ကြွက်သားများကို သန်စွမ်းစေခြင်း
ခြေထောက်ကြွက်သားတွေကို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် အားကစားတွေကို ရွေးချယ်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ သန်စွမ်းတဲ့ ကြွက်သားတွေဟာ သင့်ဒူးကို ကောင်းကောင်း ထောက်မ,ပေးနိုင်သလို လှုပ်ရှားရလွယ်ကူအောင်လည်း ကူညီပေးနိုင်တဲ့အပြင် ဒူးဆစ်နဲ့ ဒူးမှာရှိတဲ့ အရိုးနုတွေပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အဆစ်အမြစ်များအတွက် ကောင်းမွန်ခြင်း
ဒူးဆစ်မှာ ပါဝင်တဲ့ အရိုးတွေ တခုနဲ့တခု မပွတ်တိုက်ဘဲ ကောင်းစွာ လှုပ်ရှားနိုင်ဖို့အတွက် ဒူးမှာရှိတဲ့ အရိုးနုတွေကို ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့အခါ ဒူးပေါ်ကို ဖိအားသက်ရောက်လိုက်၊ပြန်ပေါ့သွားလိုက် တလှည့်စီဖြစ်ပေါ်နေတာမို့ ဒူးဆီကို
အာဟာရဓါတ်တွေပါဝင်တဲ့ သွေးတွေ ကောင်းစွာ လည်ပတ်ရောက်ရှိနိုင်မှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ ဒူးမှာဖြစ်ပေါ်နေတဲ့ ဒါဏ်တွေဟာ အမြန်ဆုံးပြန်လည်သက်သာလာမှာ ဖြစ်ပါတယ်။
ခန္ဓါကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း
ကိုယ်အလေးချိန်များလာတဲ့အခါ ဒူးက ထမ်းပိုးထားရတဲ့ ဖိအားက ပိုလို့လာပါတယ်။ လမ်းလျှောက်ခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်သင့်တော်တဲ့ ကိုယ်အလေးချိန်ပမာဏမှာ ထိန်းထားရမှာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ရပ်လိုက်သင့်သလဲ။
လမ်းလျှောက်တာဟာ ဒူးနာခြင်းအတွက် ကောင်းတယ်ဆိုပေမယ့် ဘယ်အရာမဆို လှေနံဓါးထစ်မလုပ်သင့်ပါဘူး။ သင့်ခန္ဓါကိုယ်က ပြသတဲ့ အရိပ်အယောင်တွေကိုလည်း ဂရုတစိုက် စောင့်ကြည့်ရမှာဖြစ်ပြီး သင့်ဒူးပိုဆိုးလာပြီဆိုတဲ့ လက္ခဏာတွေကို မြင်ရရင်တော့ ချက်ချင်းရပ်ပစ်လိုက်သင့်ပါတယ်။
- ဒူးခေါင်းရုတ်တရက် ရောင်ရမ်းလာခြင်း။
- ဖြစ်နေတဲ့ ဒူးက အရမ်းနာလာတဲ့အတွက် ခြေတချောင်းတည်းနဲ့ မရပ်နိုင်တော့ခြင်း။
- သင့်ခန္ဓါကိုယ်ဟန်ချက်ကို ကောင်းစွာ မထိန်းနိုင်တော့တဲ့အတွက် လဲကျတော့မယ်လို့ ခံစားရခြင်း။
လမ်းလျှောက်ခြင်းဟာ ဒူးခေါင်းကြွက်သားတွေကို သန်စွမ်းစေပြီး ဒါဏ်တွေကိုလည်း သက်သာပျောက်ကင်းစေကာ ကိုယ်အလေးချိန်လည်း ကျစေတဲ့အတွက် ဒူးနာဝေဒနာအတွက် အင်မတန်အကျိုးရှိပါတယ်။ အကောင်းဆုံးသော ရလာဒ်တွေကို ရရှိဖို့အတွက် သင့်တော်မှန်ကန်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သုံးစွဲဖို့လိုသလို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကိုလည်း တလေးတစား လိုက်နာရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။