ကလေးများ၏ သွားကျန်းမာရေးကို ဖြစ်ပွားစေသောအကြောင်းအရင်းများစွာရှိပါသည်။ ငယ်သွားများသည် နောက်ဆုံးတွင် ကြီးသွားများနှင့် အစားထိုးသည် ဆိုသော်လည်းပဲ ကလေးငယ်သွားဘဝထဲက ကျန်းမာသောသွားများ ရရှိနိုင်အောင် ထိန်းသိမ်းထားခြင်းသည် ကလေး၏ကျန်းမာရေးအတွက် အရေးပါပါသည်။
၁။ သွားပိုးစားခြင်း
သွားပိုးစားခြင်းသည်ကာကွယ်နိုင်သောရောဂါတစ်ခုဖြစ်သည်။ ကလေး၏သွားများသည် ချိုသောအစားအစာများ၊အချိုရည်များနှင့် တောက်လျောက်ထိတွေ့နေသောအခါတွင် သွားပိုးစားတတ်သည်။ ကလေးများ၏ပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားများသည် သကြားများစားသုံးကာ ကြီးထွားလာကြသည်။ ထို့နောက်သွားပိုးစားခြင်းကိုဖြစ်ပွားစေနိုင်သည်။ ကလေးများကိုစားချိန်တန်စားသောက်ချိန်တန်သောက်ခိုင်းပါ။ အဓိကသည် တစ်နေ့လုံးနှင့်ညအိပ်ခါနီးတိုင်း ရေသောက်ရန်ဖြစ်သည်။
၂။ လက်မစုပ်ခြင်း
လက်မစုပ်ခြင်းသည်သဘာဝအလျောက်ဖြစ်လေ့ဖြစ်ထရှိသောကိစ္စရပ်တစ်ခုဖြစ်သည်။ များသောအားဖြင့်စိုးရိမ်ရန်မလိုပါ။ သို့သော်အသက်ငါးနှစ်ကျော်သည်အထိ ကလေးသည်လက်မစုပ်နေမည်ဆိုလျှင် တော့ ကြီးသွားများပေါက်လာချိန်တွင်သွားပိုင်းဆိုင်ရာပြဿနာများဖြစ်လာနိုင်ပါသည်။ လက်မစုပ်ခြင်းသည် သွားစီစီရီရီရှိမှု၊ မေးရိုးများ၊ပါးစပ်၏အာခေါင်ဖြစ်ပေါ်လာပုံ၊စကားပြောခြင်းများစသည်တို့နှင့်ပက်သက်ပြီးပြဿနာများဖြစ်ပွားစေနိုင်ပါသည်။ သွားဖုံးမောက်ခြင်း သွားခေါခြင်းများဖြစ်ပွားစေနိုင်ပါသည်။
၃။ နုတ်ခမ်းသပ်ခြင်း
နှုတ်ခမ်းသပ်ခြင်းဆိုသည်မှာ အောက်နှုတ်ခမ်းကိုအပေါ်သွားနှင့်အောက်သွားအကြား ထားပြီးနှုတ်ခမ်းကိုလျက်ခြင်းဖြစ်သည်။ နှုတ်ခမ်းသပ်သောကလေးများသည် လက်မပါစုပ်တတ်ကြောင်းတွေ့ရသည်။ နှုတ်ခမ်းသပ်ခြင်းအားဖြင့် သွားများညီညာမှုမရှိတော့ဘဲ စကားပြောရာတွင်အခက်အခဲတွေ့နိုင်သည်။
၄။ လျှာထုတ်ခြင်း
လျှာထုတ်ခြင်းသည်လည်းနုတ်ခမ်းသပ်ခြင်း၊လက်မစုပ်ခြင်းကဲ့သို့ပင်အတွေ့ရများသောပြဿနာတစ်ခုပင်ဖြစ်သည်။ လျှာထုတ်ခြင်းအားဖြင့်သွားများညီညာမှုမရှိစေဘဲ သွားခေါခြင်းသွားဖုံးမောက်ခြင်းများဖြစ်စေသည်။ စကားပြောရာတွင် အခက်အခဲဖြစ်စေနိုင်သည်။
၅။ သွားစောစောကျိုးုခြင်း
ကလေးများတွင်သွားပိုးစားခြင်း၊ဒဏ်ရာရခြင်း၊စသည်တို့ကြောင့်လည်းသွားကျိုးနိုင်ကြသည်။ ကြီးသွားများမပေါက်သေးခင်ငယ်သွားများကျိုးခြင်းကျွတ်ခြင်းဖြစ်ပေါ်ပါက အနီးအနားရှိသွားများသည်ယိုင်ခြင်းစောင်းခြင်းများဖြစ်ပွားနိုင်သည်။ ထိုအခါကြီးသွားများပေါက်လာလျှင်လည်း ပေါက်လာသောကြီးသွားများကိုပါညီညာမှုမရှိခြင်းများဖြစ်စေနိုင်သည်။ ထိုအခါ သွားများရွဲ့စောင်းခြင်း၊ သွားထပ်များပေါက်ခြင်းများ ဖြစ်ပွားစေနိုင်သည်။ သွားညီညာမှုမရှိခြင်းသည်ပြဿနာများစွာကိုဖြစ်ပွားစေနိုင်သည်။
ကျွန်ုပ်တို့၏ကလေးများနှင့်ပက်သက်ပြီး သွားကျန်းမာရေးအရေးပါပုံကိုစနစ်တကျ သင်ကြားပေးဖို့ လိုအပ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]