လက်ကောက်ဝတ်ကျိုးတယ်ဆိုတာ သင်ချော်လဲကျတဲ့အခါ ဒီထိခိုက်မှုက လက်ကောက်ဝတ်ထဲက အရိုးကျိုးစေတာ ဒါမှမဟုတ် အက်စေတာဖြစ်ပါတယ်။
လက်ကောက်ဝတ်ကျိုးခြင်းဟာ သင့်ရဲ့လက်ကောက်ဝတ်အတွင်းရှိ အရိုးအများအပြား အက်ကွဲတာဖြစ်ပါတယ်။ လက်ကောက်ဝတ်ကျိုးရင် လက်မနဲ့ လက်ကောက်ဝတ်ဆက်ထားတဲ့ လက်မဘက်ခြမ်းက အရိုးနဲ့အနီးအနားမှာဖြစ်ပါတယ်။
လက်ကောက်ဝတ်ကျိုးခြင်းက အလွန်အဖြစ်များပြီး လက်မောင်းများတွင်လည်း အရိုးမကြာခဏ ကျိုးပဲ့တတ်ပါတယ်။ ဒါဟာ အသက်အရွယ်မရွေး ထိခိုက်ပါတယ်။ သင့်ရဲ့အန္တရာယ်ဖြစ်နိုင်ချေများ လျှော့ချခြင်းဖြင့် စီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ် သတင်းအချက်အလက်ရရန် သင့်ဆရာဝန်နှင့်အတူ ဆွေးနွေးပါ
အဖြစ်များတဲ့ လက္ခဏာတွေကတော့-
အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေ ရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ လက္ခဏာ တစ်စုံတစ်ခုများ ဖြစ်နေပြီးလားဟု စိုးရိမ်နေပါက သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။
သင့်ကျိုးနေတဲ့လက်ကောက်ဝတ်မှာ သင်ထုံကျဉ်မှုခံစားရတယ်၊ သင့်လက်ချောင်းများ ရွေ့လျားလာသောအခါ ရောင်ရမ်းခြင်း သို့မဟုတ် ခက်ခဲမှုရှိလျှင် ချက်ချင်းဆရာဝန်ဆီကိုသွားပါ။ ကုသမှုနောက်ကျပါက ပြန်ကောင်းနိုင်ခြေ လျော့နည်းတတ်ပြီး လှုပ်ရှားမှု ပမာဏနဲ့ ဆုပ်ကိုင်မှုအား လျော့နည်းသွားပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆရာဝန်နဲ့ ဆွေးနွေးပါ။
သင့်လက်ကို တိုက်ရိုက်ထိုးနှက်မှု သို့မဟုတ် ကျိုးနိုင်တဲ့ ထိခိုက်မှုတွေက လက်ကောက်ဝတ်ကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းတရားများကတော့ –
အချက်ပေါင်းများစွာ ရှိပါတယ်။ တကယ်လို့သင်က အားကစားသမားဆိုရင် ဖြစ်နိုင်ချေပိုများပါတယ်။
သင့်မှာအောက်ပါအချက်တွေရှိရင် ဖြစ်နိုင်ချေပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က သင့်ခံစားမှုအခြေအနေကိုမေးမြန်းပြီး ရောဂါရှာဖွေဖို့အတွက် အောက်ပါ စစ်ဆေးခြင်းတွေလုပ်ခိုင်းနိုင်ပါတယ်။
လက်ကောက်ဝတ်ကျိုးတာက ပြင်းထန်တာမဟုတ်ဘူးဆိုရင် ဆရာဝန်က အောက်ပါအဆင့်တွေကို လုပ်ဆောင်ပါလိမ့်မယ်
အကျိုးဆက်ခြင်း
အရိုး၏ကျိုးတဲ့ အစွန်း စနစ်တကျ မဆက်ဘူးဆိုရင် သင့်ဆရာဝန်က သူတို့ရဲ့သင့်လျော်သော နေရာအတိုင်း ပြန်ဆက်ဖို့လိုအပ်ပါလိမ့်မယ်။
မရွေ့လျားနိုင်အောင် ဆောင်ရွက်ထားခြင်း
လက်ကောက်ဝတ်ကအနာကို ကျက်သည်အထိ နောက်ထပ်ဒဏ်ရာမဖြစ်အောင် ကာကွယ်တားဆီးဖို့ ကျောက်ပတ်တီးစည်းခြင်း ဖြစ်ပါတယ်။
ဆေးဝါးများ
သင့်ရဲ့နာကျင်မှုသက်သာစေဖို့ အချို့ဆေးဝါးများကို ပေးပါတယ်။
ကုထုံး
သင့်ကျောက်ပတ်တီးကို ဖယ်ရှားပြီးသည်နှင့် လက်တောင့်တင်းမှုကို လျှော့ချရန် နှင့် သင့်လက်ကောက်ဝတ်၊ လက်လှုပ်ရှားမှု ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကုထုံးများ လုပ်ရနိုင်ပါတယ်။
တကယ်လို့ သင့်ရဲ့အခြေအနေက အရမ်းဆိုးရွားနေမယ်ဆိုရင် သင့်ရဲ့အရိုး သင့်လျော်သော အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ ပလိတ်ပြား သံချောင်း သို့မဟုတ် ဝက်အူ ကဲ့သို့ ကိရိယာများ သို့မဟုတ် အရိုးအစားထိုးနည်းပညာဖြင့် ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ် ။ သင့်မှာ အောက်ဖော်ပြပါ ဒဏ်ရာများ ရှိပါက ထိုကိရိယာများ လိုအပ်နိုင်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက လက်ကောက်ဝတ်ကျိုးခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ကောက်ဝတ်ကျိုးခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။