အဓိပ္ပါယ်ဖွင့်ဆိုချက်
Lichen Planus (လိုင်ကန် ပလေးနက်စ်) ကဘာလဲ။
Lichen planus သည် အရေပြားနှင့် ခံတွင်းနံရံများတွင် ဖြစ်သော ရောဂါတစ်ခုဖြစ်သည်။ များသောအားဖြင့် ၁၀ နှစ်ခန့်ကြာတတ်ပြီး အသက် ၃၀ – ၆၀ ကြားတွင် တွေ့ရ၏။
အရေပြား၌ Lichen planus များသည် သေးငယ်၊ ယားယံ၊ အနီခရမ်းရောင်၊ ထိပ်ချိုင့်သည့် အဖုလေးများအဖြစ် လက်ဖျံနှင့်ပေါင်တို့တွင် ပေါ်လာတတ်သည်။ ခံတွင်း၌ (များသောအားဖြင့် ခံတွင်းမှ Lichen planus ဟုခေါ်သည်)ဖြစ်လာပါက ပုံစံနှစ်မျိုးရှိသည်။
- Reticular Lichen planus သည် အဖြူရောင်လိုင်းများသည် ဇာကွက်ပုံစံအတိုင်း ပေါ်လာတတ်ပြီး ပါးစောင်၊ သွားဖုံးနှင့် လျှာတို့တွင် ဖြစ်တတ်၏။ များသောအားဖြင့် ဤ Lichen planus ပုံစံများသည် ကုသရန်မလိုအပ်ပါ။ လက္ခဏာပြသည်မရှိသလို နာကျင်မှုကိုလည်း မဖြစ်စေပါ။
စားသော Lichen planus များကတော့ နာကျင်မှုကိုဖြစ်စေပြီး ခံတွင်းနံရံများအား တိုက်စားတတ်ပါသည်။ Reticular ပုံစံကဲ့သို့ပင် ထိုအနာများသည် ပါးစောင်၊ လျှာနှင့် သွားဖုံးများတွင် ဖြစ်တတ်သည်။ တိုက်စားသော Lichen planus သည် များသောအားဖြင့် ကုသရန်လိုအပ်၏။ ဆရာဝန်သည် အာနိသင်ကောင်းသည့် အရောင်ကျလိမ်းဆေးများအားပေးပြီး နာကျင်မှုကို သက်သာစေရန် လုပ်ပေးပါလိမ့်မည်။
Lichen Planus (လိုင်ကန် ပလေးနက်စ်) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။