသက်အရွယ် တွင်မဆို ဖြစ်နိုင်ပါသည်။ အမျိုးသားများတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ အပြေးစကိတ်စီးဘောလုံးဘတ်စကတ်ဘောစသောကစားသမားများတွင် ဖြစ်ပွားပါသည်။
အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
ပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းအပျော့စားများသည် အရမ်းမနာကျင်စေပါ။ သို့သော် ပြင်းထန်သောဒဏ်ဖြစ်ခြင်းကမူလမ်းမလျှောက်နိုင် မတ်တပ်မရပ်နိုင်အောင် အပြင်းအထန် နာကျင်စေပါသည်။
ပေါင်အနောက် ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်း ၏ အဖြစ်များသောရောဂါလက္ခဏာများမှာ
စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားခြင်းကိုရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေဖြစ်ခြင်းကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန်သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် အချိန်မီ ပြသပါ။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။
ပေါင်အနောက်ကြွက်သားများသည် တင်ပါးဆုံမှ ဒူးအောက်အနားထိပေါင်အနောက် တစ်လျှောက် တန်းနေသော ကြွက်သားသုံးခုပါဝင်သောအုပ်စုတစ်ခု ဖြစ်သည်။ ဤ ကြွက်သားများသည် ခြေထောက်ကိုဖြောင့်တန်းစွာဆန့်ထုတ်ရန်နှင့် ဒူးကွေးရန် ပြုလုပ်ပေးပါသည်။
ဤ ကြွက်သားများထဲမှ တစ်ခုသည် ခန္ဓါကိုယ် လှုပ်ရှားမှုများပြုလုပ်နေစဉ် ကန့်သတ်မှု အားကျော်လွန်၍ ဆန့်မိသောအခါ ဒဏ်ရာရပါတော့သည်။
အောက်ပါတို့ရှိပါကသင်သည် ပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းဖြစ်နိုင်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဤရောဂါရှိသည်ဟုဆရာဝန်ကသံသယရှိပါကရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း ပြုလုပ်ပါမည်။ ဆရာဝန်သည် ခြေထောက်ဒဏ်ရာဘယ်လိုရရှိသည်ကိုတိကျသောမေးခွန်းများမေးပါလိမ့် မည်။ သွေးစစ်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းစသောစစ်ဆေးမှုများလည်း ပြုလုပ်နိုင်သည်။
မပြင်းထန်သောပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းသည် အလိုလို ပြန်လည် ကောင်းမွန်လာနိုင်သည်။ သင်သည် အချိန်ပေးရန်သာလိုအပ်ပါသည်။
ပြန်လည်ကောင်းမွန်ခြင်းကို မြန်ဆန်စေရန် သင်သည် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။
ဆိုးရွားသောကိစ္စများတွင် ကြွက်သားစုတ်ပြဲသွားသောအခါ ခွဲစိတ်ကုသမှု ခံယူရပါသည်။ ခွဲစိတ် ဆရာဝန်သည် ကြွက်သားများကို ပြန်လည်ပြင်ဆင်၍ တပ်ဆင်ပေးပါသည်။
ပြန်လည်ကောင်းမွန်ချိန်သည် ပေါင်နောက်ကြွက်သားများကိုဘယ်လောက်ဆိုးရွှားစွာထိခိုက်စေမှု အပေါ်တွင် မူတည်ပါသည်။ လူတစ်ယောက်နှင့် တစ်ယောက် ပြန်လည် ကောင်းမွန်နိုင်စွမ်းမတူသည်ကိုသတိပြုပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပေါင်အနောက်ကြွက်သားများအားစိုက်၍ဒဏ်ဖြစ်ခြင်းကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ပြန်လည်ကောင်းမွန်လာပါကသင်သည် ကြွက်သားဒဏ်ဖြစ်ခြင်းကိုမဆိုးရွှားစေသောလှုပ်ရှားမှုများကိုသာလုပ်ဆောင်ပါ။ ဥပမာအပြေးသမားများသည် ရေကူးကန်ထဲတွင် အနားယူုခြင်းများလုပ်သင့်ပါသည်။ ဘာလုပ်လုပ် အလျင်စလိုမလုပ်သင့်ပါ။
အောက်ပါတို့မဖြစ်သေးဘဲအရင်ကလှုပ်ရှားမှုများ ပြန်လုပ်ရန် မကြိုးစားပါနှင့်။
အောက်ပါ အကျိုးရှိသောနည်းလမ်းများဖြင့် ရောဂါဖြစ်ပွားနိုင်မှု ကိုလျော့ချနိုင်ပါသည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။