ဒါ့အပြင် ရယ်မောခြင်းယောဂဟာ အပျော့စား ကာယလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ တကယ်လို့များ တခြားလေ့ကျင့်ခန်းတွေက ပြင်းထန်ပြီး နောက်ကျောကို နာကျင် ထိခိုက်စေနိုင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို ရွေးချယ်နိုင်ပါတယ်။
အနှိပ်ခံပါ။
အိမ်မှာဖြစ်စေ၊ ကျန်းမာရေးစင်တာတွေမှာပဲဖြစ်စေ ပုံမှန်အနှိပ်ခံနိုင်ပါတယ်။ နှိပ်ခြင်းက ဖိအားတွေကို လျှော့ချပေးပြီး ကြွက်သားတွေကို အနားရစေတဲ့အပြင် သင့်ခန္ဓါကိုယ်က endorphin ထုတ်ပေးခြင်းကို အားပေးပါတယ။် စားပွဲပေါ်မှာ ဒါမှမဟုတ် အနှိပ်ထိုင်ခုံပေါ်မှာ အနှိပ်ခံနိုင်ပါတယ်။ ဒါက ကျောနာခြင်း အတြက္ သင့်ရဲ့လိုအပ်ချက်ပေါ်ပဲ မူတည်ပါတယ်။ သင်လုပ်ရမှာကတော့ သက်တောင့်သက်သာ အနားယူဖို့နဲ့ နောက်ကျောနာကျင်မှုတွေကို ကုသနိုင်ဖို့ ဒီကုထုံးကို ဝကွက်အပ်ထားလိုက်ရုံပါပဲ။
အိပ်စက်တဲ့ အနေအထားကို ပြောင်းလဲပါ။
အိပ်စက်တဲ့ပုံစံက ကျောနာ၊ ခါးနာတဲ့ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ အချို့သော အနေအထားတွေက ခါးနာတာကို ပိုဆိုးစေပေမယ့် အချို့သော အနေအထားတွေကတော့ လျော့ကျစေပါတယ်။ ဒါကြောင့် ဘာကသင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေဖို့ ပုံစံအမျိုးမျိုးနဲ့ အိပ်ကြည့်ပါ။
အထူးသဖြင့် recline position(ကျောတစ်ဝက် မှီပြီး အိပ်စက်တဲ့ပုံစံ) ကတော့ ခါးနာသက်သာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ အထူးပြုလုပ်ထားတဲ့ ခုံမှာဖြစ်စေ၊ သက်တောင့်သက်သာရှိတဲ့ အိပ်ရာပေါ်မှာဖြစ်စေ၊ အိပ်စက်ခြင်းတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။
ကျောနာခြင်း အတြက္ အကြောလျှော့ခြင်း
ဒီလို မော်ဒန်ခေတ်ကြီးမှာ တစ်နေ့လုံး စားပွဲပေါ်ကမထဘဲ အလုပ်လုပ်နေတာမျိုး ၊ စာလုပ်နေတာမျိုးဟာ တွေ့ရများလှပါတယ။် ဒါပေမဲ့ အကြာကြီးထိုင်မနေပါနဲ့။ မိနစ် ၂၀ကြာတိုင်းမှာ ထိုင်နေရာက ထလို့ အကြောလျှော့တာမျိုးတွေ၊ အထူးသဖြင့် နောက်ကျော၊ ခြေထောက်တွေနဲ့ လက်မောင်းတွေကို အကြောလျှော့တာ၊ဆန့်တာမျိုး စသဖြင့် လုပ်ပေးနိုင်ပါတယ်။
အပျော့စားလေ့ကျင့်ခန်းတွေကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ သူတို့တွေက သင့်ရဲ့ကြွက်သားတွေကို အနားယူစေပြီး ခန္ဓါကိုယ်ကိုလည်း သွေးပူစေပါတယ်။
သန်မာတဲ့ကြွက်သားတွေကို ထိန်းသိမ်းပါ။
ကျောနာ၊ ခါးနာဖြစ်တဲ့အချိန်မှာ ကြွက်သားတွေ သန်မာနေဖို့ အရေးကြီးပါတယ်။ သန်မာတဲ့ကြွက်သားတွေ၊ ဥပမာ ခါးနဲ့ တင်ပါးဆုံကွင်းလိုနေရာမျိုးက ကြွက်သားတွေ သန်မာနေခြင်းက နောက်ကျောကို ပိုပြီးကောင်းကောင်းမွန်မွန် ထောက်ပံ့ပေးနိုင်ပါတယ်။
ပြင်းထန်တဲ့ နောက်ကျောနာကျင်မှုတွေအတွက် ဆေးဝါးကုသမှုပြုလုပ်တာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုပြဿနာအများစုက မပြင်းထန်တာကြောင့် နာကျင်မှုသက်သာစေတဲ့ သဘာဝဆေးနည်းတွေသုံးတာက ကြိုးစားကြည့်သင့်တဲ့ အရာတစ်ခုပါပဲ။
အထက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ နာကျင်မှုတွေ ပြန်လည်တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့ရမှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။