သင့်ကလေးဟာ သူတို့ရဲ့သွား ကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရလုံလောက်စွာ ရရှိဖို့လိုအပ်ပါတယ်။ ထို့ကြောင့်မိဘများအနေနှင့် ကလေးပထမအသက်သုံးနှစ်အရွယ်တွင် ကလေး၏သွားကျန်းမာရေးကိုအထူးဂရုစိုက်သင့်ပါသည်။ မနက်စာ၊နေ့လည်စာ၊ ညစာ ထိုသုံးနပ်အပြင် အခြားအစားအစာများ ထပ်ကျွေးခြင်းက ကလေးရဲ့သွားကျန်းမာရေးအတွက် လိုအပ်တဲ့သတ္တုဓါတ် ၊ဗီတာမင် ၊ အမျှင်နှင့်ကျန်းမာသောအဆီများကိုရရှိစေပါသည်။ ကလေးသွား ဖွံဖြိုးဖို့အတွက် အာဟာရဓါတ်ပြည့်ဝပြီး အရသာရှိသော အစာ ၅ မျိုးကို အောက်တွင် ဖော်ပြသွားပါမည်။
၁။ ကြွပ်ဆတ်သောဟင်းသီးဟင်းရွက်များ
အကယ်၍ သဘာဝအလျောက်ရရှိသော ဝါးစား၍ရသည့်ကြွပ်ဆတ်သော အစားအစာကို သင်၏ကလေးကိုကျွေးလိုပါက မုန်လာဥ၊ပန်းပွင့်၊ဗိုလ်စားပဲ စသော ကြွပ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုကျွေးနိုင်ပါသည်။ ထိုဟင်းသီးဟင်းရွက်များတွင် ကလေးများသွားတိုက်ပြီးနောက် ကျန်ရှိနေနိုင်သည့်သွားပေါ်ရှိ သွားချီး များကိုဖယ်ရှားပေးသည့်အစွမ်းသတ္တိရှိပါသည်။ မိဘများသည်ကလေးများပုံမှန်ဝါးစားနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သွားရည်စာ(သို့) ဟင်းသီးဟင်းရွက်အချိုပွဲများကိုကျွေးသင့်ပါသည်။
၂။ ဗီတာမင်စီပြည့်ဝသော သစ်သီးဝလံများ
ကလေးပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားပိုးမွှားပေါင်းများစွာကြောင့်ဖြစ်ပွားနိုင်တဲ့ သွားဖုံး ရောင်ခြင်းကိုကာကွယ်နိုင်ဖို့အတွက် သင့်ကလေး ၏ နေ့စဉ်အစားအစာ တွင်ဗီတာမင်စီကြွယ်ဝသောအသီးများ ပါသင့်ပါသည်။ ဗီတာမင်စီကြွယ်ဝသောအစားအစာများစွာရှိပါသည်။ဥပမာ- လိမ္မော်သီး၊ သံပုရာသီး၊ကီဝီသီး၊သင်္ဘောသီး တို့ဖြစ်ကြပါသည်။ ဘယ်ရီသီးများသည်လည်း အာဟာရှိပြီးစားလို့ကောင်းသောနေ့စဉ် စားနိုင်သော အသီးများပင်ဖြစ်ပါသည်။ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ဘလက်ဘယ်ရီကဲ့သို့သော ဘယ်ရီသီးများသည် အရသာရှိရုံသာမက အာဟာရနှင့်ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝပါသည်။ ဘယ်ရီသီးများနှင့်အခြားဗီတာမင်စီပြည့်ဝသော အသီးအနှံများသည် ကလေး၏ ပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားများကို ဖျက်ဆီးပေးပြီး သွားဖုံးများကို ကျန်းမာကြံ့ခိုင်စေပါသည်။
၃။ အခွံမာသီးများနှင့်အစေ့အဆံများ
အကယ်၍သင့်ကလေးသည်အသက်သုံးနှစ်ကျော်ပြီဆိုပါက နေကြာစေ့ကဲ့သို့သောအစေ့အဆံများကိုစတင်ကျွေးနိုင်ပါပြီ။ ထိုအစေ့များသည်သတ္တုဓါတ်၊ကျန်းမာရေးနှင့်ညီညွတ်သောအဆီ၊အသားဓါတ်နှင့်အမျှင်ဓါတ်ကြွယ်ဝရုံသာမကဘက်တီးရီးယားများ ကိုကာကွယ်ပေးနိုင်ပြီးသွားများအတွက် လိုအပ်သောသဘာဝအဆီများကို ပေးစွမ်းပါသည်။ အစေ့အဆံများတွင် ပါဝင်သောသဘာဝဆီသည် သွားကြွေလွှာများကိုကြံ့ခိုင်စေပြီး အချို့အစေ့များသည်သွားအတွက် လိုအပ်သောကယ်လ်စီယမ်ကို ပေးစွမ်းပါသည်။ အစေ့အဆံများအားလုံးကိုရေခဲသေတ္တာထဲတွင်သိုလှောင်ရန်အကြံပြုထားပါသည်။ အဘယ်ကြောင့်ဆိုသော်အစေ့အဆံများပျက်စီးခြင်းမှကာကွယ်ရန်ဖြစ်ပါသည်။
၄။ သကြားမပါဝင်သောပီကေများ
အကယ်၍သင်ဟာသစ်သီးတွေ(သို့မဟုတ်)ဟင်းသီးဟင်းရွက်သွားရည်စာတွေပြင်ဆင်ပေးဖို့အတွက်မအားလပ် ဘူးဆိုပါက ပီကေတစ်ဘူးဝယ်ပေးခြင်းက ပိုပြီးသင့်တော်ပါသည်။ ပီကေအများစုသည်ပါးစပ်ထဲတွင်ရှိသော သဘာဝကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး သွားချီးများကိုဖယ်ရှားပေးပါသည်။ ထို့အပြင် သကြားမပါဝင်သော ပီကေများသည် ထမင်းစားပြီးသောအချိန်တွင်စားပါကသင့်ကလေးကိုသွားပိုးစားခြင်းမှကာကွယ်ပေးပြီး ခံတွင်းနံ့သင်းစေပါသည်။
၅။ နို့ထွက်ပစ္စည်းများ
သကြားမပါဝင်သောနို့ထွက်ပစ္စည်းများသည်ကလေး၏သွားအတွက်အလွန်လိုအပ်ပါသည်။ဥပမာဆိုရသော် ချိစ့် သည်ကလေး၏တံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးပြီး ၎င်းတွင်ပါဝင်သောကယ်လ်ဆီယမ်သည် အက်ဆစ်များကြောင့် သွားများပျက်စီးခြင်းမှ ကာကွယ်ပေးပြီး လိုအပ်သော သတ္တုဓါတ်များ ဖြည့်စွမ်းပေးပါသည်။ ကလေးများအကြိုက်နို့ထွက်ပစ္စည်းများဖြစ်သည့်နို့၊ဒိန်ချဉ် နှင့် သကြားမပါသော ရေခဲမုန့်များသည် သွားအတွက် လိုအပ်သည့် ကယ်လ်စီယမ်နှင့် ဖော့စ်စဖိတ်ကိုဖြည့်စွမ်းပေးပါသည်။ ဗီတာမင် များထပ်ဖြည့်ထားသော နို့များသည်လည်းကလေးများကိုဗီတာမင်ဒီ ဖြည့်စွမ်းပေးပါသည်။ ထိုဗီတာမင်သည် ခန္ဓါကိုယ်မှ ကယ်လ်စီယမ်ကို အကျိုးရှိစွာ အသုံးချရန် ကူညီပေးပါသည်။
အတိုချုပ်ပြောရသော်သင့်ကလေး၏သွားကျန်းမာရေးအတွက်အလိုအပ်ဆုံးများမှာ ပါးစပ်တွင်းရှိ အက်ဆစ်ဓါတ်များကို ဖယ်ရှားပေးပြီး ကျန်းမာရေးနှင့် မညီညွတ်သော ဘက်တီးရီးယားများကို ဖျက်ဆီးပေးသည့်အပြင် သွား၏ကြွေလွှာများကို ပြန်လည်ပြင်ဆင်ရာတွင် လိုအပ်သော ဗီတာမင်များနှင့် တံတွေးထုတ်လုပ်ခြင်းကိုလှုံဆော်ပေးသောသတ္တုဓါတ်များပါဝင်သည့်အစားအစာများ နှင့်သောက်စရာများပင်ဖြစ်ပါသည်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]