ဒါကတော့ အဆစ်နဲ့ ဒူးမှာရှိတဲ့ အခြားတစ်သျှူးတွေကို ထိခိုက်စေပြီး ရောင်ရမ်းစေပါတယ်။ ဒါဟာ ခုခံအားစနစ်ချွတ်ယွင်းမှုရောဂတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က သူ့ရဲ့ ကိုယ်ပိုင်တစ်သျှူးအကောင်းတွေ (ဒီတစ်သျှူးတွေမှာ ဘာပြဿနာမှမရှိလည်း) ကို တိုက်ခိုက်တဲ့အခါဖြစ်ပါတယ်။
အဆစ်ထဲမှာ နာကျင်မှု၊ တောင့်တင်းမှု၊ ပူနွေးမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ ရွေ့လျားနိုင်မှုကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ တစ်ခါတရံမှာ ရင်ဘတ်ထဲမှာ နာကျင်တာမျိုးကိုတောင် ခံစားရနိုင်ပါတယ်။
ဒါကတော့ အဆစ်ရဲ့ အဖြစ်အများဆုံးသော degenerative disorder ပါပဲ။ Cartilageဆိုတာ ကော်လာဂျင်အများစုနဲ့လုပ်ထားတဲ့ တစ်သျှူးပါ။ သူကတော့ ဒူးရဲ့ အရိုးတွေကြားမှာ တည်ရှိပြီး ထိခိုက်ပျက်စီးမှု (shock)တွေကို စုပ်ယူပါတယ်။ အချိန်တွေကြာလာတဲ့အခါ cartilage ဟာ ပြိုကွဲသွားပြီး ကြားခံမှု(cushion)လည်း လျော့နည်းလာပါတယ်။
အရိုးတွေဟာ တစ်ခုနဲ့တစ်ခုပွတ်တိုက်ပြီး နာကျင်မှု၊ တောင့်တင်းမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစားလာရပါတယ်။ အရိုးတွေပွတ်တိုက်ခြင်းဟာ အဆစ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒူးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေနဲ့ အရွတ်တွေရဲ့ အားနည်းမှုနဲ့ တောင့်တင်းမှုကိုလည်း သင်ခံစားရနိုင်ပါတယ်။
Rheumatoid arthritis လိုပါပဲ။ Lupus ကလည်း ခုခံအားမူမမှန်တဲ့ ပြဿနာပါ။ သူကတော့ သင့်ရဲ့ ခုခံအားစနစ်က ခန္ဓါကိုယ်ထဲက ကျန်းမာတဲ့တစ်သျှူးတွေကို တိုက်ခိုက်တဲ့ဆီက စပါတယ်။ Lupus ဟာ ဒူးကိုသာမက အရည်ပြား၊ ဦးနှောက်၊ ကျောက်ကပ်နဲ့ ခန္ဓါကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။
ဒူးအတွင်းမှာ နာကျင်မှုအပြင် ရင်ဘတ်တွင်းမှာ နာကျင်မှုတွေ ပုံမှန်အသက်ရှူဖို့တောင်ခက်ခဲနေမှုတွေကို ခံစားရနိုင်ပါတယ်။ အဖျား၊ သက်တောင့်သက်သာမရှိခြင်း၊ ပါးစပ်နာခြင်းတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။
လေးဘက်နာကတော့ ဇီဝဖြစ်စဉ်ပြဿနာပါ။ ယူရစ်အက်စစ်က သွေးထဲမှာ စုပုံလာတဲ့အခါ ကျောက်တွေကိုဖြစ်ပေါ်စေပြီး အဆစ်တွေကို ရောင်ရမ်းလာစေပါတယ်။ ရောင်ရမ်းခြင်းဟာ ဒူးမှာရှိတဲ့ နေရာတစ်ခုတည်းမှာသာ စဖြစ်ပြီး နောက်မှာတော့ အခြားသော အဆစ်တွေကိုပါ ပြန့်နှံ့သွားပါတော့တယ်။
ဒူးအနောက်ဘက်မှာ အရည်တွေစုပုံလာတဲ့အခါ baker cyst ဖြစ်ပေါ်လာပါတယ်။ ဒါကတော့ နာကျင်မှုကိုမဖြစ်စေဘဲ သက်တောင့်သက်သာမရှိတာလောက်ပဲဖြစ်စေတာပါ။ ဒီ cyst ပေါက်ထွက်သွားတဲ့အချိန်မှ နာကျင်မှုကို ခံစားရပါတယ။် ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ နာကျင်မှုကလည်း ပြင်းထန်နိုင်ပါတယ်။
ဒီရောဂါကတော့ ဒူးက အပြည့်အဝမဖွံ့ဖြိုးသေးခင်မှာ ဖြစ်ခဲ့တဲ့ ဒဏ်ရာကြောင့်ဖြစ်ရတာပါ။ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ နီရဲမှုတွေဖြစ်နိုင်ပါတယ်။ တကယ်လို့သင်က ဘောလုံး၊ ဘော်လီဘော၊ ဘက်စကတ်ဘောတွေ ကစားတယ်ဆိုရင်တော့ ဒီပြဿနာဖြစ်နိုင်ချေများပါတယ်။
ပိုးဝင်ခြင်း
အဖြစ်များတဲ့ အရိုးမှာပိုးဝင်ခြင်းကတော့ osteomyelitis ပါ။ ဒါဟာ ဘက်တီးရီးယား ဒါမှမဟုတ် မှိုကြောင့်ဖြစ်နိုင်ပါတယ်။ ဒူးရိုးနဲ့ အခြားသော တစ်သျှူးတွေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ကြက်သီးထတာမျိုးနဲ့ ဖျားတာမျိုးကို ခံစားရနိုင်ပါတယ်။ ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေလည်း ပိုးဝင်တဲ့ နေရာတစ်ဝိုက်မှာ ဖြစ်နိုင်ပါတယ်။
Septic arthritis ကတော့ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ခွဲစိတ်မှု တစ်ခုခုကြောင့် ဘက်တီးရီးယား သို့မဟုတ် မှိုက အဆစ်ထဲဝင်တဲ့အခါ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ အဆစ်နာကျင်ခြင်းကို ခံစားရပြီး ရောင်ရမ်းခြင်း၊ နီရဲခြင်း သို့မဟုတ် အဖျားတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါဟာ အဖြစ်အများဆုံးသော acute arthritis (ထိပ်တန်း အကြောရောင်နာ) အမျိုးအစားပါပဲ။
ပြင်းထန်တဲ့ ဒူးနာကျင်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ ပိုးဝင်ခြင်း ဒါမှမဟုတ် အကြောရောင်နာတို့လိုပေါ့။ ဘာတွေက ဒူးနာကျင်မှုကို ဖြစ်စေနိုင်တယ်ဆိုတာကိုသိထားတာက သင့်ဒူးကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေ ရှာဖွေတဲ့အခါ အသုံးဝင်နိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။