ဗီတာမင်စီ ချို့တဲ့ခြင်း ရှားပါးပေမယ့် ဗီတာမင်စီချို့တဲ့ရင် scurvyဆိုတဲ့ ရောဂါဖြစ်တတ်ပါတယ်။ ဗီတာမင်စီက တစ်ရှူးတွေကို ပြုပြင်တဲ့နေရာမှာ ကူညီပေးတယ်။ အရိုးနဲ့ သွားတွေကိုလည်း ကြံ့ခိုင်စေတယ်။ သံဓာတ်စုပ်ယူမှုကို အားပေးတယ်။ ဒါကြောင့် ဗီတာမင်စီ ချို့တဲ့ရင် လူက သွေးထွက်လွယ်တယ်။ အရေပြားမှာလည်း အနီစက်တွေ ထွက်တတ်တယ်။ သွေးအားလည်း နည်းတတ်ပါတယ်။
သွားဖုံးသွေးယိုနေပြီဆိုရင် ဗီတာမင်ကေ ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်ကေက သွေးတိတ်စေတဲ့ အလုပ်ကို လုပ်ပါတယ်။ သင်စားတဲ့ အစားအစာမှာ ဗီတာမင်ကေ မပါရင်ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူရင်ပဲ ဖြစ်ဖြစ် သွေးမတိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။
ဘယ်လိုကုသကြမလဲ။
သွားဖုံးက သွေးထွက်တာက သွားနဲ့ ခံတွင်းပြဿနာကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် သွားဆရာဝန်နဲ့ အရင်ပြကြည့်ပါ။ သွားကျောက်တွေကြောင့်ဆိုရင် ခြစ်ပြီးတာနဲ့ သွေးမထွက်တော့ပါဘူး။ တစ်ပတ် ဆယ်ရက်နေလို့တောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေကုသရမှာပါ။ ဒီကြားထဲ အိမ်မှာ လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။