backup og meta

မျှဝေပါ။

ကျောနာခြင်း ( ခါးနာခြင်း )တွေကို သဘာဝအတိုင်းသက်သာစေနိုင်မယ့် နည်းလမ်း (၆)သွယ်

သင့်ဘဝတစ်သက်တာလုံးမှာ ခါးနာတာေတွ၊ ကျောနာခြင်း တွေကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခံစားဖူးမှာပါ။ တစ်ခါတလေမှာ ပြင်းထန်တတ်ပါတယ်။ ဆိုလိုတာက ခါးနာခြင်း က ဆိုးလွန်းလို့ နေ့စဉ်လုပ်နေကျ အလုပ်တွေတောင် မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်တွေ ကျဉ်နေတာမျိုးပေါ့။

ဒီလိုအခြေအနေမျိုးတွေမှာ ဆရာဝန်တွေဆီ အရင်သွားသင့်ပါတယ။် ဒါပေမဲ့ ခါးနာတဲ့အခြေအနေအားလုံးက ဆေးခန်းသွားနေဖို့လိုတာမဟုတ်ပါဘူး။ ဒီနာကျင်မှုတွေကို သဘာဝအတိုင်း သက်သာအောင် လုပ်ယူလို့ရပါတယ်။

နံနက်ခင်းပိုင်း ကျောနာခြင်း တွေကို လျှော့ချမယ်။

နံနက်နိုးလာတဲ့အချိန်မှာ ကျောနာ၊ ခါးနာတာတွေက ပိုဆိုးနိုင်ပါတယ်။ မထိုင်နိုင်လောက်တဲ့ထိ နာကျင်တောင့်တင်းနေတာတွေကို ခံစားရမှာပါ။

ပက်လက်လှန်နေစဉ် ဒါမှမဟုတ်လည်း မှောက်ခုံအနေအထားမှာ ကျောပေါ်မှာ၊ ကျောအောက်မှာ စသဖြင့် အနွေးအိတ်လေးထားသင့်ပါတယ်။ အပူဓါတ်က ကြွက်သားတွေကို သွေးပူစေပြီး တောင့်တင်းမှုတွေကိုလျှော့ချပေးပါတယ်။

ပြီးတော့ နောက်ကျောက သွေးစီးဆင်းမှုတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ရေနွေးအိတ်တွေ၊ အပူဓါတ်ပေးတာတွေကို အလွန်အကျွံမလုပ်ပါနဲ့။ ဒါက သင့်အရည်ပြားတစ်သျှူးတွေကို ပျက်စီးစေနိုင်ပါတယ်။

Laughter ယောဂ ကျင့်ပါ။ (ရယ်မောခြင်းယောဂ)

ဒီယောဂကတော့ လူတွေကို ရယ်မောခြင်းအားဖြင့် သူတို့ရဲ့ကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတဲ့ ယောဂလေ့ကျင့်ခန်းပုံစံတစ်မျိုးပါ။ သင်ရယ်လိုက်တဲ့အချိန်မှာ ခန္ဓါကိုယ်က အောက်စီဂျင်တွေ ပိုမိုရယူနိုင်ပြီး ဖိအားတွေကိုလျှော့ချပေးလို့ endorphin တွေကို ပိုပြီးထုတ်လွှတ်ပေးပါတယ။် (endorphin ဆိုတာကတော့ သဘာဝအတိုင်းနာကျင်မှုတွေကို သက်သာစေနိုင်တဲ့ ဟော်မုန်းပါ။ )

ဒါ့အပြင် ရယ်မောခြင်းယောဂဟာ အပျော့စား ကာယလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ တကယ်လို့များ တခြားလေ့ကျင့်ခန်းတွေက ပြင်းထန်ပြီး နောက်ကျောကို နာကျင် ထိခိုက်စေနိုင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို ရွေးချယ်နိုင်ပါတယ်။

အနှိပ်ခံပါ။

အိမ်မှာဖြစ်စေ၊ ကျန်းမာရေးစင်တာတွေမှာပဲဖြစ်စေ ပုံမှန်အနှိပ်ခံနိုင်ပါတယ်။ နှိပ်ခြင်းက ဖိအားတွေကို လျှော့ချပေးပြီး ကြွက်သားတွေကို အနားရစေတဲ့အပြင် သင့်ခန္ဓါကိုယ်က endorphin ထုတ်ပေးခြင်းကို အားပေးပါတယ။် စားပွဲပေါ်မှာ ဒါမှမဟုတ် အနှိပ်ထိုင်ခုံပေါ်မှာ အနှိပ်ခံနိုင်ပါတယ်။ ဒါက ကျောနာခြင်း အတြက္ သင့်ရဲ့လိုအပ်ချက်ပေါ်ပဲ မူတည်ပါတယ်။ သင်လုပ်ရမှာကတော့ သက်တောင့်သက်သာ အနားယူဖို့နဲ့ နောက်ကျောနာကျင်မှုတွေကို ကုသနိုင်ဖို့ ဒီကုထုံးကို ဝကွက်အပ်ထားလိုက်ရုံပါပဲ။

အိပ်စက်တဲ့ အနေအထားကို ပြောင်းလဲပါ။

အိပ်စက်တဲ့ပုံစံက ကျောနာ၊ ခါးနာတဲ့ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော အနေအထားတွေက ခါးနာတာကို ပိုဆိုးစေပေမယ့် အချို့သော အနေအထားတွေကတော့ လျော့ကျစေပါတယ်။ ဒါကြောင့် ဘာကသင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေဖို့ ပုံစံအမျိုးမျိုးနဲ့ အိပ်ကြည့်ပါ။

အထူးသဖြင့် recline position(ကျောတစ်ဝက် မှီပြီး အိပ်စက်တဲ့ပုံစံ) ကတော့ ခါးနာသက်သာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အထူးပြုလုပ်ထားတဲ့ ခုံမှာဖြစ်စေ၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာပေါ်မှာဖြစ်စေ၊ အိပ်စက်ခြင်းတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။

ကျောနာခြင်း အတြက္ အကြောလျှော့ခြင်း

ဒီလို မော်ဒန်ခေတ်ကြီးမှာ တစ်နေ့လုံး စားပွဲပေါ်ကမထဘဲ အလုပ်လုပ်နေတာမျိုး ၊ စာလုပ်နေတာမျိုးဟာ တွေ့ရများလှပါတယ။် ဒါပေမဲ့ အကြာကြီးထိုင်မနေပါနဲ့။ မိနစ် ၂၀ကြာတိုင်းမှာ ထိုင်နေရာက ထလို့ အကြောလျှော့တာမျိုးတွေ၊ အထူးသဖြင့် နောက်ကျော၊ ခြေထောက်တွေနဲ့ လက်မောင်းတွေကို အကြောလျှော့တာ၊ဆန့်တာမျိုး စသဖြင့် လုပ်ပေးနိုင်ပါတယ်။

အပျော့စားလေ့ကျင့်ခန်းတွေကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ သူတို့တွေက သင့်ရဲ့ကြွက်သားတွေကို အနားယူစေပြီး ခန္ဓါကိုယ်ကိုလည်း သွေးပူစေပါတယ်။

သန်မာတဲ့ကြွက်သားတွေကို ထိန်းသိမ်းပါ။

ကျောနာ၊ ခါးနာဖြစ်တဲ့အချိန်မှာ ကြွက်သားတွေ သန်မာနေဖို့ အရေးကြီးပါတယ်။ သန်မာတဲ့ကြွက်သားတွေ၊ ဥပမာ ခါးနဲ့ တင်ပါးဆုံကွင်းလိုနေရာမျိုးက ကြွက်သားတွေ သန်မာနေခြင်းက နောက်ကျောကို ပိုပြီးကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးနိုင်ပါတယ်။

ပြင်းထန်တဲ့ နောက်ကျောနာကျင်မှုတွေအတွက် ဆေးဝါးကုသမှုပြုလုပ်တာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပြဿနာအများစုက မပြင်းထန်တာကြောင့် နာကျင်မှုသက်သာစေတဲ့ သဘာဝဆေးနည်းတွေသုံးတာက ကြိုးစားကြည့်သင့်တဲ့ အရာတစ်ခုပါပဲ။

အထက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ နာကျင်မှုတွေ ပြန်လည်တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့ရမှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

  1. 7 Ways to Relieve Back Pain Naturally. http://www.spine-health.com/blog/7-ways-relieve-back-pain-naturally. Accessed November 18, 2016.
  2. 10 Ways to Manage Low Back Pain at Home. http://www.webmd.com/back-pain/features/manage-low-back-pain-home. Accessed November 18, 2016.
  3. 12 Ways to Improve Back Pain. http://www.webmd.com/back-pain/america-asks-13/12-back-pain-tips. Accessed November 18, 2016.

ယခုပုံစံ

05/07/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement