သကြားလုံးလို့ကြားတာနဲ့ သွားပိုးစားမယ်၊ချောင်းဆိုးမယ်လို့ သိထားကြတယ်။ ဒါပေမယ့် ချောင်းဆိုးသက်သာစေတဲ့အပြင် လည်ချောင်းနဲ့ ခံတွင်းကျန်းမာရေးအတွက် ကာကွယ်မှုပေးတဲ့ သကြားလုံးတွေ ရှိတယ်ဆိုတာ သင်သိပါသလား။ ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ စီမံဖန်တီးထားလို့ချောင်းဆိုးကိုပါသက်သာစေလဲဆိုတာသိချင်လာပြီမဟုတ်လား။
ငုံဆေးသကြားလုံးဆိုတာ လည်ချောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်အောင် အိတ်ကပ်ထဲဆောင်ထားလို့ရတဲ့ဆေးသကြားလုံးတွေပါ။ ဥပမာ အစည်းအဝေးမှာ လည်ချောင်းသလိပ်ကပ်နေလို့ ကိုယ့်ရဲ့တင်ပြချက်ကိုကောင်းကောင်းမပြောနိုင်တာမျိုး မဖြစ်ရအောင် သူကဖြေရှင်းပေးနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ လည်ချောင်းယားတာတွေဆိုလည်း ငုံဆေးလေးတော့ အားကိုးရတာပဲလေ။ ခံတွင်းမှာ ငုံထားလိုက်ရုံနဲ့ သူ့ရဲ့ပါဝင်ပစ္စည်းတွေက တံတွေးဂလင်းတွေကိုနှိုးဆွပြီး လည်ချောင်းနံရံတွေကိုဆေးနဲ့ပျံ့နှံ့စေတယ်၊ လည်ချောင်းနာ၊လည်ချောင်းယားသက်သာစေတယ်။ ဒီလိုငုံဆေးတွေကို အာနိသင်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေက ဘာများလဲ ။
ခံတွင်းနဲ့ လည်ချောင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးဆိုတာ
ယူကလစ်ဆီ (Eucalyptus Oil)
ယူကလစ်ဆီကို အအေးမိ၊ လည်ချောင်းနာ၊ချောင်းဆိုးဝေဒနာတွေအတွက်ရောဂါပိုးကိုသေစေတဲ့ဆေးအဖြစ်အသုံးပြုကြပါတယ်။ သုတေသနတွေမှာလည်း ယူကလစ်ဆီရဲ့အာနိသင်တွေအကြောင်းဖော်ပြခဲ့ကြပါတယ်။ အမျိုးအစားကွဲအမျိုးမျိုးရှိပေမယ့် အားလုံးက အတိုင်းအတာတစ်ခုအထိ ဘက်တီးရီးယားနှိမ်နင်းနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။
ပရုပ်အေး (Menthol)
ပရုပ်အေးကိုဆေးဝါးတွေထဲ အသုံးပြုပုံအမျိုးမျိုးရှိပါတယ်။ ပရုပ်အေးက ချောင်းဆိုးသက်သာစေတယ်၊ သွားဖုံးရောင်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးတယ်၊ ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးတယ်၊ နှုတ်ခမ်းနဲ့သွားဖုံးတွေထိခိုက်မှုကိုကာကွယ်တယ်၊ လည်ချောင်းနာသက်သာစေတယ်ဆိုတာတွေက ခံတွင်းကျန်းမာရေးအတွက် ပရုပ်အေးရဲ့အစွမ်းသတ္တိတွေပါ။ဒါ့ကြောင့်သူ့ကို ငုံဆေးနဲ့ ဖျန်းဆေးတွေလိုချောင်းဆိုးသက်သာစေမယ့်ဆေးတွေမှာ ထည့်သွင်းအသုံးပြုတာဖြစ်ပါတယ်။
ပျားရည်က ချိုတယ်ဆိုပေမယ့်ချောင်းဆိုးစေတဲ့အချိုမဟုတ်ပါဘူး။ ဘက်တီးရီးယားသေစေနိုင်တဲ့ပျားရည်ရဲ့အာနိသင်ကြောင့် လည်ချောင်းယားတာ၊ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေအတွက် အသုံးဝင်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။
သံပရာ၊ သံပရို
သံပရာသီးနဲ့ သံပရိုသီးတွေဟာ လည်ချောင်းတွင်း ချွဲသလိပ်တွေကပ်ငြိပြီး သလိပ်ကပ်တာ၊ ချွဲကျပ်တာ၊ လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ လည်ချောင်းထဲရှင်းလင်းသွားစေတာက အဓိကပေါ့။ သံပရိုသီးနဲ့ပျားရည်ကိုရေနွေးနဲ့ဖျော်သောက်ရင်ချောင်းဆိုးချွဲကျပ်ရော၊ လည်ချောင်းနာပါ သက်သာစေနိုင်ပါတယ်။
[embed-health-tool-bmi]