ခေါင်းထဲကပြဿနာ
ဦးခေါင်း ဒါမှမဟုတ် လည်ပင်းထိခိုက်မှုတစ်ခုခုကနေဖြစ်လာတဲ့ အာရုံကြောထိခိုက်မှုကြောင့် အာခေါင်ခြောက်ခြင်းဖြစ်လာနိုင်ပါတယ်။ အာရုံကြောတချို့က ဦးနှောက်နဲ့တံတွေးဂလင်းတွေကြားမှာ သတင်းပေးပို့တဲ့လုပ်ဆောင်ချက်ရှိပါတယ်။ အဲဒီအာရုံကြောတွေထိခိုက်ထားတယ်ဆိုရင် တံတွေးထုတ်ပေးဖို့ တံတွေးဂလင်းကိုသတင်းပို့နိုင်တော့မှာမဟုတ်ပါဘူး။
ရောဂါအကြောင်းရင်း
အိတ်ခ်ျအိုင်ဗီ၊ အယ်လ်ဇိုင်းမား၊ ဆီးချိုသွေးချို၊သွေးအားနည်းရောဂါ၊လေးဘက်နာအဆစ်ရောင်၊သွေးတိုး၊ ပါကင်ဆန်ရောဂါ၊လေဖြတ်ခြင်းတို့လို ရောဂါအကြောင်းရင်းခံတွေကြောင့်လည်း တံတွေးခန်းခြောက်ပြီးအာခေါင်ခြောက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ပြန်တိုက်ခိုက်မှုခံရတဲ့autoimmuneရောဂါတွေမှာသွေးဖြူဥဆဲလ်တွေက ခန္ဓါကိုယ်ထဲက မျက်ရည်နဲ့တံတွေးဂလင်းတွေကို တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းက အာခေါင်ခြောက်စေတဲ့အဓိကအကြောင်းရင်းတော့မဟုတ်ပေမယ့် စီးကရက်၊ဆေးတံ စတဲ့ဆေးရွက်ကြီးပါတဲ့ အရာတွေအားလုံးက အာခေါင်ခြောက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။
အငန်များလို့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။